Unicode
အော် ဆူညံသံတွေ အရေးပေါ်ကားအသံနဲ့ အတူ သွေးတွေ အပြည့်နဲ့ လဲကျနေတဲ့
ထိုကောင်လေး သူ့လက်ထဲက ပန်းရောင် နှင်းဆီပန်းလေးက အခုတော့ သွေးတွေနဲ့ဖုံးလွှမ်းကာ အနီရင့်ရင့် နှင်းဆီအဖြစ် အမွှေးပွပွ အညိုရောင် ၀က်ဝံလေးက
သွေးအိုင်ထဲ၌သာ လဲလျောင်းလျက်
သူ့ရဲ့ မျက်လုံးတွေက ထိုအဖြူရောင် ကားေလးေရှ့၌ မလှုပ်မယှက် လဲကျနေသည့် ထိုကောင်လေးဆီ
သွေးအိုင်ထဲရှိ ထိုကောင်လေးက မလှုပ်မယှက်ရပ်နေတဲ့ သူ့ကိုသာ ကြည့်ရင်း တီးတိုးပြောသည်
အဆင်ပြေပါတယ် တဲ့ ထိုကောင်လေးရဲ့
နှုတ်ခမ်းပါးကလှုပ်ရုံသာေပြာတဲ့
အသံတိတ်စကားကြောင့်
သူ မျက်လုံးထဲကနေ ပါးပြင်တစ်လျှောက်စီးကျသွားတဲ့ ပူနွေးနွေးအရည်တွေ“ မဟုတ်ဘူး ”
ရုတ်တရက် သူ အော်နေမိသည် သို့သော် အားလုံးရဲ့ အာရုံတွေက သွေးအိုင်ထဲရှိမလှုပ်မယှက်
ထိုကောင်လေးဆီ၌သာ မကြာခင် သူ့ရဲ့ အမြင်တွေဆီကနေ ရုတ်တရက်ကျဆင်းလာတဲ့ မိုးရေစက်တွေ အရေးပေါ်ကားနဲ့အတူ ပျောက်ကွယ်သွားတဲ့ထိုကောင်လေး သူအရုပ်ကြိုးပျက်တရုပ်လို
ထိုနေရာမှာ ထိုင်ချလိုက်ကာ ကောင်းကင်ကြီးကိုသာ
မော့ကြည့်မိသည်သူ့ရဲ့ ခံစားမှုတွေကို ထိုမိုးကောင်ကင်ကြီးက ပုံဖော်ပေးသဏ္ဌာန် မဲမှောင်မှုတွေနဲ့အတူ ချက်ချင်း ကျဆင်းလာတဲ့ မိုးရေတွေ ထိုမိုးခြိမ်းသံတွေနဲ့ အပြိုင် သူ အော်ဟစ်ငိုကြွေးနေမိသည် တစ်နေရာမှ ပြေးလာသည့် ဆံပင်ဖြူ တွေနဲ့ အနောက်တိုင်း အမျိုးသားတစ်ဦးက စိုးရိမ်ထိတ်လန့်သည့် သွင်ပြင်ဖြ့င်ပြေးလာကာ ဆွဲထူတော့ သူ တွန်းထုတ်ပစ်သည်
မိုးရေတွေနဲ့အတူ သူ့ရဲ့ မျက်ရည်တွေ မိုးခြိမ်းသံတွေနဲ့အတူ သူ့ရဲ့ ငိုကြွေးအော်ဟစ်သံတွေက ရောပါလျက် ဘေးနားက မိုးရေထဲ တရွေ့ရွေ့ ဖြတ်သွားကြသည့် ပုံရိပ်တို့သည်လည်း နားမလည်နိုင်သည့် မျက်လုံး ထူးဆန်းသည့် အကြည့်တစ်စုံ အချို့သည်လည်း အခြေအနေကို နားလည်သွားသည့်မျက်လုံး သနားမိသည့် မတူညီသည့် အကြ့ည့်တစ်စုံစီဖြင့် သူ့ကို ကြည့်နေရုံသာ
YOU ARE READING
🌹𝐋𝐚.𝐕𝐢𝐞.𝐞𝐧.𝐑𝐨𝐬𝐞၊🌹 (နှင်းဆီရောင်ကမ္ဘာငယ်)
Romanceမင်းရဲ့ အတ္တရယ် ငါ့ရဲ့မာနရယ် သနားစရာ ငါတို့ကြားက ချစ်ခြင်းတရားရယ်