ချစ်ခြင်းမေတ္တာတွေဟာ သိပ်ကို အပေါစားဆန်တယ် လို့ မှတ်ယူဖူးတယ် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုလေး ဖြစ်တဲ့မောင့် ကိုမတွေ့ခင်ထိပါဘဲ မောင်က
သူသိပ်သဘောကျတဲ့ စတော်ဘယ်ရီ လေးလိုဘဲ
အမြဲချိုနေတာမျိုး မဟုတ်ဘဲ အချဉ်ဓာတ်လေးလဲရှိတယ် ချဉ်လိုက်တာဆို မစွန့်ပစ်နိုင်သလို စားရင်း
စားရင်း နဲ့ဘဲ အဆက်မပြတ်စားချင်နေတာမျိုး
အဲ့လိုဘဲ မောင်က တစ်ခါတစ်လေ ကျွန်တော့်အပေါ် မုသားလှလှတွေ သုံးတယ် ဘ၀မှာ အမုန်းဆုံးက လိမ်ညာခြင်းဘဲ ဒါပေမဲ့ မောင့်ရဲ့လိမ်ညာခြင်းတွေက
လှပလွန်းလို့ အမြဲတမ်းအလိမ်ခံချင်နေတဲ့ထိ
အနားမှာ အမြဲထားချင်မိတဲ့ထိ မောင့်အပေါ် ကျွန်တော်စွဲလန်းတယ် မညာပါဘူး ဒါက ချစ်တယ်ဆိုတဲ့ အရာသာ မှန်မယ်ဆို ကျွန်တော် မောင့် ကို ကျွန်တော့်ဘ၀ ထက်ပိုချစ်တယ် မောင်က ကျွန်တော့်ရဲ့ ပိုင်ဆိုင်ရာလေး ............
စတော်ဘယ်ရီတွေက အမြဲချဉ်နေတာမှ မဟုတ်ဘဲ သူတို့မှာ ချိုနေတဲ့ အပိုင်းတွေလည်းရှိသးတယ်မလား
..................ငါ ကတော့ကန့်ကွက်တယ် !
စားပွဲခုံအား ခပ်ပြင်းပြင်းထုကာ တစ်ယောက် တစ်သံ ကွဲပြားစွာ ငြင်းခုံနေသော စကားဝိုင်းအား ဖြိုခွင်းလိုက်သည်ထိုသူ့အား ထောက်ခံသောအကြည့် စိတ်ရှုပ်နေသော အကြည့် ဖြင့် စကားဝိုင်းမှ လူအားလုံးသည် တိတ်ဆိတ်သွားကာ ကြည့်နေမိသည်
ဆူညံနေသည့်တိုင် ယခု တိတ်ဆိတ်သည့်တိုင် ပတ်၀န်းကျင်အား အလေးမထားကာ ဇိမ်ခံခုံအား မှီကာ မျက်လုံးတွေကို မှိတ်ထားသူလဲရှိနေသေးသည်
" ခု သူဌေးPark ဆုံးသွားတာ တစ်လပြည့်ပြီ ငါကတော့ နောက်ဆက်ခံမဲ့ ခေါင်းဆောင်က အရည်အချင်းရှိတဲ့သူ ငါတို့အားလုံးကို ကာကွယ်နိုင်မဲ့လူ ဒီအဖွဲ့အစည်း ကိုဆက်ပြီး တိုးပွါးစေချင်တဲ့သူဘဲ ဖြစ်စေချင်တယ် "
ထိုစကားဝိုင်းအားတိတ်ဆိတ်သွားစေခဲ့သောလူက ပြောသည် အချို့သည်လည်း ခေါင်းတငြိတ်ငြိတ် အချို့ကလည်း မျက်နှာရှုံကာ ထိုသူအား ကြည့်နေပြန်သည်
" အရည်အချင်း ? ကာကွယ်ပေးမဲ့လူ ? ဟား စကားအပိုတွေပြောနေတာဘဲ သူဌေးချွဲ အသက်ကြီးလာလို့တူတယ် ပေါက်ကရစကားတွေပြောတတ်လာပီနော်
ဒါက နိုင်ငံ့ ကာကွယ်ဖို့ စစ်ထွက်တိုက်
ပရဟိသ လုပ်နေတဲ့အဖွဲ့အစည်းထင်နေတာလား ဒါက မြေအောက်လောက Mafia ဂိမ်းမဟုတ်ဘူး တကယ့်လောက အဓိက က ခင်ဗျားအိတ်ထဲ ငွေတွေ၀င်နေဖို့ဘဲ လေ တော်စမ်းပါဗျာ "
YOU ARE READING
🌹𝐋𝐚.𝐕𝐢𝐞.𝐞𝐧.𝐑𝐨𝐬𝐞၊🌹 (နှင်းဆီရောင်ကမ္ဘာငယ်)
Romanceမင်းရဲ့ အတ္တရယ် ငါ့ရဲ့မာနရယ် သနားစရာ ငါတို့ကြားက ချစ်ခြင်းတရားရယ်