အပိုင်း(၁)
"သက်ရေ ဒီမှာ ဖိုင်လေးလာစစ်ပေးပါအုံး ”
"ဟုတ်ကဲ့မစု”
သက်ဆိုတဲ့သူမသက်ထက်ခိုင်က အမှန်တော့ Perfect ကုမ္ပဏီကြီးမှာအကူတစ်ယောက်သာပေ။
သူမအသက်က၁၉နှစ် chemistry တတိယနှစ်ကျောင်းသူ။
သက်ကနာမည်နဲ့လိုက်အောင်ထက်မြတ်သည်။
သူမနှင့်တူတူဆယ်တန်းအောင်သောသူငယ်ချင်းများdayတက်နေချိန်သူမက အဝေးတက်ပြီးအလုပ်သင်ဘဝနှင့်ကြိုးစားနေသည်။
သူမကမိသားစုမတက်နိုင်၍ dayမတက်သည်မဟုတ်။
သူမကစီးပွားရေးလုပ်ရတာအလွန်မင်းစိတ်ဝင်စားသည်။
သူမကစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ချင်သည်။
သူမမိခင်ကအထည်ဆိုင်ကြီးကိုဒိုင်အနေဖြင့်သူမတို့မြို့လယ်တွင်ဖွင့်ထားသည်။
သူမကမိဘဆီကလည်းလက်ဖြန့်မတောင်းချင်သူ။
သူ့လုပ်အားဖြင့်သာသူသုံးစွဲလိုသူ။
သူလုပ်အားခကိုသာခုန်မင်သူ။
သူမကeconomicပိုင်ကိုစိတ်ဝင်စားမှုပြင်းပသူတစ်ယောက်ဟုဆိုလျှင်ပိုမှန်မည်။ရုံးမှာဆိုသက်ထက်ကအငယ်ဆုံးအသွပ်ဆုံးပေါ့။သက်ထက်ကကိုယ့်အလုပ်တင်မကဘူးသူများအလုပ်တွေပါဝင်လုပ်ပေးတက်တယ်။ဒါကိုသူမပြန်လည်လေ့ကျင့်တယ်လို့ပဲမှတ်ယူထားတယ်။
"သက်ရေ ကူညီပါအုံးနော် မစု အိမ်ကအရေးကြီးလို့လာခိုင်းနေလို့ ဂျာကြီးကလည်းညနေအမှီတင်ခိုင်းနေလို့ပါနော်။”
"ရပါတယ်မရဲ့ သက်ကူညီမယ်လေပေးဖိုင်”
သင်ဖိုင်တွဲများကိုယူကာသူမစားပွဲဆီသို့ပြန်လာခဲ့သည်။
🚎🚎🚎
ညနေ၄နာရီရုံးဆင်း၍သက်ထက်အိမ်သို့ပြန်လာခဲ့သည်။ဖယ်ရီက သက်ထက်ရဲ့တစ်ထပ်လုံးချင်အိမ်လေးရှိရာသို့ပို့ဆောင်ပြီးပြန်လည်ထွက်ခွာသွားလေသည်။
သက်လည်းအိမ်ထဲဟင်ကာ စလင်ဘတ်အိတ်ထဲမှာသော့တွဲလေးယူကာ သော့ဂလောက်ကိုဖွင့်၍ ဝင်လာခဲ့သည်။
သက်ရေမိုးချိုးအဝတ်အစားလဲပီး၍ သက် မေမေ၏ အထည်ဆိုင်ရှိရာသို့ လာခဲ့သည်။
သက်တို့ဆိုင်ကအိမ်ရဲ့တစ်လမ်းကျော်လမ်းမကြီးတွင် တည်ထားသည့်အတွက် လမ်းလျှောက်သွားရုံဖြင့်ရောက်သည်။
သက်က ပြန်ရောက်တာနဲ့ရေမိုးချိုးပြီး မေမေရေပြန်ချိုးလို့ရအောင်ဆိုင်သွားစောင့်ပေးရသည်။
မေမေကထမင်းဟင်းချက်ရေမိုးချိုးပြီးပြန်လာလျှင်နှစ်ယောက်အတူထိုင်ပြီး ဆိုင်သိမ်းလျှင်သက်ဖေဖေကကားဖြင့်လာကြိုသောအခါ အိမ်ပြန်လေ့ရှိသည်။သက်ကအိမ်ရောက်တာနဲ့
ည၈ခွဲလေ့ရှိပြီ ရုံအလုပ်များကို၁၀ခွဲထိလုပ်လေ့ရှိသည်။