အပိုင်း(၂)
ရှား ဝေယံ၏ အားပါပါရှိက်ချက်ကြောင့် သတိမေ့သူအလားဖြစ်နေရာမှ သတိရသွားသည်။
"အား အမ်း အင်”
လူကသာအင်နေပေမဲ့ ထိုနေကာမှမရွေ့ဘဲ ရပ်နေဆဲရှားကို ဂုတ်မှဝေယံဆွဲခေါ်လာခဲ့သည်။
ဆိုင်ရေဗ့ထိရောက်လာမှ ရှား သူမပုံရိပ်ပျောက်သွား၍ ဆွဲခေါ်လာသောဝေယံကိုဒေါသထွက်ရမှန်းသိတော့သည်။"ဟျောင့် ခွေးကောင်လွှတ်တော့
မသာ ခဏကလည်း ငါ့ကိုဆော်သွားသေးတယ် ဟိုတစ်ယောက်ရှေ့မှာမို့ နမို့ဆိုမင်းမလွယ်ဘူး”"ငါ့ကိုဘာမှအပြစ်လာမပြောနဲ့
မင်းကလည်း သိက္ခာလေးဘာလေးထိန်းအုံးမှပေါ့ကွ
ငါသာ ဆွဲမခေါ်လာရင် မင်းဒီနေ့ဆိုင်ထဲကထွက်မဲ့ပုံမပေါ်ဘူး”"ဒါကတော့ကွာ ငါက သူမကအရမ်းလှတော့”
"တော်ပါကွာ ကြောင်ရင်ကြောင်တယ်ပေါ့”
"ကြောင်တော့ ဘာဖြစ်လဲကွာ ငါဘာငါကြောင်တာ မင်းစီးပွားရေးဒုတ်နဲ့တက်ထိုးနေလို့လား”
"မဟုတ်ဘူး မီးနဲ့ပါတက်ရှို့တာ”
"မသာ တော်ပြီးမင်းနဲ့ဆက်ပြောရင် လေကုန်တာပဲအဖက်တင်တယ် ပြန်မယ်”
"ငါကြောင့်လည်း မင်းကံကောင်းသွားသေးတာထည့်ပြောအူံး”
"မင်းကရစ်တယ်ကွာ လစ်စရာရှိသေးတယ် မြန်မြန်ဒိုးမယ်”
ရှားတို့နှစ်ယောက်ဆိုင်ကယ်အုပ်ထုတ်ကိုယ်စီဆောင်ကာ ဆိုင်ကယ်ပေါ်တက်ခွလိုက်သည်နှင့် ဘေးမှဖြစ်သွားဖြစ်လာမိန်းကလေးများ၏အကြည့်ဖြူဖွေးသန့်ပြန့်နေပြီ စမတိကျလှသောရှားဆီကမလွှဲနိုင်ကြတော့။
ရှားလည်း စက်နိုးကာ မောင်းထွက်လာလိုက်သည်။
ရှား ဆိုင်ကယ်ပေါ်မှ သူမဆိုင်လေးကို ငေးကြည့်ရင်း တဖြည်းဖြည်းဝေးကွာသွားသည်။သက် ခုဏကလူ သက်ကို ကြည့်နေတာ သူစလာတည်းကစိသည်။.သိူ့ပေမဲ့သက်ဂရုမစိုက်အားပါ။
သူသက်ကိုလိုက်ကြည့်နေတာ ဘေးကသူ့သူငယ်ချင်းတောင်ရိပ်မိတာသက်သိသည်။
သက်သူ့အကြည့်တွေကြောင့်ရင်မခုန်ပါ။
သက်ဘဝမှာ အကြည့်ခံရပေါင်းလည်းများနေပေပြီ။
အစတုန်းကဆိုတစ်ယောက်ယောက်ကသက်ကိုကြည့်နေလျှင် သက်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတက်သည်။
ကြာလာတော့ သက်ယောက်ကျားတွေအကြောင်းတဖြည်းဖြည်းသိလာရသည်။ ကျားဆိုတာမျိုးက ဘယ်အစာမှမရှောင်ပေ။
ရရင်ရသလောက်ငမ်းနေမှာပဲလေ။
သက်လည်း အဲ့လိုအရာတွေကိုသိနေ၍ မဖြုန်တော့ပေ။
သက်တစ်ခုသူ့ကိုကြည့်တုန်းသတိထားမိသည်က အရောင်လဲ့နေသောသူရဲ့မျက်လုံးများသာ ။
ခုဏကလူကချောပြီးဆိုက်မိုက်သည်။
သူ့အကြည့်တွေကလည်း တောက်ပနေသည်။
ဒါပေမဲ့သက်ကို ရင်ခုန်အောင်သူမလုပ်နိုင်ပေ။