အပိုင်း(၇)
တုန်ုတန်ရီရီနှင့်သက်က
"ရှား ငါဆက်မကြည့်ချင်တော့ဘူး ပြန်ချင်တယ်…_”
အသံတုန်ရီစွာ သက်ဆိုလိုက်သည်။
"မသက် ကြောက်လို့လားမကြောက်နဲ့တော့ ဟိုမှာ အဲ့အခန်းပြီသွားပြီး ကြည့်ကြည့်လိုက်သည်။”
"မကြည့်ဘူး”
"ကြည့် ကြည့်ပါမသက်ရယ် ဘာမှမဖြစ်တော့ဘူး”
ရှား နားကိုပိတ်ထားသောသက်လက်နှစ်ဖက်ကို ဆွဲယူကာမျက်လုံးဖွင့်ခိုင်းနေသည်။"မကြည့်ပါဘူးဆို နင်ကလည်း”
"မ ကြည့်ကြည့် ကျွန်တော်တကယ်ပြောတာ ကျွန်တော့ကိုယုံရင်တချက်လောက်ဖွင့်ကြည့်လိုက်။”
သက်သူ့စကားကြောင့် မျက်လုံးများကိုအသာအယာဖွင့်ကြည့်တော့ ဟိုလူသတ်သမားမရှိတော့ပေ။
"ဟူး....”
အဲကွန်းခန်းထဲ ချွေးစအနည်းငယ်စို့နေသောသက် သက်ပြင်းမောကြီးချလိုက်သည်။
"တွေ့လား ကျွန်တေယ်ပြောသားပဲ မရှိတော့ပါဘူးဆို”
"နောက်ပေါ်လာရင်ဘယ်လိုလုပ်မလဲ
တော်ပြီး ငါမကြည့်တော့ဘူး ငါအရင်ပြန်မယ် နင်တို့ဆက်ကြည့် ”သက်ပြောပြောဆိုဆိုနှင့် မတ်တပ်ထရပ်လိုက်သည်။
ထို့နောက်ရှားရှေ့ကနေအပြင်ထွက်ဖို့ပြင်လိုက်သည်။
ထိုစဉ်။အူ......
"အမေ....့”
ခွေးအူသံကြီးက ကျယ်လောင်စွာပေါ်ပေါက်လာသလို ရယ်သံခြောက်ကပ်ကပ်များကပါခြောက်ချားဖွယ်ကပ်ပါလာသည်။
ထိုကြောက်ဒူးတုန်ကာ မခိုင်တော့သောခြေထောက်များကြောင့် ရှားပေါ်သို့လဲပိုကျသွာရသည်။ရှားကလည်း အလိုက်သင့်လေးထိန်းပေးလိူက်၍ သက်ကရှားပောင်ပေါ်သိုထိုင်ရက်လေးတစောင်းဖြစ်သွားပြီး ထိန်းပေးထားတဲ့ရှားလက်တွေက သက်ကိုဖက်ထားသဖွယ်ဖြစ်သွားရသည်။
မှောင်နေသည့် အတွက်သူတို့နှစ်ယောက်ကိုမည်သူမျှမမြင်သလို ဇာတ်ကားပေါ်အာရုံကျနေ၍ မည်သူမျှဂရုမမှုမိ။
သို့သော် နောက်တန်းမှသူတို့အရိပ်အခြေကြည့်နေသည်ယမင်းနှင့်ဝေယံကတော့ ပြုံးစိစိကြီးတွေဖြစ်ကုန်သည်။