အပိုင်း(၈)
"ဟုတ်ပါ့ ဘယ်လိုတွေတောင်ဆန်းကျယ်တာလား”
ရတီစကားကိုမေဖြိုးကပါ ဝင်၍ လိုက်ပါဆိူလေသည်။
ရှားရှေ့မှာထိုင်နေတဲ့ သူရဲ့မဟေသီကတော့ ဘာမျှဝင်မပြောဘဲ တစ်ယောက်ပြောရင်ထိုတစ်ယောက်ကိုလိုက်ကြည့်နေလေသည်။"ဟဲဟဲ အလကားဒီကောင့်လျှောက်နောက်နေတာ ကျွန်တော်က အားလုံးနဲ့ခင်ခင်မင်မင်နေချင်လို့ အပျော်သက်သက်မုန့်လိူက်ဝယ်ကျွေးတာ”
"ဩ. မသိပါဘူး ထင်တာက...”
မေဖြိုးက သက်ဘက်မျက်စိခပ်ဆွေဆွေရွေ့ကာ ရိသဲ့သဲ့နဲ့စကားကိုရှေ့မဆက်ဘဲ အသံကိုဆွဲ၍ပြောနေလေသည်။
မေဖြိုးကဲ့သို့ပင်ကျန်ရှိနေသောသူများကပါ သက်ကိုခပ်ရွယ်ရွယ်ကြည့်နေကြလေသည်။
သက်လည်းမေဖြိုးတို့အကြည့်ကိုရိပ်မိ၍ မျက်နှာကိုတဘက်သို့ ခပ်ပုတ်ပူတ်ဖြင့်လွှဲလိုက်ရသည်။
သို့မှသာသက်စိတ်ဆိုးတာသိပြီး ထပ် မစလာမှာ။"ဒီကောင်သက်သကလျှောက်ပြောနေတာပါဗျာ ကျွန်တော်က အားလုံးနဲ့ပိုပြီးခင်မင်မှုရချင်လို့ ကျွေးတာပါ”
"ဟုတ်လို့လား အားလုံးနဲ့ဆိုတာ သီးသန့်တစ်ယောက်ကိုပဲခင်ချင်လို့မလား”
ရတီ၏ ရွဲ့သံပါပါစကားဖြင့် ရှားကိုဆိုလိုက်သည်။
"မဟုတ်ပါဘူးဗျာ အားလုံးကိုတကယ်ခင်ချင်လို့ပါ”
ရှားက လက်နှစ်ဖက်ကို အနည်းငယ်မ၍ တကယ်ဟူသည့်အမူအရာဖြင့် အောက်သို့လက်နှစ်ဖက်ကိုချပြလေသည်။
"ဟုတ်ပါပြီး မေဖြိုးတို့ကလည်းခင်လို့စနေတာပါ”
"ဟုတ်ကဲ့ ခုလိုခင်ပေးလို့ ကျေးဇူးပါဗျာ ကဲ ကြိုက်တာမှာကြဗျာ ကျွန်တော် ဒီနေ့ဒကာခံမယ်”
"ရက်...”
ယမင်းတို့အားလုံးလှုပ်လှုပ်ရွရွဖြစ်လာကြကာ မီနူးစာရွက်ကို လုယူ ရပ်နေသောဝိတ်တာလိုက်မမှတ်နိုင်အောင် မှာနေကြလေသည်။
သက်ကတော့ သက်ကြိုက်တဲ့ ဖားကပေါင်တစ်ပွဲနှင့် သံပုရာရည်တစ်ခွက်သာမှာလိုက်သည်။ဝိတ်တာ အစားအသောက်တွေချအပြီး အားလုံးက စားလိုက် စကားစနောက်ပြောလိုက်ပြီး ဆိုင်လေးထဲ ဆူဆူညံညံဖြစ်လာတော့သည်။