ကာရံမညီသောတေးသွား
ဇာတ်သိမ်းပိုင်းရှားက တစ်ပတ်ပြည့်တော့ VIPအခန်းကိုပြောင်းထား၍ သက် ရှားရှိသည့်အပော်ထပ်အခန်းဘက်သို့ရုံးဆင်းတာနှင်ေ့ဆးရုံလာကာတက်ခဲ့လိုက်သည်။
ရှားအခန်းရှေ့ရောက်မှ တွန့်နေသော အင်ကျီကို ဆွဲဆန့်လိူက်ပြီး ဆံပင်ကိုသက်ကာ
တံခါးခေါက်လိုက်သည်။"ဒေါက် ဒေါက်...”
ရှား ကုတင်ပေါ် ခြေချိတ်လှဲကာဂိမ်းဆော့နေရာ တံခါးခေါက်သံကြား၍
သူသိလိုက်ပါပြီးဒီချိန်က မ လာနေကျအချိန်။
ရှားကမန်းကတန်း ဖုန်းကိုခေါင်းအုံးအောက်ဖွတ်ကာ ခေါင်းကိုလွှာခြုံလိုက်ပြီး
ချောင်းသံပြုလိုက်သည်။"အဟမ့် ဘယ်သူလဲ”
သိရဲ့သားနှင့်မသိချင်ယောက်ဆောင်ကာ ဟန်လုပ်အသံပြုလိုက်သည်။
"ငါပဲ ရှား”
"ဩ မလား
ဝင်ခဲ့လေ
မ”ဂျလောက်
ဂျွီ....တံခါးကိုအသာတွန်းဖွင့်လာသည့် မ က အပြာရောင်ဇာဝမ်းစက်ခါးတိုလေးနှင့် အလွန်လှပနေပါသည်။
နတ်သမီးလေးတစ်ပါးနတ်သက်ကြွေလာလေသလားဟုပင်အောင့်မေ့ရပါသည်။
ကြွေပြီးမရယ်"ရှား.ခြေထောက်သက်သာရဲ့လား ”
သက် စလင်ဘတ်အိတ်ကိုချကာ ရှားကိုစကားဆိုသည်။
ရှားက မျက်လုံးအနည်းငယ်ကစားကာ"ဗျာ မသက်သာသေးဘူးထင်တယ်
အာ ...
ခုတောင်ကိုက်နေတယ်”"ဟင် ဟုတ်လား ဘယ်နားကလဲ”
သက်ကုတင်ခြေရင်းသို့အလျင်ဝင်ထိုင်ကာ ခြေထောက်ကိုကြည့်ရန်စောင်ဆွဲလှန်လိုက်သည်။
"ဟင် အရောင်တော့လျော့နေပါပြိး”
"အရောင်ပဲလျော့တာ နာတာမလျော့သေးဘူးမရဲ့”
ရှားကမျက်နှာကိုရှုံမဲ့ကာညည်းတွားသည်မို့ သက်လည်းစိုးရိမ်မိကာချက်ချင်းထရပ်၍
"ဟင် နာနေသေးတါလားဟင်
ဒါဆိုလည်းငါ နာစ့်သွားခော်ပေးမယ်”"အယ် မခေါ်နဲ့တော့မ”
သက်လက်ကောက်ဝတ်ကိုအမြန်လှမ်းဆွဲကာတားလိုက်သည့်ရှား