အပိုင်း(၁၁)
"Youare the shawdow to my life📲📲📲
သက် ဖုန်းမြည်နေပေမဲ့မကြည့်ဘဲ ဖုန်းကို မှောက်ထားပြီး အလုပ်ဆက်လုပ်နေလိုက်သည်။
သက်ခမျာ ပြန်လာတည်းက သူ့လုပ်ရက်ကိုတွေးမိတိုင်း စိတ်တိုဒေါသထွက်ရသလို ရှက်လည်းရှက်မိပြီး ငိုမိသည်။
မေမေတို့ပြန်လာချိန်နီးမှ အငိုရပ်ပြီး ရေချိုးခန်းဝင်ခဲ့တာ။
သက်ထမင်းစားပြီးလို့ အခန်းထဲပြန်ဲရောက်တည်းက
တကွန်ကွန်နဲ့မြည်နေတဲ့ဖုန်း။
ခုည၉ခွဲတဲ့ထိ မတိက်နိုင်ဘဲ နှောင့်ယှက်နေတာ
ခု လူကိုယ်တိုင်စိတ်ဒုက္ခပေးတာမလောက်လို့ ဖုန်းနဲ့ပါ နှိပ်စက်နေတာ။
မုန်းဖို့ကောင်းလိုက်တာ"ကျစ် ဖုန်းတွေခေါ်နေတာ သေမို့လား”
ဖုန်းကိုကိုင်ပြီး screen ပေယ်နေတဲ့ မူန်းစရာနာမည်ကိုကြည့်ကာရေရွက်လိုက်သည်။
အဲ့နာမည်မြင်ရင် ပုံရိပ်တွေကပြန်ပေါ်လာလိူ့ နုတ်ခမ်းလေးကိုပြတ်ထွက်မတက်ကိုက်ကာ ဒေါသပြန်ထွက်ရသည်။📲📲You are the shadow. to my life🎶🎶🎶🎶
ဒေါက်ဒေါက်
"သမီးသက်ရေ ဖုန်းမြည်နေတယ်လေ ကိုင်လိုက်ပါလား
သမီးမေမေ ဘုရားရှိခိုးနေတယ် အသံသိမ့်ပေးမဆူနဲ့လေ”ဟာ ဟုတ်သားပဲ မေမေကကိုးနာရီဆို ပဠာန်းရွက်နေကျ ဘုရားစင်က ဧည်ခန်းမှာ သက်အခန်းနဲ့ကပ်လျက်မို့ မေမေဘုရားရှိခိုးတာအနှောင်အယှက်ဖြစ်နေလိမ့်မည်။
သက်လည်း ကိုယ့်အပူနဲ့ကို ဖြစ်နေတော့ ဘာမှသတိမရလိုက်ပါ။"ဟုတ် ဖေဖေ ”
"အေအေ”
သက် ဖေဖေကတော့ မိုးချုပ်ခါနီးတိုင်း အိမ် ထဲမှာပဲခေါက်တုံခေါက်ပြန်ပတီးစိပ်သူမို့ ခုလည်း ခြေသံဖွဖွလေးကြားနေရတာ ဖေဖေခြေသံမှန်းသိလိုက်သည်။
ကိုင်လျက်သားဖုန်းကို ကြည့်ပြီး"ကျစ် အယုတ်တမာကောင် အရှက်မရှိ ဖုန်းခေါ်ရဲသေးတယ် တွေ့မယ် ငါနဲ့”
သက် ဖုန်းscreenမှအစိမ်းလေးကိုရွေ့ကာ နားနားကပ်လိူက်သည်။
"ဟယ်လို မ”
သက်ကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ အသံကြောင့် နုတ်ခမ်းကိုအားပါပါမဲ့ချလိုက်သည်။