[ 2 ]

379 39 14
                                    

ဂျောင်ကုတစ်ယောက်လည်း သူ့ခုံမှာထိုင်ပြီး
သူ့အမှတ်စာရွက်ကိုကြည့်ပြီးတော့ ပြုံးနေတာပေါ့
သူ့အမှတ်ကဒီတစ်ခါ ထယ်ယောင်းထက်များမလားပေါ့
ခေါင်းကို မသိမသာလေးလှည့်ပြီး မျက်စိဒေါင့်ကနေ
ထယ်ယောင်းစာရွက်ကိုကြည့်တော့အမှတ်100တဲ့
ချီးဘဲနှစ်မှတ်ကွာတယ်ကွာ ဟိုကောင်သိရင်
ပြောခံရအုံးမှာ။

ဂျောင်ကုလှည့်ကြည့်လာတာကို မြင်လိုက်တဲ့
ထယ်ယောင်းတစ်ယောက်ကတော့ ပြုံးပြုံးကြီးဖြစ်နေတယ်။

"ဘယ်လိုလည်း ဂျောင်ငကုရေ ဒီတစ်ခေါက်တော့
ငါနိုင်ပြီ ဟက်~"

အဲ့တာကိုကြားတဲ့ဂျောင်ကုကအနောက်ကို
လှည့်လိုက်ပြီး စကားစလိုက်တယ်။

"တစ်ခါလေးဘဲကို ကြီးကြီးကျယ်ကျယ်
လုပ်မနေစမ်းပါနဲ့~"

"ဘာလည်း ငါ့ဆီမှာရှုံးတာမကျေနပ်သေးဘူးလား~"

"ဟားဟား မင်းကဟာသအရမ်းပြောတာဘဲ
ထားပါတော့ နောက်တစ်ခေါက်ပြိုင်မယ်လေ~"

"ဟက် အေဘာပြိုင်မှာလည်း မင်းဘက်ကစပြီး
စိန်ခေါ်တယ်ဆိုတော့ စိတ်ဝင်စားစရာ~"

"ငါတို့ကျောင်းမှာ Jung Y/N ဆိုတဲ့တစ်ယောက်
ကိုမင်းသိတယ်မလား~"

"အေသိတယ်လေ~"

"သူက ဒီကျောင်းတက်လာတဲ့တစ်လျှောက်လုံး
ရည်းစားမထားတဲ့ ကျောင်းရဲ့ပန်းပွင့်လေးလေ
အဲ့တစ်ယောက်ကို ရအောင်လိုက်ကြေးကွာ ဘယ်လိုလည်း~"

"မင်းနည်းကလည်း ပျင်းစရာကောင်းလိုက်တာ~"

"ဟက်ဘာလည်း ရှုံးမှာကြောက်လို့လား~"

ထယ်ယောင်းလည်း ဂျောင်ကုကော်လံစကို
ဆွဲပြီးသူ့မျက်နှာနားကပ်လိုက်တယ် အခု
သူတို့နှစ်ယောက်က 2လက်မလောက်ဘဲခြားနေတဲ့
အခြေအနေကြီး။

"ကင်မ်ထယ်ယောင်းရဲ့ သမိုင်းမှာရှုံးတယ်ဆိုတာမရှိဘူး~"

နီးနီးကပ်ကပ်လေး အခြေအနေမှာ ဂျောင်ကုတစ်ယောက် တစ်ကိုယ်လုံး ပူထူသွားနယ်
ထိုအချိန် ဂျီမင်နဲ့နမ်ဂျွန်းတို့ဝင်လာပြီး သူတို့နှစ်ယောက်ကို
ခွာလိုက်တယ်။

𝚄𝚗𝚎𝚡𝚙𝚎𝚌𝚝𝚎𝚍 𝙻𝚘𝚟𝚎 (On going) Where stories live. Discover now