Time skip (ကျော်မယ်ခွမယ်)
ထယ်ယောင်းနဲ့ဂျောင်ကုက အခုဆိုရင်
ခင်လာတာတစ်လကျော်လောက် ရှိပြီ တစ်နေ့တခြား
ထယ်ယောင်းလည်းဂျောင်ကုကို ပိုပြီးချစ်လာတယ်
ဂျောင်ကုလည်း ထယ်ယောင်းအပေါ်မှာ ရင်ခုန်ပေမဲ့
သူ့ကိုယ်သူ သိပ်မသေချာဘူး တစ်ယောက်ကို
တစ်ယောက်လည်းချစ်တာ ဖွင့်မပြောကြဘူး~အခုလည်း ထယ်ယောင်းကဂျောင်ကုကို
ကျောင်းဂိတ်ဝမှာ စောင့်နေလေတယ် ခနနေတော့
ဂျီမင်တို့က ရောက်လာပြီး ဂျောင်ကုကိုတော့မတွေ့ဖြစ်
ထယ်ယောင်းလည်းဂျောင်ကု ဘာလို့မပါတာကို
ဂျီမင်တို့ကိုမေးကြည့်လေတယ်~"ဟေ့ ဂျီမင်ဂျောင်ကုရော~"
"မင်းဂျောင်ကုကို ရှာမနေနဲ့ သူမနေ့က
ရေချိုးတာနောက်ကျသွားလို့ အခုဖျားနေတယ်~""ဟင်!!သူကဖျားနေတာ~"
"အင်ဟုတ်တယ် ငါလည်းသွားကြည့်ပေးချင်ပေမဲ့
အတန်းချိန်ရှိသေးလို့ မသွားဖြစ်ဘူး အဲ့တာသူ့ကို
ခွင့်တိုင်ပေးမလို့~""အဲ့တာဆိုငါ့အတွက်ပါ ခွင့်တိုင်ပေးလိုက်~"
"ဟမ် မင်းကဘာလုပ်မလို့လည်း~"
"ဂျောင်ကုကို သွားပြုစုပေးမလို့~"
"အော်အင်အင် ဟေ့ခန~"
"ဘာလည်းဂျီမင်ရ~"
"သူကအိမ်မပြန်ဘူး သူ့တိုက်ခန်းမှာရှိတာ
အဲ့တာမင်းမသိမှာဆိုးလို့~""အော် ဒါနဲ့သူ့တိုက်ခန်းကဘယ်နားမှာ~"
"ကျောင်းနဲ့တော့ သိပ်မဝေးဘူး $#$¥££¥€
အဲ့နေမှာနေတာ သူကဖျားရင်အိမ်မပြန်တတ်ဘူး~""အဲ့တာကြောင့်မနေ့က သူ့ကိုမတွေ့တာကို
ကဲပါ ငါသွားပြီနော်~""အေအေ ဆေးတွေကောဝယ်သွားလိုက်အုံးနော်
အဲ့ကောင်တိုက်ခန်းမှာက ဘာမှမရှိဘူး~""အင်အင် ကျေးဇူးဂျီမင်~"
"မလိုပါဘူး~"
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Time skip (At the တိုက်ခန်း)
ဂျောင်ကုတစ်ယောက်လည်း တစ်ကိုယ်လုံး
နှုံးချီနေလို့ အိပ်ရာထဲကနေမထဖြစ် မနေ့က
ရေနောက်ကျမှ ချိုးတော့အခုကောင်းကျိုးပေးပြီ
အိမ်မပြန်ချင်တော့လို့ ကွန်ဒိုကိုဘဲလာလိုက်တော့တယ်
(ဂျောင်ကုက နည်းနည်းဆိုးပေမဲ့ အေးဆေးနေတတ်တဲ့
လူစားမျိုးထဲပါလို့ သက်သက်တိုက်ခန်းတစ်ခု
ဝယ်ထားတာပါနော် မသိမှာဆိုးလို့)
YOU ARE READING
𝚄𝚗𝚎𝚡𝚙𝚎𝚌𝚝𝚎𝚍 𝙻𝚘𝚟𝚎 (On going)
Fanfictionငါ့အတွက်ဆိုရင်မင်းဟာ ပထမဆုံး"အချစ်ဦး" လို့သာပြောရင် မင်းများယုံမလား ~ - ကင်မ်ထယ်ယောင်း -