[ 4 ]

224 33 10
                                    

ဂျောင်ကုတစ်ယောက် ထယ်ယောင်းနဲ့
စာကြည့်တိုက်ထဲမှာ မတော်တဆနမ်းပြီးကတည်းက
သူထယ်ယောင်းကို တတ်နိုင်သမျှရှောင်နေမိတယ်၊
ထယ်ယောင်းသူ့ကို လာလာစနေရင်တောင်
ပြန်ရန်မထောင်ဘဲငြိမ်နေလိုက်တယ် ဘာဖြစ်လို့လဲတော့
မသိပါ ဒါပေမဲ့ ထယ်ယောင်းနဲ့တွေ့တိုင်း ဂျောင်ကုရဲ့
ရင်ဘတ်ကအကောင်ပေါက်က ထိန်းမရနိုင်အောင်
ခုန်နေမိတယ်။

ပြတင်းပေါက်ဘက်ငေးနေတဲ့ ဂျောင်ကုကိုကြည့်ပြီး
ဂျီမင်တို့ ကြိတ်ရီမိနေတယ် ဒီကောင်အခုတလော
တော်တော်ငြိမ်နေတယ် အရင်ကဆိုတစ်ရက်လောက်
ထယ်ယောင်းနဲ့ ရန်မဖြစ်ရရင်မနေနိုင်ပါ အခုကြတော့
ရန်မဖြစ်တာနှစ်ရက်လောက် ရှိပြီ။

"ဟေ့ ဂျောင်ကု~"

"ဟင် ဘာလည်းဂျီမင်~"

"မင်းကိုကြည့်ရတာ အခုတလောတအားငြိမ်နေပါလား
လို့ ဘာလဲ ထယ်ယောင်းနဲ့ တစ်ခုခုဖြစ်ထားလို့လား~"

"မ....မဖြစ်ပါဘူး~"

"ငါ့ကိုမညာစမ်းပါနဲ့ စကားတွေလည်းထစ်နေတယ်
ပြီးတော့ မင်းမျက်နှာလည်းနီရဲနေတယ် ကြည့်ရပုံ
ဆိုရင် တစ်ခုခုတော့တစ်ခုခုဘဲ ဟင်းဟင်း~"

"ဟာ ဟိတ်ကောင် ငါကသူနဲ့ဘာဖြစ်ထားရမှာ~"

"မသိဘူးလေ မင်းဟိုနေ့စာကြည့်တိုက်ထဲကနေ
ထွက်လာကတည်းက ငြိမ်နေတာ သူမင်းကို
တစ်ခုခုလုပ်လိုက်လို့လား~"

"မ....မလုပ်ပါဘူး မင်းတို့ကဘာလို့လာမေး
နေတာလဲ~"

"ဒီတိုင်းပါဘဲ တစ်ခုခုမဖြစ်ရင်လည်းပြီးတာဘဲ
ငါသွားပြီ~"

"အင်...အင်~"
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

တဖက်မှာလည်း ထယ်ယောင်းတစ်ယောက်က
ဂျောင်ကုကို ပြန်စဖို့ကြံနေရင်သူ့မေးကို
ပွတ်နေရင်း ကျောင်းချယ်ရီပင်အောက်မှာ ထိုင်နေတယ်။

"ဟိတ် မင်းကဒီမှာကို ငါမင်းကိုလိုက်ရှာနေတာ
တစ်ကျောင်းနှံ့နေပြီ ဟောဟဲ~"

"ဘာပြောစရာရှိလို့လည်း နမ်ဂျွန်းရာ~"

"ဟဲဟဲ အဲ့တာကလေငါမင်းကို မေးစရာလေး
ရှိလို့ အဟဲ~"

𝚄𝚗𝚎𝚡𝚙𝚎𝚌𝚝𝚎𝚍 𝙻𝚘𝚟𝚎 (On going) Where stories live. Discover now