Repentance_1

254 25 15
                                    

Unicode

"ငယ် ဘယ်သွားမလို့လဲဟင်"

အပေါ်ထပ်မှ ဂျာကင်အနက်နှင့် Pantအနက်အားဝတ်ဆင်၍ဆင်းလာသည့် ငယ့်အား မီးဖိုချောင်ထဲမှ ချန်းယောလ်လှမ်းမေးလိုက်မိသည်။ငယ်က ဘာဝတ်ဝတ် ကြည့်လို့ကောင်းနေတာကတော့ ချန်းယောလ်အတွက် ဂုဏ်ဆာစရာပင်။ကိုယ့်ယောင်္ကျားလေးလောက် ချောတဲ့လူကလည်း ဒီကမ္ဘာတွင်မရှိလောက်‌တော့။

"ကျစ်..ခင်ဗျားနဲ့ဆိုင်လား"

ကိုယ့်ကို မကြည်ဖြူတာကတော့ ဝမ်းနည်းစရာပေါ့။

"မဟုတ်ပါဘူး ကိုယ်က ဒီအတိုင်းမေးကြည့်တာပါ"

"စောက်လုပ်ကိုရှုပ်တယ်"

ဆယ်ဟွန်း နီညိုရောင် ဆံပင်များအား စိတ်ရှုပ်စွာ ဖွပစ်လိုက်ပြီး အိမ်ထဲမှထွက်ရန်ပြင်တုန်း

"ငယ် ဒီညတော့ ပြန်လာခဲ့မယ်မလားဟင်"

"ကျစ်..ခင်ဗျားဒီနေ့ပြောလို့ပြီးဦးမှာလား"

"ကိုယ်စောင့်နေမယ်နော် ငယ်"

"စောင့်ချင်စောင့် မစောင့်ချင်နေ ပြန်လာချင်မှပြန်လာမယ်"

ငယ်တစ်ယောက်ကတော့ ထွက်သွားလေပြီ။ငယ်‌စိတ်ကျေနပ်ဖို့ ကိုယ်ဘာတွေလုပ်ပေးရဦးမလဲ။

ဒီအတိုင်းရပ်၍ ဝမ်း‌နည်းနေလို့မဖြစ်သေးတာကြောင့် နေ့လည်ငယ်ပြန်လာခဲ့သည်ရှိသော် စားနိုင်ရန်အတွက် ငယ့်အကြိုက်ဟင်းလေးများအား ရွေးချက်ခဲ့ကာ အပေါ်သို့တက်ပြီး Companyသွားရန် ပြင်ဆင်လိုက်သည်။

"မန်နေဂျာ ပတ်ခ် Bossခေါ်နေပါတယ်ဗျ"

"ဟုတ်ကဲ့ လာပါပြီ"

မိမိအားလာခေါ်သည့်အတွင်းရေးမှူးဂျောင်နောက်မှ ချန်းယောလ်လိုက်ခဲ့လိုက်သည်။

"Boss မန်နေဂျာ ပတ်ခ် ရောက်ပါပြီ"

"ထိုင်ပါဦး ချန်းယောလ်"

"ဟုတ်ကဲ့ဗျ"

Bossက သူ့အရှေ့မှ ထိုင်ခုံအား လက်လှမ်းပြ၍ ချန်းယောလ်ဝင်ထိုင်လိုက်သည်။

"ဘူချွန်းက မြေကွက်ကိစ္စကိုဖြေရှင်းဖို့ ချန်းယောလ်သွားပေးနိုင်မလားလို့ပါ"

👨‍❤️‍💋‍👨 CHANHUN MINI STORY COLLECTION 👨‍❤️‍💋‍👨Where stories live. Discover now