Repentance_3

270 25 18
                                    

Unicode

ချန်းယောလ်ဒီနေ့ တစ်‌ခေါင်းလုံးကိုက်ခဲနေကာ လမ်းပင်ကောင်းကောင်းမလျှောက်ချင်တော့ပါ။အလုပ်ကို အရမ်းလုပ်မိတဲ့ဒဏ်တွေကြောင့်ဖြစ်လိမ့်မည်။အခုတလော ခေါင်းတွေကိုက်ကိုက်နေတတ်သည်။ကားမှတ်တိုင်သို့ တစ်လှမ်းချင်းဖြည်းဖြည်းသာ လျှောက်လာခဲ့လိုက်သည်။ဒီနေ့ ငယ်နဲ့ဆေးရုံသွားရမည်လေ။

ငယ့်ကို ဆေးများမသုံးတော့ရန် ချန်းယောလ်တောင်းဆိုမိတော့ ငယ်က 2ပတ်လောက်နေရင်တော့ ဆေးဖျက်ဖို့သဘောတူပါသည်တဲ့လေ။ငယ်က အရင်လောက်မဆိုးတော့ဘဲ လိမ္မာလာပါပြီ။ချန်းယောလ်ကတော့ ငယ် ဆိုးနေလည်း ချစ်တာပါပဲ။အခုလည်း လိမ္မာလာပြီဆိုတော့ ချန်းယောလ်က ပိုပျော်တာပေါ့။

အပြင်တွင်ရွာနေသည့် မိုးများက ကားမှန်သို့ တစ်ဖြောက်ဖြောက် လာရိုက်ခတ်သည်ကိုကြည့်၍ ချန်းယောလ်အတိတ်ကနေ့ရက်တစ်ခုဆီသို့ အတွေးများက ရောက်သွားတော့သည်။

ငယ်...ငယ်ဆိုတဲ့လူသားလေးက သူ့ထက်စာရင် အများကြီးဆင်းရဲသည့် ပတ်ခ်ချန်းယောလ်ဆိုတဲ့ ကျွန်တော့်ကို ပထမဆုံးအနေနဲ့ အတွေ့ခံ၍အဖြေပေးကာ ငယ့်အဖေဆီသို့ခေါ်သွားခဲ့တဲ့နေ့။အဲ့နေ့ကလည်း မိုးတွေရွာနေသည်လေ။

ထိုနေ့က ချန်းယောလ်မှာ ငယ်ခေါ်လာသည့်နောက်သို့သာ လိုက်လာခဲ့ရသည်။ဘယ်သို့သွားလို့ သွားနေမှန်းမသိခဲ့ရပါ။ငယ့်၏ကားလေးက ခြံကြီးတစ်ခုအတွင်းသို့ ဝင်ရောက်လာကာ ထိုခြံကြီးအတွင်းမှ Car Parkingတွင် ကားအားရပ်လိုက်ပြီး ငယ်ကအရှေ့မှထွက်သွားသည်။ချန်းယောလ်မှာလည်း ကြောင်တောင်တောင်နှင့်သာ လိုက်ခဲ့ရတော့သည်။

ခဲရောင်အား အသုံးပြုထားသော သုံးထပ်တိုက်အိမ်ကြီးထဲသို့ ဝင်လာကာမှ ချန်းယောလ်၏ မျက်ဝန်းဝိုင်းဝိုင်းတို့မှာ ပြူးကျယ်ကုန်သည် အထိပင်။ဘယ်နှစ်လက်မ မှန်းပင် ခန့်မှန်း၍မရပါသော တီဗွီကြီးက အိစက်ညက်ညောဖွယ်ရှိကာ ဈေးကြီးလွန်းမှန်းသိသာလှသည့် ဆိုဖာခုံကြီး၏ အရှေ့တည့်တည့်တွင်နေရာယူထားသည်။

အောက်ကြမ်းပြင်ကိုလည်း ပုံမှန်သူဌေးအိမ်များတွင် တွေ့ရတတ်သည့် ပါကေးများခင်းမထားပါပဲ ချောမွတ်ပြောင်လက်နေသည့် ကြွေအဖြူများကိုသာသုံးထားကာ အိမ်ကြီး၏အလယ်တွင်တော့ ၁၀ထစ်မျှသာ တက်ရန်လိုသည့် လှေကားငယ်လေးတို့နှင့် ဖွဲ့စည်းထားသည်။မီးဖိုချောင်ကိုလည်း အခန်းကျယ်ကြီးတစ်ခန်းနှင့်ပြင်ဆင်ထားသည်က အလွန်ပင်ချမ်းသာဖွယ်ရှိလှသည်။ဇာတ်ကားထဲတွင်သာ မြင်ဖူးပါသော အိမ်ကြီးထဲသို့ ချန်းယောလ်ရောက်သွားသည့်နှယ်။တစ်အိမ်လုံးမှာလည်း ဈေးကြီးပေးရမည့် ပန်းချီကားများနှင့်ပြည့်နှက်နေလေသည်။

👨‍❤️‍💋‍👨 CHANHUN MINI STORY COLLECTION 👨‍❤️‍💋‍👨Where stories live. Discover now