Friend Zone_2

187 34 5
                                    

Unicode

ချန်းယောလ်မနက်ပိုင်း Companyသွားရန်ပြင်‌နေပေမဲ့ ဒီ‌နေ့Ommaတို့နဲ့ သွားရမယ့်နေရာကြောင့် စိတ်ကအကြီးအကျယ်ကို ညစ်နေရသည်။

မနေ့က  Ommaတို့အတင်းခေါ်လို့လိုက်သွားရတဲ့ Partyပွဲက ရိုးရိုးသားသားမဟုတ်ပဲ ဥက္ကဌ ဂျန်ရဲ့ သမီးနဲ့ စေ့စပ်ကြောင်းလမ်းပေးဖို့ Ommaအကြံနဲ့ခေါ်လာတာဖြစ်သည်။ ဆိုမင်လေးက ချောရဲ့လား ဘယ်လိုလဲနဲ့။ ချန်းယောလ်အရမ်းစိတ်ညစ်ရတယ်။ Partyပွဲမှာမို့လို့ ချန်းယောလ်နဲ့ ဂျန်းဆိုမင်တို့နှစ်ယောက်ကို သေချာမတွေ့ပေးလိုက်ရလို့ ဒီနေ့ မိဘတွေနဲ့ The skyဆိုတဲ့ တရုတ်ရိုးရာစားသောက်ဆိုင်မှာ တွေ့ဖို့ ချိန်းထားကြတယ်တဲ့။

Ommaတို့နဲ့ တကယ်ကိုသွေးတက်ရတယ်။ကိုယ်က ဘယ်သူ့ကိုမှလိုချင်တာမဟုတ်ဘူး။တစ်ယောက်သော သူလေးကလွဲလို့ပေါ့။

"Hyg"

"ဘာလဲကွာ...မုန့်ဖိုးလိုချင်လို့လား"

Chanyeol ညီဖြစ်သူငရှုပ်‌ကောင်အား Necktieချည်ရင်းမေးလိုက်သည်။

"အာ...Hygကလည်း Hygဆီလာတိုင်း မုန့်ဖိုးလိုချင်လို့လို့ ထင်နေတာလား"

"ကဲ ဒါဆိုဘာလာလုပ်တာလဲ"

"ဟီး....Hygနဲ့ လက်ထပ်ပေးမယ်ဆိုတဲ့အမကလေ အရမ်းချောတာနော်"

"အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ"

"Hyg အဲ့အမကို မကြိုက်ဘူးလား"

"ငါက ဘာလို့ကြိုက်ရမှာလဲ..ငါ့မှာ တစ်နေ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့လူရှိတယ်"

"ဒါဆို ကောင်းတာပေါ့.."

"ကဲ မင်းဖယ်တော့"

အခန်းဝအား ပိတ်ရပ်ရင်း တံခါးအား မှီထားသည့် ညီဖြစ်သူ ကလန့်ကလားအား အတင်းဖယ်ခိုင်းရသည်။

"Hygကလည်း ဇွတ်ပဲ...သွားမှာပါ..Hygကို အကူအညီလေး တောင်းစရာလေးရှိလို့"

"ငါ့မှာ အချိန်မရှိဘူးနော် ပတ်ခ်ရီရှင်း"

"သိတယ် Hygအချိန်မရှိတာ သိတယ်...ကျွန်တော်ပြောတာလေး ခဏလောက်ပဲ သည်းခံနားထောင်ပေး"

"ကဲ မြန်မြန်ပြော"

ဂုတ်အားပွတ်ရင်း ရှက်သလိုလိုပြောနေတဲ့ကောင်ကြောင့် ချန်းယောလ်မှာ မျက်ခုံးတစ်လှုပ်လှုပ်...ဒီကောင်က အမွှေစိန်။ထားလိုက်တဲ့ ရည်းစားတွေကလည်း သူ့အသက်ထက်ကို ကျော်လောက်တယ်။ငပွေငရှုပ်။Ommaတို့က ဒီကောင့်ကို အငယ်ဆုံးမို့လို့ အလိုလိုက်ထားတာ။ အခုထိ ကျောင်းကမပြီးသေးဘူး။ ဘာမှလည်း ရေရေရာရာလုပ်တတ်တာမရှိ။ တစ်နေ့တစ်နေ့ သူ့သူငယ်ချင်းတွေနဲ့ လျှောက်သွားမယ်။ အိမ်ပြန်လာမယ်။ ဂစ်တာတီးမယ်။ ဒါတွေပဲ လုပ်နေတဲ့ကောင်။ Appaကလည်း ပြောလို့မနိုင်တာကြောင့် လွှတ်သာထားတော့သည်။ ဒီအိမ်မှာ သူကြောက်တာဆိုလို့ ချန်းယောလ်တစ်ယောက်သာရှိတာ။တော်သေးတာပေါ့ သူကြောက်တဲ့လူရှိသေးလို့။

👨‍❤️‍💋‍👨 CHANHUN MINI STORY COLLECTION 👨‍❤️‍💋‍👨Where stories live. Discover now