Unicode
"ကိုကိုရေ.....ထပါတော့ဆို"
မနက်မိုးလင်းတိုင်း ကြားရပါသော အချစ်ကလေးရဲ့ ဆည်းလည်းသံလေးသည်
ချန်းယောလ်၏ မနက်ခင်းအားသာယာစေသည်။ချန်းယောလ် ရင်ဘက်ပေါ်သို့ဆူပုတ်ပုတ်လေးနှင့် ခေါင်းလေးတင်၍ လှုပ်စိလှုပ်စိနှိူးနေပါသော ကျွန်တော့်ရဲ့အသည်းအသက်လေးကြောင့် ချန်းယောလ် နိုးထလာခဲ့တော့သည်။အချစ်ကလေးရဲ့ ရွှေစိတ်တော်ညှိုးမှာမလိုလားဘူးဗျ။
"ထပါပြီ ကိုကို့ရဲ့အသည်းငယ်လေးရယ် နှုတ်ခမ်းကြီးမဆူထားပါနဲ့တော့ကွာ"
"ဟွန့်....ဟွန်းနီးနှိုးတာကြာလှနေပြီ ကိုကိုက ပြီးရင်လည်း နောက်ကျနေလို့ Breakfastမစားတော့ဘူး ရုံးနောက်ကျနေပြီပဲ အော်နေတယ် သူကိုယ်တိုင်ကျ အိပ်ပုတ်ကြီးနေပြီးတော့....."
နှုတ်ခမ်းလေးထော်ပြီး ဆူနေပုံလေးကချန်းယောလ်အား အသည်းယားစေသည့်အတွက် အသက်ငယ်၏ ကိုယ်လုံးလေးအားဖြစ်ညှစ်ပစ်လိုက်တော့ မျက်စောင်းလေးက ဒိုင်းကနဲ...
"ဒီက ဆူနေတာကိုအရေးမလုပ်ဖူးပေါ့လေ ဟိုမှာနာရီကိုလည်းကြည့်ဦး ကိုကိုဒီနေ့ Meetingရှိတယ်ဆို...."
အချစ်ပြောမှသတိရတော့တယ် ဒီနေ့ Bossက ချန်းယောလ်တို့ဌာနမှ Projectအောင်မြင်သွားသည့်အတွက် ဂုဏ်ပြုပေးရန် ဝန်ထမ်းအားလုံးအား Meetingခေါ်ထားခြင်းပင်။
နာရီကြည့်လိုက်တော့ 8နာရီထိုးဖို့ 10မိနစ်သာလိုတော့သည် Meetingက 8နာရီခွဲ....
အိပ်ယာပေါ်မှ ဝုန်းကနဲပြေးထသွားပါသော ကိုကို့အားကြည့်ရင်း ဆယ်ဟွန်းခေါင်းခါမိသည်။ အိမ်ထောင်သက် 2နှစ်အတွင်း ရုံးနောက်ကျတာက အမြဲလိုလိုဖြစ်နေသည်။
ရည်းစားဘဝတုန်းက အရမ်းအချိန်တိကျတဲ့ ကိုကိုက ဆယ်ဟွန်းနဲ့ယူပြီးနောက်ပိုင်းရုံးနောက်ကျတာက အမြဲလိုလိုဖြစ်လာသည်။
အကြောင်းကတော့ မနက်မိုးလင်းလို့
ဆယ်ဟွန်းသွားနှိုးရင် နိုးတော့နိုးပါရဲ့ သွားနှိူးတဲ့ဆယ်ဟွန်းအား 5မိနစ် 5မိနစ်နဲ့ ဖက်လိုက် နမ်းလိုက်လုပ်နေတာနဲ့ပဲ အမြဲရုံးနောက်ကျတယ်ဆိုပါတော့။
![](https://img.wattpad.com/cover/269504963-288-k523216.jpg)
YOU ARE READING
👨❤️💋👨 CHANHUN MINI STORY COLLECTION 👨❤️💋👨
Hayran KurguChanhun One Shotများနဲ့ Mini storyလေးများကို ရေးသားထားတဲ့Collectionလေးပါရှင့်💚🌈 Chanhun One Shotများနဲ့ Mini storyလေးများကို ရေးသားထားတဲ့Collectionလေးပါရှင့်💚🌈 Chanyeol 💗 Sehun By Cotton Shwe Yee169