Repentance_2

143 24 20
                                    

Unicode

ဆယ်ဟွန်းမိမိ၏ ခါးနေရာမှ တင်းကြပ်နေသည့်ခံစားမှုကြောင့် မျက်နှာလေးမှာ ရှုံ့မဲ့ကာ နိုးထလာရသည်။တရားခံကတော့ ပြေးကြည့်စရာကိုမလို ဟိုလူကြီးပဲပေါ့။အတင်းဖက်ထားသော လူကြီး၏လက်များအား ဆွဲဖယ်ကာ စောစောမထဖူးတဲ့ဆယ်ဟွန်း ရေချိုးခန်းထဲသို့ဝင်၍ ကိုယ်လက်သန့်စင်ကာ ရေတစ်ခါထဲချိုးလိုက်တော့သည်။ရေစိုနေသည့် ဆံနွယ်များအား တဘက်နှင့်သုတ်၍ ထွက်လာရင်း ဗီရိုထဲရှိ မိမိ၏အင်္ကျီများအား မွှေနောက်နေလိုက်သည်။ထိုအချိန်ထိ ဟိုလူကြီးမနိုးသေးပါ။

မိမိအင်္ကျီဝတ်ပြီးသည်အထိ မနိုးသေးပါသော လူကြီးကြောင့် ဆယ်ဟွန်းမှာထူးဆန်းနေရပါသည်။တစ်ညလုံးလည်း မိမိဖျားမည်ဆိုး၍ အတင်းရင်ခွင်ထဲဆွဲသွင်းသောလူကြီးအား မကျေနပ်ပေမယ့်လည်း နွေးထွေးလွန်းသောကြောင့် အကြိမ်ကြိမ်တိုးဝင်မိတာလည်း မိမိကိုယ်တိုင်သာ။ အခုလည်း ပင်ပန်းလို့ဖြစ်ပါလိမ့်မည်။သူ့ခဗျာ မနက်ဆိုလည်း ဆယ်ဟွန်းမနိုးခင်ထကာ ဆယ်ဟွန်းကြိုက်မည်ထင်သော ဖွယ်ဖွယ်ရာရာမနက်စာလေးပြင်ပေးရှာသည်။အိမ်က ဒယ်ဒီတောင် ဆယ်ဟွန်းဘာကြိုက်တတ်လည်းသိမှာမဟုတ်။

ပတ်ချန်းယောလ်ဆိုတဲ့လူကြီးက ဆယ်ဟွန်းမျက်နှာ တစ်ကမ္ဘာသာထင်သည့်လူကြီးသာ။ကိုယ် စိတ်တိုင်းမကျ၍အော်လိုက်ပြန်ရင်လည်း မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိ။ပြာပြာသလဲ ပြေးချော့တတ်သည်။သူ့အမှားမရှိရင်တောင် ဆယ်ဟွန်း စိတ်ဆိုးမည်ဆိုး၍လိုက်ချော့ပါသေးသည်။တစ်ခုတော့ရှိသည်။ဆယ်ဟွန်းထမင်းမစားတဲ့အချိန်ဆိုရင်တော့မျက်နှာက ထိန်းမရအောင်ညှိုးငယ်နေတတ်သည်။နေ့တိုင်းလည်း ဆယ်ဟွန်းထမင်းမစားမှာသိပ်ကြောက်သည့်လူကြီးက ဆယ်ဟွန်းအကြိုက်ကိုသာ ဂရုတစိုက်အမြဲတမ်းချက်‌ကျွေးသည်။

'ခင်ဗျားဘာလို့ အတင်းထမင်းပဲကျွေးနေတာလဲ'လို့ ဆယ်ဟွန်းကမေးပြန်ရင်လည်း 'ငယ်က ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ဆို ပိုချစ်ဖို့ကောင်းလို့ပါ"တဲ့လေ။ခင်ဗျား ကျွန်တော့်ကို အဲ့လောက်ဂရုမစိုက်ပါနဲ့ လူကြီးရယ်။ကျွန်တော်က ခင်ဗျားအချစ်တွေနဲ့မတန်တဲ့ ခပ်ဆိုးဆိုးကောင်တစ်ယောက်ပါ။ခင်ဗျားကို နာကျင်အောင်ပြောပြီးရင်လည်း ဘာမှမဖြစ်သလိုနေနေတဲ့ ခင်ဗျားကြောင့် ရင်ထဲက တစ်နေရာကတော့ နာကျင်နေမိတယ်။ဒါကလည်း ကျွန်တော်တစ်ယောက်သာ သိနိုင်သည့် ခံစားမှုတစ်ခု။တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်။ခင်ဗျားမှာ ဘာအပြစ်တွေရှိလို့ ကျွန်တော်ကအနိုင်ယူနေမိတာလဲပေါ့။ဖြစ်ခဲ့သမျှအားလုံးဟာလည်း ကျွန်တော်ကျေကျေနပ်နပ်နဲ့ လုပ်ခဲ့တဲ့အရာတွေကြီးပဲလေ။

👨‍❤️‍💋‍👨 CHANHUN MINI STORY COLLECTION 👨‍❤️‍💋‍👨Where stories live. Discover now