Our Precious Memory 💜3💜

950 53 0
                                    

(Unicode)

စိမ်းမြမြ မြက်နုလေးတွေ  ပေါက်နေတဲ့ မြေပုံမို့မို့လေးရဲ့ ရှေ့က ကျောက်တိုင်  ဖြူဖြူလေးမှာ ထွင်းထုထားသည်က
            ဟန်ဆူဂျင်း
            အသက် (၄၃)
ထိုရှေ့မှာ ပန်းစီး​​လေးချကာ ဒူးထောက်ပြီး
ကန်တော့လိုက်သည်က ဂျောင်ဂု။
မျက်ဝန်းတို့ မှာလည်း မျက်ရည်ကြည်တို့က
အပြည့် နေရာယူလျက်။

" omma ကို တစ်ယောက်တည်း  လွှတ်လိုက်ရလို့  တောင်းပန်ပါတယ်  omma....
ကျွန်တော်  omma ကို အရမ်းလွမ်းတယ်...
အမြဲလည်း သတိရနေပါတယ်...
အရမ်းချစ်တယ် omma........"

ဂျောင်ဂု  ထိန်းထားတဲ့ မျက်ရည်တို့ကို အစွန်းဆုံထိ လွှတ်ချ လိုက်မိတော့သည်။
တသိမ့်သိမ့် တုန်၍ ငိုနေသော  ဂျောင်ဂု ရဲ့
နောက်ကြောပြင်ကို  ရပ်ကြည့်နေရသည့်
ဂျောင်းချောလ် မှာလည်း စိတ်မကောင်း။
ဂျောင်းချောလ် ဟာ ဂျောင်ဂု တို့ မိသားစု
ဆီမှာ အလုပ်လုပ်လာတာ အတော်ကြာပြီပင်။
အက်စီးဒင့်  ဖြစ်တဲ့နေ့က တကယ်ဆိုရင် သူ
သွားကြိုရမှာပင်။ အဲ့ဒီနေ့က ဥက္ကဋ္ဌကြီး ကို
အစည်းအဝေးပွဲသို့  လိုက်ပို့နေရ၍ မအားတာကြောင့် ဂျောင်ဂု က သူဌေးကတော် ကို
သွားကြိုရခြင်းပင်။ သို့သော် ဂျောင်းချောလ်
စိတ်ထဲမှာ  သူ ကံကောင်းသွားသည်ဟု  တစ်စက်လေးမျှ မတွေးခဲ့ ။ သူ့အပြစ် မကင်းဘူး
လို့သာ တွေးမိးခြင်း။

************************************

ဒီနေ့ ကျောင်းမှာဖြစ်တဲ့ ပြဿနာ အကြောင်း
ဟိုဆော့ကို ဂျီမင် ပြောလိုက်သည်မို့  ဟိုဆော့ အူကြူးလေး နှစ်ယောက်ကို သေချာနားလည်
အောင် ချော့ပြီးဆုံးမရတော့သည် ။ ပြီးတော့
ထိုနှစ်ယောက်သားက သူတို့မဟုတ်သလို အခန်းထဲ ဝင်သွားပြီးတော့ ဆော့နေကြပါ​လေရော။ ဆုံးမတဲ့သူကသာ ဆုံးမတာ ဒင်းတို့လေးတွေက နားထဲရော ဝင်ရဲ့လားတောင်
မသိ။

" တင်း.....တောင်..."

ဘဲလ်သံကြောင့် ဧည့်ခန်းမှာ  ထိုင်နေတဲ့ ဟိုဆော့က ထမယ် ပြင်တော့

" နေ...နေ...ကျွန်တော် ဖွင့်လိုက်မယ် "

အေပရွန်ကြီးနဲ့ မီးဖိုဆောင်ထဲက ထွက်လာပါသော ဂျီမင်

Our Precious Memory ( Completed) Where stories live. Discover now