🍁🍁🍁Memory (3)🍁🍁🍁
"ကိုယ် ထယ်ယောင်းကို ချစ်တယ်"
ဂျောင်ဂု ထယ်ယောင်း ရဲ့ ပုခုံးလေးကို ယုယုယယလေး ဆုပ်ကိုင်ကာ ပြောလိုက်တော့ ထယ်ယောင်းရဲ့ မျက်ဝန်းလေးတွေဟာ အံ့သြဖွယ်အတိနှင့်။
"ကျွန်.....ကျွန်တော်...."
ထယ်ယောင်းရဲ့ မေးဖျားလေးကို ဆွဲမော့ကာ နှုတ်ခမ်းသားလေးကို အနူးညံ့ဆုံး ဖိကပ်နမ်းလိုက်တဲ့ ဂျောင်ဂု
"ကိုယ် ထယ်ယောင်း ကို တကယ်ချစ်တာပါ"
ထယ်ယောင်းရဲ့ ဂရုစိုက်မှုကြောင့် ဂျောင်ဂု ရဲ့ ခြေထောက်ဟာလည်း အတော်သက်သာလာခဲ့လေပြီ။
ထိုအတောအတွင်းမှာ နှစ်ယောက်သားရဲ့ ရင်းနှီးမှု ဟာလည်း သာမန်ထက် ပိုခဲ့ပါရော့။ချယ်ရီသီးလေးလို နီရဲလာတဲ့ ပါးလေးတွေကို ကြည့်လိုက်တာနဲ့ ထယ်ယောင်း ရှက်နေမှန်း ဂျောင်ဂု သိသည်။ သို့ပေမယ့် ထပ်၍ နမ်းချင်သေးတာကြောင့် နောက်တစ်ကြိမ် ထပ်နီးကပ်လာတဲ့ ဂျောင်ဂု ရဲ့ မျက်နှာ
"သူဌေး....လေး....."
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဂျောင်းချောလ် မှာလည်း ဆွံအ။
ရုတ်တရက် တံခါးဖွင့် ဝင်လာတဲ့ ဂျောင်းချောလ် ကြောင့် ဂျောင်ဂုကို ထယ်ယောင်း အနည်းငယ် တွန်းထုတ်မိသည်။"ဘာလဲကွာ ဝင်မယ်ဆိုလည်း တံခါးခေါက်ပါအုံး"
အရင်လည်း ဒီလိုပဲ ဖွင့်ဝင်နေကြ ကို ဒီနေ့မှ ပြဿနာလုပ် နေတဲ့ ဂျောင်ဂု
"ဟို....ဒေါက်တာဟိုဆော့ တို့ လာလို့ အဲ့ဒါ...."
"အဟမ်း ....အထဲ လွှတ်လိုက်"
ဟိုဆော့ နဲ့အတူ ဂျီမင်လည်း ပါလာသည်။
"ထယ်ယောင်း နေမကောင်းဘူးလား"
ထယ်ယောင်းရဲ့ မျက်နှာက ခါတိုင်းထက် ပိုနီ နေတာကြောင့် ဂျီမင် ထယ်ယောင်း နဖူးပေါ် လက်လေးနဲ့ စမ်းရင်း မေးလိုက်တော့
အရှက်သည်း နေတဲ့ ထယ်ယောင်း က ဂျောင်ဂု ကို တစ်ချက်ကြည့်လိုက်သည်။" ဟာ မဟုတ်ပါဘူး မင်းကလည်း
ပေး...ပေး... အစ်ကို ဟိုဆော့ "ရှက်ကို့ ရှက်ကန်းနဲ့ ဟိုဆော့ လက်ထဲက စားဖို့ ဝယ်လာတဲ့ မုန့်ထုပ်တွေကို ထယ်ယောင်းယူကာ အခန်းထဲက ထွက်သွားလေတော့ ဂျီမင်လည်း နောက်က လိုက်သွားလေသည််။
![](https://img.wattpad.com/cover/284236570-288-k908511.jpg)
YOU ARE READING
Our Precious Memory ( Completed)
Fanfiction(Unicode) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဦးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်............ နှလုံးသားမှာ အချစ်တို့ဟာ စွဲထင်ကျန်ရစ်ပါစေသား....... (Zawgyi) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဉီးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်...