Our Precious Memory 💜13💜

764 36 0
                                    


(Unicode)

🍁🍁🍁Memory (7)🍁🍁🍁

ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် စုမိစောင်းမိခဲ့တာ ခုတော့ ယောင်းရဲ့ ဗိုက်ကလေးက သုံးလတောင်ရှိလေပြီ.....
ချစ်စရာကောင်းတဲ့ ကျွန်တော့် အသည်းလေးက ကလေးလွယ်ထားတယ်လို့တောင် မထင်ရ၊ တစ်နေ့တခြား ချစ်ဖို့ ကောင်းလွန်းလို့ ခံတွင်းထဲ ငုံတောင်ထားချင်ရဲ့.....

ဂျွန် မျက်နှာသစ်ပြီး အိပ်ခန်းထဲက ထွက်လာတော့ ထမင်းစားခန်းထဲမှာ မနက်စာစားဖို့ ပြင်ဆင်နေသည့် ထယ်ယောင်း......

နဂိုကတည်းက ခပ်ပူပူ သစ်တော်သီး​လေးက  အသေးလေးရှိနေ၍ ခပ်စူစူလေး ဖြစ်လာတာကြောင့် တီရှပ်ပွပွလေးဝတ်ထားသည်။ ဖင်ထိဖုံးနေသည့် အင်္ကျီ  အောက်ရှိ ဘောင်းဘီပေါင်ပြတ်လေးက ပေါင်တံသွယ်သွယ်လေးရဲ့ အလှတွေကို ပေါ်လွင်အောင်မြှင့်တင်ပေးထားတာကြောင့် ဘယ်ဖက်က ကြည့်ကြည့် ရင်ဖိုစရာ။ ဒါမျိုးကို ဂျွန်က အိမ်မှာသာ ဝတ်ခွင့်ပေးသည်။ အပြင်သာ ဝတ်ကြည့်ပါ့လား ခိုးကြည့်တဲ့သူတောင် ဂျွန့်အကြည့်နဲ့ ပြာကျသွားမယ်။

မနက်စာပြင်နေတဲ့ ထယ်ယောင်းရဲ့ နောက်ကနေ ခါးလေးကိုဖက်ပြီး ပုခုံးပေါ်မေးတင်ကာ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည့် ဂျွန်။ နမ်းရုံနဲ့ပဲ ဖြေသိမ့်ရပါသည်..... စိတ်ရှိတိုင်း သူ့အသည်းလေးကို ပြုလို့မှမရတာ ၊ ဗိုက်ထဲမှာ ပေါက်စလေး ရောက်နေပြီလေ.....
ဟင်း....အဲ့အသေးလေးကို မယူချင်သေးတာ အဲ့ဒါကြောင့်လဲပါတာပေါ့.....ကြင်စဦးလေးမှာ ကောက်ခါငင်ကာ ကလေးယူလိုက်တော့ ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရသလို.....မဖြစ်ပါဘူး အဲ့ပေါက်စရင်လည်း မြန်မြန်မွေးမှ.....

"ဟင်...နိုးပြီလား ဂျွန်..."

" အွင်း...နိုးပြီ..."

" ဗိုက်ဆာနေပြီလား..."

" အွင်း ဆာနေပြီ..."

" ခဏလေး နော် ပြီးတော့မှာပါ..."

" အဲ့ဒါ မပြီးလည်း ယောင်းကို စားလိုက်တော့မယ်လေ...အာ..."

ဆိုပြီး ထယ်ယောင်းရဲ့ ပါးနုနုလေးကို ဖွဖွလေး ကိုက်လိုက်တော့

Our Precious Memory ( Completed) Where stories live. Discover now