(Unicode)
🍁🍁🍁Memory (8)🍁🍁🍁
ဂျွန့် အတွက် ကျွန်တော် က ဘာမို့လို့လဲ...
ဂျွန့်အတွက် စိတ်ဒုက္ခတွေ ပဲ ပေးခဲ့တဲ့ ကျွန်တော့်ကို အဲ့လောက်တောင် ချစ်သလား ဂျွန်ရယ်.....
ကျွန်တော်က ဂျွန့်ရဲ့ အချစ်နဲ့ရော ထိုက်တန်ရဲ့လား....ဘေစင်၌ ပေါင်းအိုးထဲ လက်နှိုက်ကာ ဆန်ဆေးရင်း အတွေးတွေ လွင့်နေပါသော ထယ်ယောင်း.....
ကြည့်ရတာ စိတ်နဲ့ လူနဲ့ လည်း မကပ်သလို..." ယောင်း..."
ဂျွန်က ပုခုံးလေးကိုင်လှုပ်ကာ ခေါ်လိုက်မှ ကြားသည်.....
" ဂျွန်"
ဆိုပြီး ကျွန်တော့်ကို ပြန်ကြည့်လာတဲ့ ယောင်းရဲ့ မျက်ဝန်းတွေမှာ မျက်ရည်လေးတွေ တစ်စွန်းတစ်စ ပါလာကတည်းက ယောင်း ဘာတွေတွေးနေတယ်ဆိုတာ ကိုယ်သိပါတယ် ယောင်းရယ် .......
" ဘာတွေ တွေးနေပြန်တာလဲ ယောင်း ရယ်...."
" ဂျွန်...ဟင့်...အီး....အီး..."
ယောင်း က ဂျွန့်ရဲ့ ရင်ခွင်ထဲကို ငုံ့ဝင်ကာ ငိုချလာသည်....
" မငိုပါနဲ့ ယောင်းရယ်...ဒီမှာ ကိုယ့်ကို ကြည့်..."
ဆိုတော့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ ကျွန်တော့်ရင်ခွင်ထဲကနေ မော့ကြည့်လာတဲ့ ယောင်း ရဲ့ မျက်နှာနုနုလေးကို ကျွန်တော် မြတ်နိုးပါဘိ...
" ယောင်း ရယ် ပြီးခဲ့တာတွေကို အတိတ်မှာပဲ ကိုယ်တို့ ထားခဲ့ရအောင်လေ နော်..."
" တောင်းပန်ပါတယ် ဂျွန်...ကျွန်တော့် အဖေ့ကြောင့် ဂျွန့် အမေ သေခဲ့ရတာ... ဒါပေမယ့်.... "
" ကိုယ် သိပါတယ်...ယောင်းအဖေရဲ့ ရောဂါကြောင့် မတော်တဆ ဖြစ်တာ... "
" တောင်းပန်ပါတယ်..."
" ကဲ မငိုပါနဲ့တော့်ကွာ.... ယောင်း အဲ့လို ငိုနေရင် ယောင်းဗိုက်ထဲက ကိုယ့်ကလေးလေးက နှာခေါင်းနီနီလေးနဲ့ ဂျိုကာလေး ထွက်လာလိမ့်မယ်...."
ဂျွန့် အပြောကြောင့် ယောင်းရဲ့ နှုတ်ခမ်းပါးလေးဟာ ပြုံးယောင်လေးသန်းလာခဲ့သည်။
" ဒီလိုမှာပေါ့ ယောင်းက အပြုံးလေးနဲ့ပဲ လိုက်တယ်"
ယောင်းရဲ့ နားထင်မွှေးလေးတွေကို နားရွက်လေးနောက် သပ်တင်ပေးကာ ပါးလေးကို ဖွဖွလေး နမ်းရှိုက်လိုက်ပါသော... ဂျွန်....
အမှန်တကယ် သူ ယောင်းကို ပျော်ရွှင်စေချင်သည်လေ.... ဟင့်အင် သေချာပေါက် ပျော်ရွှင်အောင် ထားပေးအုံးမှာ....
YOU ARE READING
Our Precious Memory ( Completed)
Fanfiction(Unicode) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဦးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်............ နှလုံးသားမှာ အချစ်တို့ဟာ စွဲထင်ကျန်ရစ်ပါစေသား....... (Zawgyi) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဉီးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်...