(Unicode)ချစ်ရသူကို ဒုက္ခတွေရော ၊
သောကတွေရော အများကြီး
ပေးခဲ့တာမို့ အတိတ်က
အကြောင်းတွေ ကို
မမှတ်မိပါစေနဲ့လို့
ဆုတောင်းခဲ့ပေမယ့်လည်း
ကျွန်တော့်ကိုရော ချစ်နေသေး
ရဲ့လား ....................
အဲ့လိုပြောတော့ရော
ကျွန်တော် တစ်ကိုယ်ကောင်း
ဆန်မိတယ်လို့ ထင်တယ်......
အစကတည်းက တို့နှစ်ယောက်
မတွေ့ခဲ့ရင် သိပ်ကောင်းမယ်လို့
ဘယ်တုန်းကမှ မတွေးမိခဲ့.....
ချစ်တယ်.................
အရမ်းချစ်တယ် ဂျွန်.......
ဒီအတိုင်းပဲ သူစိမ်းတွေလို
နေလို့ရော ဖြစ်နိုင်ပါ့မလား.......ခုဆို ဂျောင်ဂု VKရဲ့ CEO ဖြစ်တာ
သုံးပါတ်လောက် ရှိလေပြီ။
Company က လူတွေ နဲ့လည်း
ရင်းနှီးသင့်သလောက် ရင်းနှီး
ပေမယ့်လည်း လိုချင်တာထက်
ပိုချင်မိသည်က ထယ်ယောင်းနဲ့
ရင်းနှီးမှုလေး။
လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ရယ်မော
စွာ ပြုံးရယ်ရင်း ပြောနေတဲ့
သူ့မျက်နှာလေး ကို ကျွန်တော်
အဝေးက ငေးကြည့်ရုံကလွဲ
ဘာတတ်နိုင်မှာလဲ။"ထယ်ယောင်း ပြန်တော့မှာလား"
Company နဲ့ မလှမ်းမကမ်း
ကားလမ်းဘေးမှာ ထယ်ယောင်း
Taxi စောင့်နေရင်း ရုတ်တရက်
မိမိရှေ့ ကားထိုးရပ်လိုက်သော
ဂျောင်ဂု"ဟုတ်ကဲ့ "
ဒီအတိုင်းလေး ဂျွန့် ဘေးနားမှာ
ဂျွန့်မျက်နှာလေး မြင်ရရုံနဲ့
ကျေနပ်နေတဲ့ ထယ်ယောင်း ၊
ဂျွန်က တရင်းတနှီး ဆက်ဆံ
ပေမယ့်လည်း ထယ်ယောင်း
ကတော့ အလုပ်ရှင်ထက်ပိုပြီး
မဆက်ဆံခဲ့။
သူနဲ့ ဂျွန် တစ်ချိန်တုန်းကလိုမျိုး
ပက်သက်မိသွားရင်
ရင်ဆိုင်ရမယ့် ဒါဏ်ရာတွေ
ကိုလည်း ဂျွန့် ကိုထပ်မပေးချင်တော့။"ကျွန်တော် လိုက်ပို့ပေးမယ်လေ"
"ရပါတယ်... CEO ....
သြော်... Taxi လာနေပြီ
ကျွန်တော့်ကို ခွင့်ပြုပါအုံး"ဂျောင်ဂုနဲ့ စကားကို ဖြတ်လိုက်ကာ
Taxi ပေါ်သို့ ခပ်သွက်သွက်
ပြေးတက်ခဲ့သည့် ထယ်ယောင်း ။************************************
ဒီနေ့တော့ ကျောင်းကနေအပြန်
ထယ်ထယ် နဲ့ ဂျီဂျီ က
ကစားကွင်း ဝင်ချင်တယ် ဆိုလို့
ဂျီမင် လိုက်ပို့ရသေးသည်။
မမောနိုင် မပန်းနိုင် ဆော့ကစား
နေတဲ့ အူကြူးလေး နှစ်ယောက်ကို
ဂျီမင် အတော်လက်လန်သည်။
ထယ်ထယ့် ထက် သူ့ရဲ့သား
ဂျီဂျီ က ပိုကမြင်း သည်ဆို
ပိုမှန်လိမ့်မည်။ ဂျီဂျီ ဆော့တာကို
ကြည့်ရင်း

YOU ARE READING
Our Precious Memory ( Completed)
Fanfic(Unicode) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဦးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်............ နှလုံးသားမှာ အချစ်တို့ဟာ စွဲထင်ကျန်ရစ်ပါစေသား....... (Zawgyi) နှလုံးသားမှ ဖြစ်တည်လာသော အချစ်စစ် ဖြစ်ပါ၍ ဉီးနှောက်က ဥပေက္ခာ ပြုခဲ့သည်ရှိသော်...