Chapter Two

53 5 10
                                    

 ထိုနေ့ညနေစောင်း။ Spearmint Alley။

Hadrianus ဟာ ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေးသောက်နေခဲ့သည်။ ထိုနေ့က ကောင်းကင်ပြာကို မိုးတိမ်တွေဖုံးအုပ်လျက်ရှိနေပြီး Hadrianus ဆိုင်ထဲသို့ရောက်ရှိခဲ့ချိန်တွင် မိုးဖွဲကလေး ရွာနေနှင့်ပြီဖြစ်သည်။

သူရောက်ရှိနေသောနေရာမှာ Diagon Ally ၏ လမ်းသွယ်တစ်ခုဖြစ်သည့် Spearmint Alley ရှိ ခပ်သေးသေး ကော်ဖီဆိုင်တစ်ခုဖြစ်ပြီး လူသွားလူလာပါးသော နေရာလည်းဖြစ်သည်။ Diagon Ally ရှိကော်ဖီဆိုင်များတွင် ရာသီဥတုမကောင်းသည့် ဒီလိုနေ့မျိုးတောင် လူများစွာရှိနေတတ်သည်။ ထို့အပြင် ဒီကော်ဖီဆိုင်လေး၏ မျက်နှာချင်းဆိုင်တွင် ပန်းပင်များရောင်းသည့်ဆိုင်ငယ်လေးသာရှိပြီး ဆိုင်မျက်စောင်းထိုးတွင်လည်း မှော်ဆေးရည်ဖော်စပ်ရာတွင်သုံးသည့် သစ်ဥသစ်ဖုများရောင်းသည့် ဆေးဆိုင်တစ်ဆိုင်သာရှိသည်။

ဒီဆိုင်၌ ကော်ဖီကောင်းကောင်းလည်းရရှိနိုင်သေးသည်။ ထို့ကြောင့်ပင် Hadrianus ဒီဆိုင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ Slytherin စံအိမ်တော် မီးဖိုဆောင်မှ House Elf ဖျော်ပေးလေ့ရှိသော ကော်ဖီများကို အပြစ်မပြောလိုပါ။ အရှင်က ဈေးကောင်းပေးရသော အထက်တန်းစားကော်ဖီကိုမှ ကြိုက်တတ်သည်လေ။

အရှင်သောက်လေ့ရှိသော ကော်ဖီများက မွှေးလည်းမွှေးသလို အရသာလည်း အင်မတန်ကောင်းပါသည်။ ပြဿနာကား Hadrianus သည် ကော်ဖီဆိုခါးမှ သောက်ချင်သောသူဖြစ်သည်။ ကောင်းသောကော်ဖီတစ်ခွက်သည် ရနံ့မွှေးနေရမည်။ သကြား၊ နွားနို့ မပါဘဲ ကော်ဖီချည်းသာ သောက်လျှင် ပိုမိုကောင်းသင့်သည်။ အနံ့အရသာနှင့် ပြည့်စုံပြီး သောက်လိုက်တိုင်းမှာ လျှာပေါ်ထင်ကျန်‌လျှင် ‌ကောင်းသောကော်ဖီတစ်ခွက်ဖြစ်သည်။

သို့ရာတွင် အရှင်က ကော်ဖီ၊ လက်ဘက်ရည်ဆိုလျှင် ဦးနှောက်အထိ ကျိန်းသွားအောင်ချိုမှသောက်လေ့ရှိသည်။ အရှင်သည် ကော်ဖီတစ်ခွက်လျှင် သကြားခဲဆို အနည်းဆုံးသုံးခဲခန့်ပါမှ ကြိုက်နှစ်သက်သည်။ ထို့ကြောင့်စံအိမ်မှ House Elfများသည် ကော်ဖီ၊ လက်ဘက်ရည်ဖျော်တိုင်း သခင့်အကြိုက်ကိုလိုက်ကာ ချိုရဲရဲဖျော်ပေးလေ့ရှိကြသည်။ (Ssweet toothလေးနဲ့ Voldieက။ :) )

Utter DevotionWhere stories live. Discover now