Chapter Four

23 3 0
                                    

လွန်ခဲ့သော ၁၀ နှစ်။
ခရစ်နှစ် ၁၉၉၆ခုနှစ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကောင်လေး (The Boy-Who-Lived) လို့ မှော်လောကတစ်ခုလုံးကသိကြတဲ့ အသက် ၁၅ နှစ်အရွယ် Harry Potter သည် Hogwarts‌ ကျောင်းတော် နက္ခက္တဗေဒမျှော်စင် (Astronomy Tower) ရဲ့ အေးစက်စက်လှေကားထစ် တစ်ထစ်ပေါ် ထိုင်နေခဲ့သည်။

သူ၏လက်ထဲတွင် မီးညှိထားသော သောက်လက်စ‌စီးကရက်တစ်ခုရှိနေပြီး စီးကရက်မီးရောင်သည် အမှောင်ထဲတွင် တစ်ချက်တစ်ချက် တောက်‌ကာတောက်ကာသွားသည်။ စီးကရက်မီးရောင် ဖြတ်ခနဲတောက်သွားသည့်အချိန်များတွင် Harry Potter ၏လက်ပေါ်က အရုပ်ဆိုးလှသည့်အမာရွတ်ကို မြင်နေရသည်။

အမာရွတ်သည် အနာဖေးတက်ကာစသာဖြစ်ပြီး ဒဏ်ရာမှာ အပြီးတိုင်မကျက်သေးသဖြင့် ဒဏ်ရာ၏ဘေးသားများက ယောင်ရမ်းနေသေးသည်။

I must not tell lies.

Harry ဟာ သက်ပြင်းတစ်ချက်ချလိုက်ပြီး စီးကရက်ကို တစ်ချက်ဖွာလိုက်သည်။

ဒီတစ်နှစ်စာသင်နှစ်ဟာ Harry Potter အတွက်တော့ အပင်ပန်းဆုံးသော နှစ်တစ်နှစ်ဖြစ်နေခဲ့သည်။ သူ၏ Hogwarts ကျောင်းတော် ဒုတိယစာသင်နှစ်တွင် သူ့ကို ကျောင်းတစ်ကျောင်းလုံးက Salazar Slytherin ၏ဆက်ခံသူ (Heir of Slytherin) လို့စွပ်စွဲပြောဆိုခဲ့ချိန်များတွင်တောင် သူ့တွင် အားထားစရာ ယုံကြည်အားကိုးရသော Ron နှင့် Hermione ဟူသော သူငယ်ချင်းနှစ်ဦးရှိနေခဲ့သည်။ ယခုတော့ သူမည်သူ့ကိုယုံကြည်ရမည်မှန်းမသိတော့ပေ။

Albus Dumbledore။ သူကဘယ်သူမို့လို့လဲ။ ဘာဖြစ်လို့ ကိစ္စတွေက ဒီလိုဖြစ်လာသလဲ။ သူဘာကိုဖုံးကွယ်ထားတာလဲ။ ဘာဖြစ်လို့... ဘာဖြစ်လို့ Harryကို တစ်ကိုယ်တည်းသီးခြားထားရတာလဲ။

Harry ရယ်မောလိုက်သည်။ ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းတစ်ကြောင်း။ မျက်မှန်ဝိုင်းဝိုင်းအောက် မြစိမ်းရောင်မျက်ဝန်းတစ်စုံက စိုစွတ်ကာတောက်ပနေခဲ့သည်။

ကုန်လုနီးနီးစီးကရက်ကို ဖိနပ်ဖြင့်နင်းချေလိုက်ပြီးနောက် အကြွင်းအကျန်များကို လက်တစ်ချက်အဝှေ့တွင် ပျောက်ကွယ်သွားစေသည်။ လေသံအောက်တွင် တစ်ခုခုကိုရေရွတ်လိုက်ပြီး နောက် နက္ခတ္တဗေဒမျှော်စင် လှေကားထစ်များပေါ်ကထလိုက်ပြီး သူတို့ Gryffindor အိပ်ဆောင်သို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။

Utter DevotionWhere stories live. Discover now