Unicode
နေရောင်ခြည်ဖြာထွက်နေတဲ့အခန်းငယ်ထဲမှ ကျွန်မကောက်ခါငင်ခါထမိ၏။
အချိန်အားဖြင့်မစောလှတော့သော်လည်း ကျွန်မအတွက်ဖို့ တစ်နေ့တာဟာသိပ်အရေးမကြီး။
အသက်20ပြည့်ခါစ မိန်းကလေးတစ်ယောက်အတွက်နေ့ရက်တိုင်းဟာ သာယာလွန်းသည်ဆိုလဲမမှားေပ။
စားလိုက် အိပ်လိုက်ဖြင့် အိမ်မှာပဲအချိန်ကုန်နေတာများ၏။
အို ဒါတွေသိပ်ဂရုမစိုက်တတ်ပါ အမှန်တိုင်းပြောရင် ပတ်ဝန်းကျင်ဆိုတဲ့ ကိုယ့်အထင်အမြင်ဖြင့် တစ်ဖက်လူကို ပုတ်ချတတ်ကြတဲ့လူ့အသိုင်းအဝိုင်းကြီးကို ကျွန်မဖြင့်သိပ်စိတ်ပျက်လှပါတယ်။ဆံနွယ်ပျော့ပျော့များကို ကပိုကရိုချည်နှောင်ပြီး အောက်ထပ်ကိုဆင်းသွားလိုက်၏
"ကဲ မိပုံပန်းချီတို့ကတော့ အမြဲဒီအတိုင်းပဲနော် မိန်းကလေးတန်မဲ့ ဖြစ်ကလဲ့ဆန်း"
ဒေါ်မြတ်ခြည် အပေါ်မှဆင်းလာသောသမီးကိုကြည့်ကာ စိတ်တိုတိုဖြင့်ပြောမိသည်။"ဟာ မေမေကလဲ အခုမှ ၁၀နာရီပဲရှိသေးတာကို နေတောင်အဲ့လောက်မပူသေးဘူး ကြည့်ပါလား ရေတွေတောင်အေးနေတုန်း"
ပံုပန်းချီမှ ဘေစင်မှရေကိုလက်ဖြင့်ဆော့ကစားကာပြန်ဖြေလိုက်သည်။"အေး ညဉ်းအဲ့လိုကြပ်ကြပ်လုပ် အိမ်ထောင်ကျမှသိမယ်"
"မေမေ့သမီးကဘယ်သူမို့လို့လဲ ပုံပန်းချီပါ မေမေရဲ့ သာမန်ယောကျာ်းမျိုးအထင်ကိုမကြီးတာ ပန်းချီ့သဘောပါဗျာ ဆိုတဲ့အမျိုးသားမျိုးကိုပဲရွေးမှာ စောင့်ကြည့်"
"အေးပါ အေးပါ ဒီအချိုးမျိုးနဲ့တော့ ကြည့်ဦးမှ"
ဒေါ်မျက်ခြည်ပြုံးကာပြောလိုက်မိတယ်"ဟီး စိန်လိုက်လေ ဪဒါနဲ့မေမေ သမီးဒီနေ့ new classစမှာ အဲ့တာလာပြောတာ 12 to 5 joinရမှာဆိုေတာ့ဖေဖေ့ကိုမစောင့်တော့ဘူးသိလား ဆုလဲ့နဲ့ပဲလိုက်သွားလိုက်တော့မယ်"
"အေးအေးသမီးငယ် ဂရုစိုက်သွားဦးနော် ဪ သမီးဆုလဲ့ကိုလဲပြောလိုက်ပါဦး မေမေ့ကိုဂရုစိုက်ပါလို့တီမြတ်ကမှာပါတယ်လို့"
"ဟုတ်မေမေ"
မေမေ့အမေးကိုပြန်ဖြေရင်း ရေချိုးခန်းတံခါးအားသွက်သွက်ဖွင့်ကာ ရေချိုးလိုက်သည်။
First dayဖြစ်တာကြောင့် ကျွန်မ အတန်းကိုနောက်ကျစွာမရောက်ချင်ပါ။ လူတွေပြောတာဂရုမစိုက်ဘူးဆိုပေမယ့် ကျွန်မကိုယ်တိုင်က အဲ့လိုစကားမျိုးတွေကို ကြားကိုမကြားချင်မိဆုံးဆိုတာအမှန်။
YOU ARE READING
မောင့်နေကြာ [ေမာင့္ေနၾကာ]
RomanceUnicode- မောင်ဟာ တကယ်တော့သိပ်ကိုတုံးအတဲ့ယောကျာ်းတစ်ယောက်ပဲ။ မောင်သိလား ကျွန်မမောင့်ကိုသိပ်ချစ်တာ သို့သော် မောင့်နှောင်ကြိုးတွေဆီကနေရအောင် ရုန်းထွက်မှာ။ မောင်ချည်ခဲ့တဲ့ကြိုးတွေနဲ့ ကျွန်မမောင့်ကိုပြန်ပတ်မှာ။ မောင် ကျွန်မကိုလျှော့တွက်ခဲ့မိတာပဲ.. ကျွန...