Author's note:

31 4 0
                                    

[Unicode]•မောင့်နေကြာပရိသတ်အားလုံး မဂ်လာပါရှင့်•

အရင်ဦးဆုံး နဿံ ပြောပြချင်တာလေးတွေရှိတာမို့ ဒီအပိုင်းလေးကို သက်သက်ရေးလိုက်ခြင်းဖြစ်ပါတယ်။

နဿံရဲ့နာမည်က ယွန်းနဿံပါ စာရေးတဲ့လောကထဲပထမဆုံးစဝင်ဖြစ်တာမို့ authorမိတ်ဆက်ပါ တစ်ခါတည်းထည့်ရေးခြင်းဖြစ်ပါတယ်။
နဿံ့ကိုနောက်ပိုင်းစာဖတ်သူတွေစိတ်ထဲအများကြီးမှတ်ထားပေးမယ်လို့မျှော်လင့်မိပါတယ်။ ကိုယ်ကိုတိုင်လဲ စာဖတ်သူကနေ စာရေးသူအဖြစ်စဝင်ရောက်လာတာမို့ ဒါဒါတို့နဲ့ပေါ့ပေါ့ပါးပါးရင်းရင်းနှီးနှီးလေးပဲနေသွားချင်ပါတယ်
"မောင့်နေကြာ"teamလေးတစ်ခု‌လုံးနွေးနွေး‌ထွေးထွေး ဖေးဖေးမမဆက်သွားကြတာပေါ့နော်။ အချို့အပိုင်းတွေအဆင်မပြေတာတို့ sensitiveအရမ်းဖြစ်လွန်းသွားတာမျိုးဆိုလဲအကြံပြုချက်ပေးလို့ရပါတယ်။

ကဲ...ကိုယ့်အကြောင်းပြောလို့ပြီးသွားပြီဆိုတော့ကာ "mg's sunflower"လေးအကြောင်းပြောပြချင်ပါတယ်။

Very First timeရေးတဲ့ficဖြစ်တာမို့ တအားစိန်ခေါ်မှုတွေများပါတယ်။

ထပ်ပြောချင်တာ ဒီဇာတ်လမ်းတစ်ခုလုံးက နဿံ့ရဲ့ experienceကိုအခြေခံပြီးဇာတ်အိမ်တည်ထားတာဖြစ်တာကြောင့် အရမ်းစိတ်နှစ်ပြီးရေးထားတာပါ။

ထင်သလောက်ဖတ်မယ့်သူမရှိဘူးဆိုတာလည်း ကြိုမှန်းထားပြီးသားပါ။
သို့သော်လည်း တအားစိတ်အားထက်သန်နေတာမို့ ဖတ်မယ့်သူတစ်ယောက်မှမရှိလျှင်တောင် ပထမဆုံး novelအနေနှင့် memoryသိမ်းထားလို့ရအောင်အဆုံးထိပြီးအောင်ရေးမယ်ဟုဆုံးဖြတ်ကာစရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။

တစ်ချို့ညတွေဆို အတိတ်ကိုပြန်တူးဆွသလိုဖြစ်ပြီး ဆက်မရေးနိုင်တော့တဲ့အထိပါဖြစ်တာပါ။

လနဲ့ချီ ဇာတ်အိမ်သေချာတည်ထားတာမို့ သေချာလေးဖတ်ပေးစေချင်ပါတယ်။

ပထမဆုံးစရေးပေမယ့် နဿံ့ဘက်ကအကောင်းဆုံးအားစိုက်ထားတာကြောင့် စာဖတ်သူတွေဘက်ကလဲ ကောင်းမွန်တဲ့တုံ့ပြန်မှုလေးတွေပေးမယ်လို့ ယုံကြည်ပါတယ်။🤍

ထို့အပြင် fic coverလေးကို facebookကနေသဘောကျတာကြောင့် တင်ထားတာဖြစ်ပြီး
Original artistကို အပြည့်အဝ Creditပေးပါတယ်။

မောင့်နေကြာ  [ေမာင့္ေနၾကာ]Where stories live. Discover now