Chapter 4

12 1 0
                                    

Unicode

Open the song "chit thu a nar" by Bunny Phyoe while reading this chapter.


ကော်ဖီဆိုင်အတွင်းရောက်သွားတော့ ပထမဆုံးကြည့်မိသည်က ဆိုင်အပြင်အဆင်ပင်။ ပုံမှန်ဆိုင်များနှင့်ထူးခြားစွာ သူ့ပတ်ပတ်လည်တွင် မှန်များဖြင့်သာပိတ်ထားသည်။ ထို့နောက်ဆိုင်၏ အမိုး ၊ လိုက်ကာများနှင့် decorationအချို့ကိုလည်း သစ်ရွက်များဖြင့်စီစဉ်ထားသည်။

ကျွန်မလည်းထိုသစ်ရွက်များအားမနေနိုင်စွာ ထိကိုင်လိုက်မိတော့ အစစ်များပင်ဖြစ်နေခဲ့သည်။ သစ်ရွက်များဖြင့်ပြင်ဆင်ထားသည်ကိုတောင် ထူးခြားလှသည်ဟုထင်ထားခဲ့ပေမယ့် အစစ်များဖြစ်နေလိမ့်မည်ဟူ၍တော့ တကယ်မမျှော်လင့်ထားခဲ့။ သစ်ရွက်နံ့များရော၊ မိုးရာသီရဲ့ ‌စိုစွတ်တဲ့မြေနံ့သင်းသင်းလေတို့အတူရှူရှိုက််လိုက်ရတာကြောင့် စိတ်ထဲအေးချမ်းသွားရသည်။

ဆုလဲ့နှင့် ဒီပါသွေးသစ်ထင် ကတော့ကောင်တာတွင်မှာစရာရှိတာများအား သွားမှာနေသည်ဖြစ်၏ ။

ခဏကြာတော့ ဒီပါသွေးသစ်ထင် က ကျွန်မနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"ပျင်းနေပြီလား ကိုယ်မှာထားတာတွေကခဏနေရောက်လာတော့မှာပါ ပျင်းနေရင်ကိုယ်နဲ့စကားပြောမလား"

ကျွန်မကိုကြည့်ကာပြောလာသည်မို့ အနည်းငယ်ရင်တုန်သလိုမျိုးတော့ ဖြစ်မိသွား၏။

"ရပါတယ် သိပ်လည်းမပျင်းပါဘူး ဆိုင်လေးကအပြင်အဆင်‌မိုက်သားပဲ ရှင်ရော ဘယ်ကနေသိလာတာလဲဒီလိုဆိုင်မျိုးလေးကို"

အမှန်တော့ဟိုရက်ကကိစ်စကို ကျွန်မစိတ်ထဲတွင် အရမ်းကြီးမရှက်‌ေတာ့‌ေပမယ့် အနည်းငယ်မျက်နှာပူနေခြင်းပင်။ စကားမပြောချင်ဘူးလို့ငြင်းလိုက်လျှင်လည်းမကောင်းဘူးမဟုတ်လား။ အဲ့တာကြောင့် ကိုယ့်ဘက်ကပဲစပြီး တခြားအကြောင်းအရာကို စကားလွှဲသည့်အနေဖြင့် ဆိုင်အပြင်အဆင်လေးအကြောင်း မေးလိုက်ခြင်းဖြစ်သည်။

မောင့်နေကြာ  [ေမာင့္ေနၾကာ]Where stories live. Discover now