Chapter 2

19 2 0
                                    

Unicode

"jawohl ပြောပါ"
(Jawohl သည် ဂျာမန်ဘာသာစကားဖြင့် yes (ဟုတ်ကဲ့)ဟု ‌ဆိုလိုခြင်းဖြစ်ပါသည်။ သင်တန်းကျောင်းဖြစ်သည့်အတွက် ဂျာမန်ဘာသာအားအနည်းငယ်ထည့်ထည့်ပြောခြင်းဖြစ်ပါသည်။)

ဆုလဲ့မှထိုကောင်လေးအမေးအားဖြေလိုက်ခြင်းဖြစ်သည်။
ထိုအခါမှကျွန်မလည်းအသိစိတ်ပြန်ဝင်ကာခပ်မြန်မြန်ပင်ပြန်မေးလိုက်မိသည်။
"ဘာကိစ်စများရှိလို့လဲ"

" မမှီလိုက်တဲ့စာတွေကိုကွာ ပြန်ကူးချင်လို့ အဲ့တာ ဒီအစ်မဆီကပြန်ကူးလို့ရနိုင်မလားဗျ "
သူ၏မျက်လုံးအသွားအလာကိုကြည့်ရတာ ကျွန်မကိုပြော‌တာမဟုတ်ပဲဆုလဲ့အားရည်ညွှန်းနေခြင်းဆိုတာသိသာလှပါသည်။ သို့သော်ကျွန်မလည်းထိုပေကပ်ကပ်ကောင်ငယ်လေးအား မကျေနပ်တာကြောင့် ထပ်မံမေးလိုက်သည်။

"ဟိတ် ဒီမှာ နေပါဦး မင်းဘာသာအတန်းမတက်ပဲ စာတွေလွတ်တာ Teacher.Mike နဲ့ ပြောရမှာလေ တို့ဆီကစာတွေပြန်ကူးပြီး ရောချလိုက်တာလား"
သူ့အားစူးစိုက်စွာကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။

"ခင်ဗျားဆီကလည်းဘယ်သူကမှအကူအညီတောင်းမနေပါဘူး ကျွန်တော်ကဟိုဘက်ကအစ်မကိုပြောနေတာ ပြီးတော့ Sir Mikeကိုပြောတာမပြောတာက ကျွန်တော့်အပိုင်း ကူညီနိုင်တာမကူညီနိုင်တာကလည်း ဟိုအစ်မပဲဖြေရမှာ ခင်ဗျားနဲ့ဘာမှမဆိုင်တာကို ပလိန်းကြီးမဆီမဆိုင်ဆရာဝင်လုပ်မနေပါနဲ့"

ပန်းချီအနည်းငယ်တော့မျက်ခုံးပင့်သွားမိသည်။ သူ့ဘဝတစ်လျှောက်လုံး သူကချည်း အနိုင်ရလာခဲ့တာမို့လား။ အခုလို ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကိုတော့အလျှော့မပေးနိုင်ပါ။ သို့သော် အခုလိုပြိုင်ရန်တွေ့တတ်တာ သူ့အကျင့်မဟုတ်ပေ။ အမြဲလိုလိုလူတွေကိုဥပစ်ခါပြုနေကျမဟုတ်လား။ အခုမှပဲထူးထူးဆန်းဆန်းဒီကောင်လေးကိုမှ အဘယ်ကြောင့် အလျှော့‌မပေးချင်မှန်း ကိုယ့်ကိုကိုယ်လည်း နားမလည်နိုင်တော့။
မျက်နှာကိုအနည်းငယ်မော့လိုက်ကာ

"ဟ မင်းကရင့်လှချည်လား တို့ကမင်း seniorအနေနဲ့ပြောပြနေတာလေ"

"ကဲကဲ တော်ကြပါတော့ရော် ပန်းချီ နင်လည်းစိတ်လျှော့လိုက်နော် ဟုတ်ပြီလား အဆင်မပြေရင်အပြင်မှာတစ်ချက်သွားစောင့်နေ ငါအကျိုးအကြောင်းပြောပြီးရင်ပြန်လာခဲ့မယ်"

မောင့်နေကြာ  [ေမာင့္ေနၾကာ]Where stories live. Discover now