Unicode
တုန်ရီနေသည့်စိတ်အား လျှော့ချကာ ပုံမပျက် ဖုန်းဆက်သုံးနေလိုက်သည်။ အကောင့်လေးအပ်မိတာ ဘာမှမထူးခြားလောက်ဘူးမို့လားဟု တစ်ယောက်တည်းရှက်စိတ်ဖြေ ရေရွတ်လျက်။
..........
ဒီပါ ဒီနေ့ဘယ်မှသွားစရာမရှိတာကြောင့် အိမ်မှာပဲ သီချင်းနားထောင်လိုက်၊ ဂစ်တာတီးလိုက်လုပ်နေတော့သည်။ တစ်ဦးတည်းသောသားဖြစ်တာကြောင့် ငယ်စဉ်တည်းက ဆော့ဖော်ဆော့ဖက်မောင်နှမဟူ၍မရှိလှပါ။ ဖေဖေကလည်းသဘော်သားဖြစ်တာကြောင့် အမြဲတစေခရီးထွက်နေရသည်ကများ၏။ အိမ်မှာ သူနဲ့မေမေသာရှိတာများသည်။ သူ့အသက် 16နှစ်ပြည့်မွေးနေ့တွင်ဖေဖေလက်ဆောင်ပေးထားသည့် brownie ဆိုသည့် ခွေးလေးရှိတာကြောင့် သိပ်တော့မပျင်းရပါ။ ဒီနေ့တော့ဖေဖေပြန်ရောက်လာတာကြောင့် မေမေရောဖေဖေရော အပြင်သွားကြ၍ အိမ်တွင်သူနဲ့ Brownie နှစ်ယောက်တည်းရှိနေခြင်း။
Guitar chordsတချို့ရှာဖို့ ဖုန်းဖွင့်ပြီး Facebookတွင်ရှာနေတုန်း နိုတီဝင်လာသဖြင့် ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် သူ့ကိုအကောင့်လာအပ်ထားခြင်းဖြစ်သည်။
အသားဖြူဖြူ၊ ရုပ်ကလည်းချောပြီး ဆံပင်ကိုလည်း ခေတ်စားနေသည့်အရောင်အလိုက် အမြဲပြောင်းနေတာမို့ သူ့၏ရုပ်ဆင်းအဂ်ါကတော့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲရုပ်ရေမျိုးဖြစ်ပေ၏။ ထို့ကြောင့် အခုလိုလာအပ်နေကြတာကတော့ နေ့စဉ်မနည်းလှ။
ဒါပေမယ့်အခုလာအပ်သည့်တစ်ယောက်ကို သူ့စိတ်ထဲ တစ်နေရာရာတွင် မြင်ဖူးနေသလို။
သေချာစဉ်းစားကြည့်မှ ဟိုတစ်နေ့ ဂျာမန်သင်တန်းတွင်တွေ့ခဲ့သည့်တစ်ယောက်ပင်ဖြစ်သည်။ အဲ့နေ့ကသူ့အားစွာတေးလန်အောင်ရန်ပြန်တွေ့ခဲ့သည့်အကြောင်းအား ပြန်စဉ်းစားမိတော့ ပြုံးစစဖြစ်သွားရသည်။ ထူးထူးဆန်းဆန်းဒီလိုငစွာမလေးကသူ့အား လာအပ်သည်ဆိုတော့ နည်းနည်းတော့စဉ်းစားသွားရသည်။ အတွေးများအားဖျက်ကာ အကောင့်လက်ခံလိုက်၏။ခဏကြာတော့ nfတွင်ပေါ်လာသည့် မိုင်ဒေးအားဝင်ကြည့်မိတော့ ခုနကဒေါ်စွာတေး၏ ပုံပင်ဖြစ်သည်။ အခုတလောနာမည်ကြီးနေသည့် coffeeဆိုင်လေးတွေရိုက်ထားခြင်းဖြစ်ပြီး ဆံပင်ရှည်များအား နဂိုအတိုင်းချထားသည့် သူ့ပုံစံလေးမှာချစ်စရာကောင်းလွန်းသည်မှာ အမှန်ပေ။
YOU ARE READING
မောင့်နေကြာ [ေမာင့္ေနၾကာ]
RomanceUnicode- မောင်ဟာ တကယ်တော့သိပ်ကိုတုံးအတဲ့ယောကျာ်းတစ်ယောက်ပဲ။ မောင်သိလား ကျွန်မမောင့်ကိုသိပ်ချစ်တာ သို့သော် မောင့်နှောင်ကြိုးတွေဆီကနေရအောင် ရုန်းထွက်မှာ။ မောင်ချည်ခဲ့တဲ့ကြိုးတွေနဲ့ ကျွန်မမောင့်ကိုပြန်ပတ်မှာ။ မောင် ကျွန်မကိုလျှော့တွက်ခဲ့မိတာပဲ.. ကျွန...