(1)

1.5K 131 20
                                    

Unicode

ချစ်ပါတယ်လို့ လွယ်လွယ်ပြောတတ်တဲ့သူတွေဟာ အဲဒီစကားကိုလွယ်လွယ်ဖောက်ဖြတ်တတ်ကြတယ်..
နောက်ဆုံးတော့ အဲဒီစကားတွေကိုယုံကြည်ပီး အချစ်တွေပေးခဲ့တဲ့သူကပဲ ရူးပီးကျန်ခဲ့တာပေါ့...
အဲလိုတခါနာကျင်ဖူးတဲ့သူတွေက ထပ်ပီးချစ်ရတော့မှာကို တခြားသူတွေထပ်ပိုပီးကြောက်လာတတ်ကြတယ်...
အချစ်နဲ့ဝေးရာကို ထွက်ပြေးရင်း အဲဒီအချစ်ကိုပြန်ပီးအနိုင်ယူဖို့ကြိုးစားလာကြတယ်...
ဒါပေမဲ့နောက်ဆုံးတော့ အချစ်ဆိုတဲ့နွံထဲမှာထပ်ပီး ကျရှုံးကြပြန်တယ်...
__________________________________
"ကို.... you့ကို ချစ်လားဟင်"

Youရဲ့စကားကြောင့် ဆေးလိပ်ဖွာနေသည့် ဆော့ဂျင်ရဲ့လက်တွေလေထဲမှာရပ်တန့်သွားတော့သည်...
မကြာသေးခင်ကမှအသစ်ဆိုးထားတဲ့ ခရမ်းရောင်ဆံနွယ်ပျော့ပျော့တို့ကိုဟာ လက်တစုံရဲ့ဆွဲဖွာခြင်းကိုခံလိုက်ရပီး သောက်လက်စဆေးလိပ်လေးဟာလည်း ကြမ်းပြင်ထက်တွင်နင်း‌ချေခြင်းကို ခံလိုက်ရသည်..

"Youသိပါတယ် ကိုက တွဲသမျှလူတိုင်းကိုချစ်တယ်လို့‌မပြောဖူးဆိုတာ
လိမ်ပီးတော့ပဲဖြစ်ဖြစ် ချစ်တယ်လို့ပြောပေးလို့ရမလား ကို"

နှင်းစက်မှုန်မှုန်တွေကြားထဲက ဖွေးနုတဲ့မျက်နှာပြင်တခုမှာ စိတ်ပျက်မှုတွေနည်းငယ်ရောယှက်နေခဲ့လေသည်..
အအေးဒဏ်ကြောင့်နီရဲနေတဲ့နှုတ်ခမ်းထပ်မှာလည်း ဆေးလိပ်ငွေ့တချို့ကထွက်ပေါ်နေလေသည်...
ဆော့ဂျင် youကိုသေချာစိုက်ကြည့်လိုက်ရင်း...

"ကိုယ်မပြောနိုင်ဘူး...အကယ်၍မင်းအဆင်မပြေရင် လမ်းခွဲကြတာပေါ့"

ဟုတ်ပါသည်...
ကမ်ဆော့ဂျင်ဆိုသောသူဟာ ထိုသို့သောသူ...
ရည်းစားကို အ၀တ်အစားလိုတထည်ပီးတထည် တယောက်ပီးတယာက် နေ့စဉ်ပြောင်းနေသလိုပင် ထားသည်...
ချောမောလှသည့်ရုပ်ရည်အသွင်အပြင် ကျစ်လစ်လှသည့်ကိုယ်အချိုးအစာနဲ့ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းတို့ကြားမှာ နာမည်ဆိုးဖြစ်သည့် ရည်းစားများသည်ဟူသောအချက်ကသာ ဆော့ဂျင်ရဲ့ကဲ့ရဲ့စရာချို့ယွင်းချက်ဖြစ်‌ေတာ့သည်...
ဒါပေမဲ့ ကမ်ဆော့ဂျင်ဆိုတဲ့သူက ပတ်၀န်းကျင်ကိုထည့်တွက်မယ် ထင်ရင်တော့မှားသွားမှာပေါ့...
ဆော့ဂျင် ကိုယ့်ကိုကိုယ်ယုံသည်... ဘယ်သူ့ကိုမှသူချစ်တယ်လို့ပြောခဲ့ဖူးတာမဟုတ်လို့ လှည့်စားတယ်မမည်နိုင်...
တချို့သော ချစ်တယ်ပြောပီး ထားခဲ့သူတွေနဲ့တော့ကွာခြားသည်လေ...

More than love {ချစ်သည်ထက်ပိုသော} (ခ်စ္သည္ထက္ပိုေသာ)Where stories live. Discover now