(6)

646 82 16
                                    

Unicode

"အကို!! အကို..!
ကျွန်တော့ကို ထားမသွားပါနဲ့"

‌ဂျန်းကု လည်ချောင်းကွဲမတတ်အော်ခေါ်ပါသော်လည်း ချစ်ရသူအကိုကိတော့ လှည့်၍တောင်မကြည့်ပေ..
ဂျန်းကု ရင်တွေကွဲမတတ်နာကျင်လှသည် ကျောခိုင်းထားသည့် အကို့နောက်က‌‌ေကျာပြင်ကျယ်ကြီးဟာ ဂျန်းကုအတွက်တော့ အေးစက်နေလေသည်...

"ကျွန်တော် အကိုမရှိလို့မဖြစ်ဘူး...
ပြန်လာခဲ့ပါ အကို...
ကျွန်တော့စီပြန်လာခဲ့ပါ.."

နာကျင်မှုသက်သေအဖြစ် မျက်ရည်စများ ဂျန်းကုမျက်၀န်းထဲမှ စီးစင်းကျကုန်သည်..

"ဂျန်းကု မင်းသတိထားဦး ဂျန်းကု"

ဂျန်းကု မျက်လုံးကိုအသာ ဖွင့်ကြည့်လိုက်တော့ အရှေ့မှာရောက်နေတဲ့ချစ်ရသူ..
ဂျန်းကု ဆော့ဂျင်ကိုလွတ်ထွက်သွားမှာစိုးသည့်အလား ပွေ့ဖက်လိုက်သည်..
ဆော့ဂျင်ရဲ့ခေါင်းလုံးလုံးလေးဟာ အိပ်ယာပေါ်မှာ လှဲနေတဲ့ဂျန်းကုရင်ခွင်ထဲမှာကျရောက်နေပီး ဂျန်းကုကဆော့ဂျင်ဆံသားလေးတွေကို အသာနမ်းရင်းဆိုလေသည်...

"အကို အိမ်မက်ထဲမှာလေ အကိုကကျွန်တော့ကိုထားသွားတာတဲ့"

ဆော့ဂျင် အသာလေးငြိမ်နေပေးရင်း ဂျန်းကုပြောသမျှကိုနားထောင်နေလိုက်သည်..

"အကို ကျွန်တော့ကိုထားသွားလို့မဖြစ်ဖူး..
အကိုမရှိရင် ကျွန်တော်သေလိမ့်မယ်"

ဒါဟာ ဂျန်းကုရင်ထဲကစကားတွေဆိုတာ မေးကြည့်ရန်ပင်မလိုတော့ချေ..

"အိမ်မက်ပါ ငါအခုမင်းရှေ့မှာရှိနေတယ်မလား"

ဆော့ဂျင် ဂျန်းကုရင်ခွင်ထဲက‌ေနအသာရုန်းထွက်ရင်း ဂျန်းရဲ့နှုတ်ခမ်းပေါ်ကိုအနမ်းတပွင့်ခြွေလိုက်သည်..

"မင်း နေမကောင်းဘူးဆိုလို့ လာကြည့်တာ*

"ဘယ်သူပြောတာလဲ"

"မင်ယွန်းဂီ"

"အဲဒီစီနီယာယွန်းဂီကတော့!"

ဂျန်းကုပုံစံကြည့်ရတာ သူ(ဆော့ဂျင်)ကို အားနည်းသည့်ပုံစံပြချင်ပုံမပေါ်..
ဆော့ဂျင်ဘက်ကကြည့်ပြန်တော့လည်း ဂျန်းကုနေမကောင်းသည့်အဓိကအကြောင်းအရင်းက သူ့ကြောင့်သာ..
.
.
.
.
.
.
.
.
.
.
Bold letterသည် flashbacksသဘောဖြစ်သည်

More than love {ချစ်သည်ထက်ပိုသော} (ခ်စ္သည္ထက္ပိုေသာ)Where stories live. Discover now