Unicode
ကျောင်းကန်တင်းမှာ ဆော့ဂျင်သိပ်မစားဖူးပေမဲ့ ဒီနေ့မှအထူးအဆန်းစားနေမိသည်...
ပုံမှန်ဆိုရင် ဆော့ဂျင်ဟာအန်မတန်ကို အစားအစာ ဂျေးများသူတယောက်..
သူစားဖို့ချက်ပြုတ်ပေးရတဲ့စာဖိုမှူးမှန်သမျှ သူ့ဒဏ်မခံနိုင်တာနဲ့ထွက်ကုန်ကြသည်က များသည်...
ချမ်းသာတဲ့သူဌေးသားလေးဖြစ်တာနဲ့အလျောက် သူလိုချင်တာမှန်သမျှရခဲ့လေသည်...
သို့သော် ဆော့ဂျင်ဟာ အရင်ကဒီလိုပုံစံမျိုးမဟုတ်ခဲ့ပေ...
အရမ်းကို သိမ်မွေ့နူးညံ့ခဲ့တဲ့ကောင်လေးတယောက်...
သိပ်ကိုအချစ်ကြီးတဲ့ကောင်လေးတယောက်...
သို့သော် အခုဆော့ဂျင်ကတော့ အချစ်ကိုအယုံအကြည်မရှိတော့တဲ့လူတယောက်..."ဟိတ်ဂျင် ထူးထူးဆန်းဆန်း ကန်တင်းမှာလာစားနေပါ့လား"
အနောက်ပုခုံးကနေသိုင်းဖက်ရင်းပြောလာတဲ့ ဂျီမင်ကြောင့် ဆောဂျင်အပြုံးလိုက်မိသည်...
"ငါက ကန်တင်းမှာစားလို့မရဘူးလား"
"အဲ့လိုတော့ဘယ်ဟုတ်မလဲ ကျောင်းကမင်းအဖေပိုင်တဲ့ကျောင်းမင်းဘယ်မှာစားစား ရနေတာပဲလေ"
ဟုတ်ပါသည်...
သူတို့တက်နေတဲ့ RJ Universityကို ဆော့ဂျင်ရဲ့မိဘတွေက အများကြီးပံ့ပိုးပေးနေသည်..
ဒါကြောင့်ပဲ ဆော့ဂျင်ဘာလုပ်လုပ် မည်သူမှ၀င်မပြောရဲပေ..."ဂျွန်း ရေဘူးလေးဖောက်ပေးပါဦး"
လက်ထဲကရေဘူးကို နမ်ဂျွန်းလက်ထဲထိုးထည့်ပေးနေတဲ့ ဂျီမင့်ကိုကြည့်ရင်း ဆော့ဂျင်ရဲ့ ခေါင်းထဲမှာအရင်ကမှတ်ဉာဏ်တချို့ ပြန်ပေါ်လာခဲ့လေသည်..
သူလည်းတချိန်ကတစုံတယောက်ကို ရေဘူးဖောက်ခိုင်းဖူးခဲ့တာပဲ..."ဟို ပန်းချီခန်းထဲမှာတွေ့ခဲ့တဲ့..."
စကားပြောလာတဲ့ ထိုသူ့စီကိုဆော့ဂျင်တို့သုံးယောက်မော့ကြည့်လိုက်မိသည်..
ထိုသူကတော့ ဆော့ဂျင် ပန်းချီခန်းထဲမှာတွေခဲ့သည့် ဂျွန်းဂျန်းကုဆိုသည့်သူပင်...
သူ့ရဲ့နောက်မှာ ဂျလေဘီရုပ်နဲ့ ဖြူဖပ်ဖြူရော်အကောင်တကောင်လဲပါသေးသည်..."ကျွန်တော် မနေ့ကပန်းချီခန်းထဲကကိစ္စအတွက် တောင်းပန်ပါတယ် ဧကန္တတခုခု ပျက်စီးသွားတာများ..."
YOU ARE READING
More than love {ချစ်သည်ထက်ပိုသော} (ခ်စ္သည္ထက္ပိုေသာ)
FanfictionJinkook (Unicode+Zawgyi) အချစ်ကိုမယုံကြည်ရဲတော့တဲ့ကောင်လေးနဲ့ အဲဒီကောင်လေးကိုမှနှစ်နှစ်ကာကာချစ်မိတဲ့ကောင်လေးတစ်ယောက်... သူတို့နှစ်ဦးရဲ့အချစ်က ချစ်သည်ထက်ပိုသော အချစ်တွေဖြစ်နေတဲ့အခါ.. သူတို့အကြောက်တရားကိုအနိုင်ယူပီး အချစ်ရှိရာကိုလျှောက်လှမ်းနိုင်ပါ့မလ...