Unicode
"စီနီယာဂျင်"
အခန်း၀ရှေ့မှာ လာရပ်နေတဲ့ ထိုသူ့ကြောင့် ဆော့ဂျင် မျက်မှောင်ကျုံ့လိုကိသည်...
ထိုသူကတော့ နူးညံ့တဲ့အပြုံးနဲ့အတူ လက်ထဲက မုန့်ထုပ်တွေကိုဝေ့ရမ်းကာ ဆော့ဂျင်ကို နှုတ်ဆက်နေလေသည်...
ထိုသူကတော့ တခြားသူမဟုတ် ဂျွန်းဂျန်းကု...
အခုတလော ဂျန်းကုသည် ကျောင်းမတူသော်ငြားလည်း ဆော့ဂျင်တို့ကျောင်းတင်မက အတန်းရှေ့ထိပင် မုန့တွေလာပေးလေ့ရှိသည်...
ဆော့ဂျင်အတွက် ဒါမျိုးကအဆန်းမဟုတ်တော့...
သူတနေ့ရတဲ့မုန့်တွေ ကုန်တိုက်ဆောက်ပီးပြန်ရောင်းစားလို့ရသည်အထိ..."ဟိတ်.. ဟိုမှာ မင်းဂျူနီယာလေး လာနေပီလေ"
ပြီတည်တည်လာပြောသည့် ဂျီမင့်ရဲ့နဖူးကိုဆော့ဂျင် လက်နဲ့တောက်လိုက်တော့ အမူပိုစွာ နမ်ဂျွန်း ရင်ခွင်ထဲသို့၀င်ခွေသွားသည့် တကောင့်သား...
ဆော့ဂျင် စိတ်ထဲမှကြိတ်ကာမေတ္တာပို့ပေးလိုက်သည်..."စီနီယာဂျင် အတန်းပီးပီလား"
ဆော့ဂျင် ခေါင်းကိုသာ ငြိမ့်ပြလိုက်လေသည်...
ဂျန်းကုက သူ့လက်ထဲမှမုန်ထုပ်တွေကို ဆော့ဂျင်လက်ထဲကိုပြောင်းထည့်ပေးရင်း..."စီနီယာ ဟို.. ဟိုနေ့လည်ကျအတန်းရှိသေးတယ်မလား ဗိုက်ဆာနေမှာစိုးလို့ ကျတော် သွားပီနော် ဟီး..ဟီး"
အရှက်သည်းစွာ ထွက်ပြေးသွားသည့်ထိုကောင်ခေးကိုကြည့်ရင်း ဆော့ဂျင်ပြုံးလိုက်မိသည်..
ထိုကောင်လေးဟာအတော်ပင်ဖြူစင်မည့်ပုံ...
ရည်းစားလည်းထားဖူးဟန်မရှိ..
သူနှင့်တော့ အတော်ပင်ကွာသည်...
ဆော့ဂျင် လက်ထဲကမုန်ထုပ်တွေကို ပုံမှန်ဆိုရင်လွှင့်ပစ်လိုက်မှာဆိုပေမဲ့ ထိုကောင်လေးပေးသည့်မုန်များကိုတော့ ထူးဆန်းစွာစားလေ့ရှိသည်...."ဟိုနှစ်ကောင် စားဦးမလား"
"တော်ပါပီ ဟိုက ငါတို့ကိုကျွေးတာမှ မဟုတ်ပဲ မင်းကိုကျွေးတာကို ဟွန့်!"
မစားဘူးပြောသော်ငြားလည်း ဂျီမင့်မျက်လုံးတွေဟာ ထိုမုန့်ထုပ်များစီမှမခွာနိုင်...
"ဟေ့ကောင် ဆော့ဂျင် မှန်မှန်လိမ်စမ်း
မင်းသူ့အပေါ်မှာ နည်းနည်းတော့ပိုနေပီမလား"
YOU ARE READING
More than love {ချစ်သည်ထက်ပိုသော} (ခ်စ္သည္ထက္ပိုေသာ)
FanfictionJinkook (Unicode+Zawgyi) အချစ်ကိုမယုံကြည်ရဲတော့တဲ့ကောင်လေးနဲ့ အဲဒီကောင်လေးကိုမှနှစ်နှစ်ကာကာချစ်မိတဲ့ကောင်လေးတစ်ယောက်... သူတို့နှစ်ဦးရဲ့အချစ်က ချစ်သည်ထက်ပိုသော အချစ်တွေဖြစ်နေတဲ့အခါ.. သူတို့အကြောက်တရားကိုအနိုင်ယူပီး အချစ်ရှိရာကိုလျှောက်လှမ်းနိုင်ပါ့မလ...