အပိုင်း-၂ (ep-2)

601 11 0
                                    

မနေ့က မေ (၃) ရက်နေ့...မေ (၃) ရက်နေ့ပဲ  မေလ (၃) နေ့မို့လို့လားတော့မသိပေ..

             " ခက်"
             " ဟင်..နှင်းခ "

မြူနှင်းခက အနောက်က ဗြုန်းဆိုင်းကြီး ရောက်လာတာကြောင့် ခက်သင့်နွေ အတွေးများ ပျက်သွားတယ်

           " ခက်ငပလီ သွားရင်လေ တစ်ယောက်ထဲ ဖြစ်စရာမလိုတော့ဘူး "
           "ဟင်..?"
            " အင်းလေ အမမြတ်ဆုက ခက်ခရီး တစ်ယောက်ထဲသွားမှာ စိတ်မချဖူးတဲ့ "
         " အင်.. အဲ့တော့ "
         " နှင်းခကို လိုက်သွားပေးပါတဲ့ "
         " အင်..အမ် နှင်းခက လိုက်လို့မှ မရတာ "
       " အင်း..ဒါကြောင့် နှင်းခက နှင်းခ အကို ကိုခေါ်လိုက်တယ် သူက ရတယ်တဲ့ "
       " ဟင်!.. မြူနှင်းခရဲ့ ဘာတွေလုပ်လိုက် တုန်း ဟိုက အားနာစရာကြီး "
       " ဘာလဲ ဒါဆို ခက်တစ်ယောက်ထဲသွားမလို့လား နိုးနော် နှင်းခလဲ ခက်ကို စိတ်မချဘူး တော်ကြာ အကိုစစ်ပိုင်မင်း  နဲ့ တွေ့နေရင် ငူငူငိုင်ငိုင် ဖြစ်နေဦးမယ် "

မြူနှင်းခလဲ ပြောပြီးမှ ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်သည်
ခက်သင့်နွေ ပြုံးရုံသာပြုံးလိုက်သည်

    " ရပါတယ် နှင်းခရယ် ၊ တစ်နှစ်တောင် ကြာသွားပြီပဲ တစ်နှစ်ကြာလို့တောင် ခက်ဘက်က တစ်ဖတ်သတ်ကြီး တမ်းတနေလဲ အပိုပဲလေ "

ထိုအပြုံးများမှာ အသက်မပါလာပေ

      " အော် ခက် နှင်းခ ဒီနေ့ မုန့်အသစ် လုပ်ထားတယ် မြည်းကြည့်ဦး "
      " တော်ပါပြီ နှင်းခရဲ့ နှင်းခက ဘာလုပ်လုပ်ကောင်းတာပဲကို ၊ ခက်သွားစရာရှိလို့ သွားဦးမယ် "
      " ဒါနဲ့ ခက် အကိုစစ်ပိုင်မင်းနဲ့များ
မတော်တဆ လမ်းမှာတွေ့ရင် မသိချင်ယောင်ဆောင်သွားနော် "
      " အင်းပါ နှင်းခရဲ့ "

စစ်ပိုင်မင်း ဘာလို့လဲ... သူ့နာမည်လေးများ ကြားရင် သေနေတဲ့ရင်ခုန်သံတွေ ပြန်နိုးထလာတယ် ၊ ထားခဲ့တဲ့သူက ထားခဲ့ပြီလေ ခက်ရဲ့ ဘာတွေ တမ်းတနေချင်သေးတာလဲ ခက်သင့်နွေ

တီ..တီ..တီ..🚘
" မီးပွိုင့် စိမ်းနေပြီ မောင်းတော့လေကွာ "
ကားထဲကနေ လက်ခလယ် ထောင်သွားတဲ့ သူနဲ့ ဆဲသွားတဲ့သူနဲ့ပင် ။
စစ်ပိုင်မင်း ဘာလို့ သူ့အကြောင်းတွေးရင် ဘာကိုမှ သတိမထားနိုင်တော့တာလဲ
ကားကို အရှိန်လျော့ကာ ညာဘက် ကပ်မောင်းလိုက်သည် ကားထဲမှာ auto drive ဆိုတာလေး ပါရင် ခလုတ်ခလေး နှိပ်ထားပြီး ငိုလိုက်ချင်မိသား
ကိုယ်အရမ်းချစ်ရတဲ့သူတွေက ဘာလိ့ု ကိုယ့်ကို အရင်ထားသွားကြတာလဲ
ဘယ်ဘက် ထိုင်ခုံမှာ တင်ထားတဲ့ နှင်းဆီ ပန်း အဖြူ ၁ ပွင့် ပန်းစည်း အသေးလေးကို ယူကာ ကားပေါ်က ဆင်းလိုက်သည်

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now