အပိုင်း-၅ (ep-5)

316 9 0
                                    

ဒီနေ့ စစ်ပိုင်မင်းက သာကူထည့်နေရင်း ခက်ကို လှမ်းကြည့်နေတာကို ဒိုင်ယာရီ  စာအုပ်ထဲမှာ မဖြစ်မနေ ရေးလိုက်သေး သည် ၊ ကျောင်းမှာ ဖြစ်ခဲ့ သမျှကို ရယ်တော့ ရယ်ချင်မိသား ။

စစ်ပိုင်မင်း သူ့မှာ သူငယ်ချင်းမရှိပေ ၊ ခက်မြင် သလောက်တော့ သူကဘယ် သူငယ်ချင်းနဲ့ မှ တွဲလားတွဲလား မတွေ့ပါ ၊ သူက ဘယ်သွားသွား တစ်ယောက်ထဲသွားဧ။်
သူငယ်ချင်း အပေါင်းအသင်း ရယ်လို့ ရှိသည် မထင်ပါ။ အမှန် သူက စာဂျပိုး ပင် ။
ခက် စုံစမ်းရမိသလောက်ပေါ့ ၊  သူက ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်လဲ မဟုတ်ပေ ၊
သူ့နားမှာ ဘယ်မိန်းခလေးမှ ကပ်မနေပါ ။
အဲ့တာ ကောင်းဧ။် ။ ဘာလို့ကောင်းတာလဲ ခက်ဟု စိတ်ထဲက ပြန်မေးမိရင် ခက် မဖြေ တတ်ပါ ။

သေချာတာကတော့ သူ တစ်ခါများ ခက် ကို ကြည့်လိုက်ရင် ခက် ပြာပြာသလဲ ဖြစ်ပြီး ရင်ထဲမှာလဲ ဒုန်းဆိုင်းကုန်တာပဲ

  " ခက်.. မနက်ဖြန် အချိန်ပို ရှိတယ်နော် "
  " အင်...ဘယ်ဘာသာက အချိန်ပိုလဲ "

ခက်သင့်နွေ သူငယ်ချင်းကို မျက်နှာချင်းဆိုင် အနေအထား ၊ စစ်ပိုင်မင်းနှင့်လဲ မျက်နှာချင်းဆိုင် အနေအထားဖြစ်ဧ။်
သူငယ်ချင်းပြောနေသည်ကို ခက်သင့်နွေ အာရုံမရပါ ၊ ခက် စစ်ပိုင်မင်းကို ကြည့်ချင် မိသည်၊ မိန်းခလေးပီပီ သူ့ကို မသိမသာလေး ခိုးကြည့်မိသည် ။ သူက အစကထဲက ကြည့်နေသူလား ဒါမဟုတ် မတော်တဆ ဘဲလားတော့ မသိ ၊ သူနှင့် အကြည့်ချင်း ဆုံသွားရသည် ။အမလေး ဘာလို့ ရင်တွေ ခုန်လာတာလဲ ။

   " ဟဲ့ ဆရာ ဥာဏ်ဇော် ဘာသာလို့ "
   " အော် အေးအေး "

သူငယ်ချင်းက ပြုံးစိစိ နှင့်အနားက ထွက်သွားသည် ။ ခက်သင့်နွေ ရင်ခုန်သံ တွေ စုစည်းလို့ မရတော့ချေ ။ ခက် အကြည့်လွှဲ သွားလဲ သူက ဆက်ကြည့်နေသူမို့...

သူနဲ့ ခက်နဲ့ မျက်နှာချင်းဆိုင် အနေအထားပင် ၊ နှစ်ယောက်ကြားမှာ လူတွေ ဖြတ်နေတဲ့ ကြားက သူလဲ လှမ်းလှမ်းကြည့်သည်၊ ခက်လဲမသိမသာ ခိုးကြည့်နေသူမို့ အကြည့်ချင်းဆုံရသည်။
ဘာလို့ အဲ့လောက် ကြည့်နေတာလဲ ကိုစစ်ပိုင်မင်းရယ်၊ အကြည့်ခံရလွန်းလို့ လူလဲ ရှက်လာပြီ ။ စိတ်ထဲက ပြောသည်ကို သူကြားသွားသလားပင် ၊ သူတစ်ချက် ပြုံး လိုက်ပြီး သာကူ အိုးကို ပြန်မွှေနေလေ တယ်

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now