နှလုံးသားရဲ့ စေညွှန်ရာ❤
အပိုင်း ( ၁၅ ) ဇာတ်သိမ်း
၆ လကြာသော်..
ဒီနေ့ ခက်ရဲ့ မင်္ဂလာဆောင်နေ့ပင်။ စည်သူဟိန်း ဖိတ်စာလဲရထားသည်။ တော်သေးဧ။်
စည်သူဟိန်း အသဲမကွဲလိုက်၊ အသဲကွဲမိအလိုမှာ အဖေနဲ့ ကိုယ့်ညီမကြောင့် ဂျပန်ကို ဘုမသိနဲ့ ရောက်သွားသည်ကို ကျေးဇူးတင်ရမည် ။
မြူနှင်းခကလဲ ဟိုတယ်က ပြသာနာတွေ ဒိုင်ခံ ဖြေရှင်းပေးသောကြောင့် သူတော်တော် သက်သာရသည်။ ခုလဲ လက်စွပ်ဗန်းကိုင်ဖြစ်ရဲ့ သားနဲ့ အလုပ်ကြောင့် အိမ်မှာပဲ ပြင်ရသည့် နှင်းခပင်။
စည်သူဟိန်း လဲ ခုံပေါ်က ကားသော့ကို ယူကာ ကတ္တီပါ ဖိနပ်နက်ပြာရောင်လေး စီးကာ ကားပေါ်တက်လိုက်သည်။" မျက်မှန် မတပ်ရင် ဘာမှ မမြင်ရဘူးလား "
ခက်သင့်နွေ စူပုပ်ပြီး စစ်ပိုင်မင်း အားပြောလိုက်သည်။
"ကိုယ်က မျက်ကပ်မှန်မတပ်ချင်တာ မျက်မှန်မတပ်လဲ မြင်ရပေမဲ့ လေ "
ခက် စစ်ပိုင်ရဲ့ မျက်မှန်ကို ချွတ်လိုက်ကာ စစ်ပိုင် မျက်နှာကို သေချာကြည့်လိုက်တယ်
" ယူက မျက်လုံးမှေးတော့ မျက်မှန်နဲ့ ပဲလိုက်ပါတယ်လေ "
ပြောပြီး မျက်မှန်ကို ပြန်တပ်ပေးလိုက်သည်
" ဘယ်ကို ယူ လဲ.. လက်တောင်ထပ်တော့မှာ ကို ယောင်္ကျား လို့ဘာတို့ ခေါ်ပေါ့ "
" မခေါ်ပါဘူး ယူ က ယူပဲပေါ့ "
"ကိုကိုမကြိုက်ဖူးနော် ခလေး"
" မကြိုက်ကြိုက်"
" ဒီနှစ်ယောက် ဘာတွေ ro "
မြုနှင်းခ ပြောပြီး အခန်းထဲရောက်လာသည်။
သူတို့ နှစ်ယောက်က ပြင်တောင်ပြင်ပြီးနေပြီ။ သစ်ခွရောင် မြန်မာ ဝတ်စုံ နဲ့မို့ နှစ်ယောက်သား အရမ်းကြည့် လို့ကောင်းနေသည်။" အခမ်းအနားမစသေးဘူးလား ၊ မိတ်ကပ် ဆရာမကော? သတို့သမီးအရံတွေ.. ပြီးတော့ အန်တီတို့ကော ? "
မြူနှင်းခရဲ့ အဆက်မပြတ်မေးခွန်းတွေကြောင့်
ခက်သင့်နွေ မြူနှင်းခဘက်လှည့်လိုက်သည်။
YOU ARE READING
နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode]
Romanceအချစ်တစ်ခုမှာ နုလုံးသားထက် ဦးနှောက်နဲ့ ရွေးချယ်တဲ့သူတွေက ရင့်ကျက်သူတွေပါတဲ့ ဒါဆို ကျွန်တော်က ဘယ်တော့မှ ရင့်ကျက်သူမဟုတ်ခဲ့ဘူး ။ အဲ့တာ သူမ တစ်ယောက်ထဲ အတွက်ဖြစ်ခဲ့တာ ။ Written By B_Hsu ၂၀၁၈ တုန်းက ရေးဖူးသော ယခု fiction ကို unicode ဖြင့် ပြန်လည်ရေးသားထ...