အပိုင်း-၁၄ (ep-14)

266 6 0
                                    

" ဘာလို့ သံစဉ်အိမ်ကိုလာတာလဲ ?"
ခက်သင့်နွေက စစ်ပိုင်မင်းကို ပြုံးပြပြီး ခြံတံခါး ကို သွားဖွင့်လိုက်တယ်။

" သံစဉ်က ခက်တို့ နှစ်ယောက်ကို လွမ်းနေမှာ ဆိုးလို့ ကိုယ်ထင်လာပြတာ "

ခက် စစ်ပိုင်လက်ကိုတွဲပီး အိမ်ထဲ ဝင်လာလိုက်တယ်။ အိမ်က ဟိုနေ့ကသွားတုန်းကထက် ပိုမှောင်နေသော်လဲ နေ့လယ်ဘက်မို့ ပြတင်းပေါက် ကနေတဆင့် အလင်းတစ်ချို့က ထိုးဖောက်နေတယ်။ စစ်ပိုင်မင်း အပေါ်ထပ်ကို တက်သွားသည်ကြောင့် ခက်လဲ အနောက်က လိုက်သွားလိုက်သည်။

" ဒီအိမ်ကို မရောက်တာ ဘယ်လောက်ကြာပြီလဲ "
စစ်ပိုင်မင်း အပေါ်ထပ်ကနေ အောက်ကို ငုံ့ကြည့်ကာ တွေဝေပြီးပြောလိုက်သည်။ အပေါ်က လှမ်း ကြည့်လျှင် အောက်က ဧည့်ခန်းကို သေချာမြင်ရ သည်။

" ၂ တန်းတုန်းက သံစဉ်က ဒီအထပ်ကနေ အောက်ကို ခုန်ချတာ ၊ ကိုယ်က အောက်က ဖမ်း မယ်ပေါ့ ဆိုပြီး ဆော့တာ၊ သံစဉ်က ခုန်ဖို့ အလိုမှာ ခြေထောက်က ချော်ကျသွားပြီး လှေကားကနေ တလှိမ့်လှိမ့်ပြုတ်ကျသွားတာ ကိုယ်မှတ်မိသေးတယ် "

ပြောပြီး စစ်ပိုင်ရဲ့ မျက်လုံးများ မျက်ရည်ဝဲနေသည်ကို ခက်မြင်လိုက်ရသည်။

" ခေါင်းက အမာရွတ်လေးက အဲ့တုန်းက
ခေါင်းပေါက်သွားတာ "

စစ်ပိုင်မင်းက ပြောပြီး သူ့လက်ခုံဖြင့် ကျလာမည့် မျက်ရည်များသုတ်လိုက်သည်။

" ခလေးရဲ့ မိဘတွေသာ ယောင်္ကျားလေးတွေနဲ့ သာ ပေါင်းလို့ရပါတယ်လို့သာပြောလိုက်ရင် သံစဉ်က ကိုယ်နဲ့ခလေးကို မိတ်ဆက်ပေးလောက်တယ်။ အဲ့ကထဲကအချစ်ဆုံးသူငယ်ချင်း သုံးယောက် ဖြစ်ခဲ့ရမှာ "

စစ်ပိုင်မင်းက ဧည့်ခန်းကြီးကို ငေးပြီးမှ
ခက်သင့်နွေ ဘက်လှည့်ပြောလိုက်သည်။
ခက်သင့်နွေစဉ်းစားပြီးမှ...

" ဒါနဲ့လေ..သံစဉ်ကိုကားတိုက်သွားတဲ့
တစ်ယောက်က ထောင်က လွတ်သွားလောက်ပြီ လား "

တွေဝေပြီး သူမကို တစ်ချက်ကြည့်လိုက်မိသည်။

" သံစဉ်အမေက ငွေကြေးနဲ့ ကြေအေးပေးလိုက်တာ ဘာလို့လဲနှင်းခ သိလား "
" နှင်းခ ကြားသလောက်ကတော့ အမသံစဉ်ရဲ့ ခဲအို က ပိုက်ဆံတွေသူများရှီက ချေးပြီး
ထွက်ပြေး သွားတယ်တဲ့၊ အဲ့တာ အမသံစဉ်ရဲ့ အမက သူ့ယောကျာင်္း ချေးထားသမျှ ကို လိုက်မဆပ်နိုင်တဲ့ ပုံပဲ...၊ အဲ့တာ ဒီကိစ္စကြီး အဲ့လို ကြေအေးတဲ့ သဘော"

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now