ငပလီရောက်သွားခဲ့ပြီ ။ မတွေ့ရတာ ကြာတဲ့ ကမ်းခြေမို့လို့လားမသိ ရောက်တာနဲ့ လေကို အဝ ရှူပစ်မိသည်။ လှိုင်းများရဲ့🌊 ' ဝုန်း..ဝုန်း '
အသံများကလည်း မြို့ပြမှာရှိတဲ့ ကားများရဲ့
ဟွန်းသံထက် မဆူညံပေ ၊ သာယာငြိမ့်ညောင်း မှုကို ခံစားရသည်။ စိတ်ဖိစီးမှုတွေ လျော့ချဖို့ လာခဲ့သည်မို့ ရန်ကုန်က ကိစ္စတွေကို ခေတ္တမေ့ထား ချင်သည်။ စည်သူဟိန်းနဲ့ ကားတစ်လျှောက်လုံး စီးလာသောကြောင့် ရင်းနှီးမှု တစ်ခုကြီးလဲ ရနှင့်နေပြီ။ခက်သင့်နွေ လက်နှစ်ဖက်ကို ဆန့်ကာ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ပြီးတော့ လေကို အဝရှူလိုက်သည်။ ဒီနေ့ ကောင်းကင်ကြီးကလဲ ပိုလှနေသည်။" ခက္ "
စည်သူဟိန်း အသံမှန်း သိသောကြောင့် နောက်ပြန်မလှည့်ကြည့်ပဲ ပင်လယ်ကြီးကိုပဲ ငေးမော နေမိသည်။ သူက ခက်ဘေး လာရပ်ကာ
လက်ကို နောက်ပစ်လိုက်သည်။" ပင်လယ်ကြီးက လှလိုက်တာနော် ! "
စည်သူဟိန်းလဲ သဘာဝကို ခံစားမိဟန်တူသည်။
ခက် ဘာမှမပြောပဲ တိတ်ဆိတ်နေလိုက်တယ်။" ဒီလို လှပတဲ့ ပင်လယ်ကြီးလဲ ရှိတယ် ၊ လှပတဲ့ ကောင်းကင်ကြီး နဲ့ စိမ်းစိုတဲ့ သဘာဝ
တောတောင်တွေ ရှိတာတောင် လူတစ်ချို့က ဘာလို့ suicide ( သတ်သေ ) လုပ်ဖို့ စဉ်းစား ခဲ့ကြတာလဲနော် "" သတ်သေဖို့...."
ခက်သင့်နွေ စကားသုံးလုံးသာပြောပြီး ရပ်သွားသည်ကို စည်သူဟိန်းသတိ မထားမိဟန်ပါ။
အရမ်းလှတဲ့ ပင်လယ်ကြီးရဲ့ တေးသွားအောက်မှာ သူ နစ်မြောနေပြီလေ....။တစ်စုံတစ်ယောက်ကို အရမ်းချစ်ဖူးလား ၊ သူမရှိရင် အသက်မရှင်နိုင်တဲ့ ထိ ဖြစ်ဖူးလား၊
ကိုယ့်ကိုကိုယ် အရူးလို့ သတ်မှတ်ရလောက်တဲ့ ထိ အချစ်ကိုရူးဖူးလား...ဟင်း...
သာမန်သူတွေ ဒီစကားကြားရင် ရယ်ကြပါလိမ့့်မယ်။ ဒါမဲ့ ခက်က အရူး ၊ အချစ်ရူးမလေး ၊
သူမရှိရင် အသက်မရှင်လောက်တဲ့ထိ ဖြစ်ခဲ့ဖူးသည်။ စစ်ပိုင်မင်းနှင့် ပြတ်ပြီး ၂ လအကြာမှာ ကိုယ်ကိုကိုယ် သတ်သေဖူးဧ။် ။
YOU ARE READING
နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode]
Romantizmအချစ်တစ်ခုမှာ နုလုံးသားထက် ဦးနှောက်နဲ့ ရွေးချယ်တဲ့သူတွေက ရင့်ကျက်သူတွေပါတဲ့ ဒါဆို ကျွန်တော်က ဘယ်တော့မှ ရင့်ကျက်သူမဟုတ်ခဲ့ဘူး ။ အဲ့တာ သူမ တစ်ယောက်ထဲ အတွက်ဖြစ်ခဲ့တာ ။ Written By B_Hsu ၂၀၁၈ တုန်းက ရေးဖူးသော ယခု fiction ကို unicode ဖြင့် ပြန်လည်ရေးသားထ...