15. Truly

57 7 0
                                    

'ကိုကိုzhang , xiu ဒီနေ့စိတ်ဆိုးပြေမှာပါနော်'

'သူအကြာကြီးစိတ်ကောက်နိုင်မှာမဟုတ်ပါဘူး, ညီမလေးလည်း ချော့သင့်တယ်'

'အင်းပါ'

'ပြီးတော့ wang leiဆိုတဲ့ကောင်လေး, သူကလူကောင်းပါ'

'ညီမလည်းသိပါတယ်, ဒါနဲ့ ကိုကိုလည်း ချစ်ရမဲ့သူတွေ့ပြီးပြီလား'

'ပြောပြလို့မဖြစ်ဘူးပဲ'

'အာ ပြောပြပါ, သူမကလှလား'

'သူမလား..., သူကခန့်ညားတယ် အကိုထက်အရာအားလုံးသာ‌တယ်'

'ဒီကျောင်းကလားဟင် ကိုကို ပြောပြပါနော်'

'အင်း ကျောင်းနားတောင်ရောက်ပြီပဲ , ဒီနေ့လည်းစာကြိုးစားနော်'

'ကိုကိုzhang'

'အာ ဟိုမှာxiuနဲ့ tai, ညီမလေးကိုစောင့်နေကြတယ် ကြည့်ရတာစိတ်ဆိုးပြေပြီထင်တယ်'

'အဲ့လိုထင်လား ကိုကို'

'သေချာစကားပြောလိုက်ကြအုံး, ကိုကိုအရင်ဝင်‌နှင့်မယ်'

'အင်း ကိုကိုဆုတောင်းပေးအုံး'

'တာ့တာ'

Liu yangမှ xiuရှေ့ရပ်လိုက်ပြီး
ခေါင်းငုံကာ

'xiu ငါတောင်းပန်ပါတယ်, ငါနင်တို့အပေါ် မပွင့်လင်းဘူးဖြစ်သွားတယ်'

အသံမထွတ်၍ ခေါင်းမော့ကြည့်လိုက်"

Xiuမှ
'အရူးမ'

....

'နင်ဘာလို့ အနိုင်ကျင့်ခံရတာကို မပြောရတာလဲ, အရူးလား'

'ဘယ်ကသိလာပြန်တာလဲ'

'မနေ့က ကျောင်းဆင်းတော့ wang leiပြောပြတယ်, နင်ကြိုပြောရင် ငါwang leiကို အစောထဲက ရိုက်ထုတ်ပြီးပြီ'

Taiမှ
'xiu သူကအကောင်းနဲ့လည်းပြောရသေးတယ်'

'သူဘယ်လောက် ချောချော ငါ့သူငယ်ချင်းထက် အရေးကြီးလို့လား, သူ့fanတွေဆီသွားပြီး အကုန်လုံးကို ဆောင့်ကန်ပြစ်မယ်, ဒီဟာတွေတော့ ငါစိတ်တိုလာပြီ ဟဲ့tai ငါတို့သွားဆုံးမရင်ကောင်းမလား'

'နင်တဂယ်ပြောနေတာလား'

'တဂယ်ပေါ့, သူတို့ကိုသူတို့ဘာထင်နေတာလဲ'

Is That True? S2Where stories live. Discover now