25. 🔞icy🔞

150 6 0
                                    

(morningပါ,liu💜)

'အစောကြီးစာပို့ထားတာလား'

သူမအ‌ရင်နေ့ကထက် စောစောနိုးနေပြီး ကျောင်းသွားဖို့အတွက် စိတ်လှုပ်ရှားနေတော့သည်။

'ကလစ်ပန်ရမလား, ပန်နေကျမဟုတ်တော့ တစ်မျိုးပဲ'

'ဆံပင်စီးရမလား ချရမလား,..အင်း ဆံပင်တစ်ဝတ်စီးပြီး ကလစ်လေးပန်လိုက်တာကောင်းမယ်'

'ကြည့်လို့အဆင်ပြေပါတယ်နော်'

'အာ နောက်ကျတော့မှာပဲ'

ကျောင်းပေါက်၌*

'‌liu မြန်မြန်လာ'

'နင်တို့ဒီနေ့လာသားပဲ'

'မ‌နေ့ကတဂယ့် ဗရုတ်ပါဟယ် ပိုက်ဆံလည်းထင်တာထက်အများကြီးကုန်သွားတယ်'

'နင်အိပ်ပျော်နေလို့လေ'

'taiနင်သာငါ့ကိုနှိူးရင် အဲ့လိုဖြစ်မလား'

'ငါလည်းနင့်ကို မချီနိုင်ဘူးလေ'

'နင်သာငါ့ကိုတဝက်စိုက်ပေးရင်ပိုက်ဆံကုန်ပါ့မလား'

'အဲ့အစားငါနင့်ကို အိမ်မှာ ရေလဲပေးချိုးတယ် ဟင်းချိုပါချတ်တိုက်ပြီး အိမ်လိုက်ပို့ပေးတယ်မလား'

'အဲ့တာကဘာမှမပြောပလောက်ဘူးလေ'

'ဟား'

'နင်တို့ပြောတာငါဘာမှ လိုက်မမှီတော့ဘူး'

'liu နင်ရော အဲ့နေ့က အိမ်ကိုကောင်းကောင်းပြန်ရောက်ရဲ့လား'

'အင်း wang leiကားပေါ်မှာ အိပ်ပျော်သွားသေးတယ်, နိုးလာတော့ ငါ့လမ်းထဲမှာပဲကားက အဲ့တာကြောင့်အိမ်ကို မိုးလင်းခါနီးမှပြန်ရောက်တယ်'

'wang leiက စိတ်ချရတဲ့သူပဲ'

'အတန်းနောက်ကျလိမ့်မယ် ဝင်ကြတော့မလား'

'ဒါနဲ့ liu, နင့်ကြည့်ရတာ တစ်ခုခုပြောင်းလဲနေသလိုပဲ'

'ဘာပြောင်းလို့လဲ'

'ဟုတ်တယ်မလား tai'

'အင်း အရင်နေ့ကနဲ့တော့မတူဘူး'

'ဘာတွေပြောနေတာလဲ, ငါဘာမှမလုပ်ထားဘူး'

'နင်.. ဆံပင်ပုံစံ အဲ့လိုမျိုးတစ်ခါမှမလုပ်ဖူးဘူး'

Is That True? S2Where stories live. Discover now