8. new friend

75 9 0
                                    

Tai အိမ်အပြန်လာ

'ဟေ့ကောင် မင်းဘယ်သွားနေတာလဲ'

'သား သူငယ်ချင်း‌မွေးနေ့သွားတာပါ'

'နောက်ကျလိုက်တာ ဒီထက်နောက်ကျရင် မင်းကိုငါ သေအောင်‌ရိုတ်တော့မှာ, သွား ပန်းကန် သွားဆေး'

'ဟုတ်'

Tai အဝတ်အစားလဲပြီး၍ ပန်းကန်များဆေးကာ

'သားပြန်ရောက်ပြီပေါ့, ထမင်းရောစားပြီးပြီလား'

'မစားရသေးဘူးအမေ'

'အမေခူးပေးထားမယ် စားလိုက်နော်'

'ဟုတ်ကဲ့ အမေ'

ကျွန်တော့်မှာ ပထွေးရှိတယ်။ အမေ့ကို အိမ်ကအတင်းထပ်ပေးစားလို့ ယူလိုက်ရတဲ့သူပေါ့, အဖေက ကား accident ကြောင့် ကျွန်တော်ငယ်ငယ်ထဲက ဆုံးသွားတာ, လူကြီးတွေက ကျွန်တော်ငယ်သေးတော့ ဖခင်လိုတယ်ဆိုပြီး အမေ့ကို အတင်းအကျပ်စီစဉ်တော့တာပဲ။
အမေလဲ ကျွန်တော့်ကြောင့် သူမ
မချစ်ခင်ပဲယူလိုက်ရတယ်။ ပထွေးဆိုတော့ ပထွေးအတိုင်းပဲပေါ့ဗျာ သူစိတ်မကြည်လာရင် မဲမဲ့သူက ကျွန်တော်ပဲ။ သူအိမ်အတွက် ပိုက်ဆံရှာ‌နေတာတော့ ကျွန်တော်သိပါတယ် ဒါပေမဲ့ သူများတွေလိုမျိုး 'ဖေဖေသားကိုမုန့်ဖိုးပေး'လို့ ပြောဖို့လောက်ထိ ငါတို့ကမရင်းနှီးဘူး။ ပထွေးကိုယ်တိုင်ကလဲ ပေးချင်စိတ်မှမရှိတာ။

သူနဲ့တစ်အိမ်ထဲ အချိန်အကြာကြီး မနေချင်တော့လို့ ကျောင်းမြန်မြန်တက်ချင်ပြီ။

🌃🌆🌄🌇🌉🌆🌃🌌

'Tai ငါတို့ဒီမှာ'

Liu yang လက်ဝှေ့ယမ်းပြ

'ငါလာပြီ'
Taiမှ သူငယ်ချင်းတွေဆီပြေးသွားလိုက်ပြီး

'ဆောရီး ငါပထမရက်မှာတင် နောက်ကျသွားတယ်'

'နင်အလှတွေပြင်နေလို့ နောက်ကျတာနေမှာပေါ့'

'xiu နင့်မျတ်နှာကမိတ်ကပ်က ဇွန်းနဲ့ခြစ်ချလို့ရနေပြီ'

'နင်ငါ့အလှကိုမနာလိုဖြစ်နေတာမလား'

'ငန်းရုပ်‌ဆိုးကများ'

'နင်ကမှ ဘဲရုပ်ဆိုး'

'အဲအဲ Tai Xiu, တော်ကြပါတော့ ငါတို့ အတန်းထဲမှာ ထိုင်ခုံရွေးဖို့ စောစောသွားမှဖြစ်မယ်, ရန်မဖြစ်နဲ့တော့ဟုတ်ပြီလား'

Is That True? S2Where stories live. Discover now