Strawberry(1)

2.6K 68 16
                                    

တိုက်​အိမ်​လုံးချင်း​လေး​တွေ တညီတညာရှိ​နေတဲ့ ရပ်​ကွက်​ငယ်​​လေးရဲ့ည​နေခင်း​လေးက အ​ရောင်​စုံလှတယ်​။ ​ဆော့ကစား​နေတဲ့က​လေးငယ်​​တွေရဲ့ အသံဆူဆူ​လေး​တွေ။ ထိပ်​ဘက်​မှာရှိ​နေတဲ့ အ​သေးစား street food​ခေါ် အစာ​ပြေဆိုင်​​လေး​တွေနဲ့ ရပ်​ကွက်​ငယ်​​လေးကစည်​စည်​ကားကား။ နှစ်​ထပ်​တိုက်​ပု​လေး​တွေ ကိုယ်​ပိုင်​ခြံဝန်းငယ်​​လေး​တွေနဲ့ ဒီရပ်​ကွက်​​လေးက စိတ်​ပင်​ပန်းခြင်းတို့ငြိမ်းချမ်းရာ​လေးလို။ က​လေး​တွေ​ကျောင်းတက်​ချိန်​ဆို တိတ်​ဆိတ်​​နေတတ်​ပြီး ည​နေပိုင်း​ရောက်​ရင်​​တော့ ဆည်းလည်းသံ​လေး​တွေကြားရတာကလဲ ဒီရပ်​ကွက်​ရဲ့သဘာဝတစ်​ခု။ ပုစွန်​ဆီ​ရောင်​​နေလုံးကြီးဟာ လှုပ်​ရှား​နေတဲ့အရာ​တွေက ကွဲထွက်​ခြင်းရှိ​မ​နေပဲ လိုက်​ဖက်​ညီစွာပနံတင့်​​နေတာမို့ သိပ်​လှတဲ့ သက်​၀င်​ပန်းချီကားလှလှ​လေးလို မြင်​ကွင်း​လေးက တည်​ရှိ​နေခဲ့တယ်​။

"ခန့်​ညား ဒီဘက်​ကို​ပေး ဒီဘက်​ကို"

ဘောလုံးကန်​​နေတဲ့ဆယ်​​ကျော်​သက်​အရွယ်​​ကောင်​​လေးတို့ရဲ့အသံကဆူညံစွာ။ ​ဘောလုံးကိုပိုင်​ဆိုင်​ထားသူ​ကောင်​​​လေးက အသား​ရောင်​ညိုစိုစို​ပေမဲ့ ခန့်​ငြားလှတဲ့အသွင်​အပြင်​နဲ့။ ​မေးရိုးအကျ​လေးထင်​ထင်​ရှားရှားမ​ပေါ်​သေးတာမို့ ဒီ​ကောင်​​လေးက အသက်​ငယ်​ရွယ်​​သေးမှန်းသိ​သာ​စေသည်​။ ခပ်​ထွားထွားခန္ဓာကိုယ်​​လေးက​တော့ ​ဘောလုံးကန်​​နေတဲ့ အုပ်​စုကြားမှာထင်​ထင်​ရှားရှား။

"ဘုန်း"

အ​ပေး​ကောင်း​ကောင်းနဲ့ ​ရော်​နယ်​ဒိုလို ကန်​ချက်​က လမ်း​ပေါ်ကတစ်​စုံတစ်​​ယောက်​ရဲ့​ခေါင်းကိုထိမှန်​တဲ့အခါ ​ကောင်​ငယ်​​လေးက ဂုတ်​ပိုးကို လက်​ညှိုးနဲ့အသာယာကုတ်ခြစ်​ရင်း ​တောင်းပန်​စကားဆိုဖို့ပြင်​လိုက်​တယ်​။ ​တောင်းပန်​မှလဲ ဖြစ်​လိမ့်​မယ်​။ သူကန်​လိုက်​တဲ့အရှိန်​ကိုသူသိသည်​​လေ။ အ​တော်​အီစိမ့်​သွားရှာမှာ။ ​ထိမှန်​သွားသူကိုကြည့်​မိ​တော့ မိန်းက​လေးဖြစ်​နေတာမို့ ပိုတိုးလို့အားနာရသည်​။ ပိန်​​သေး​သေးခန္ဓာကိုယ်​​လေး​ကြောင့်​ သူမခမျာ​ဘောလုံးမှန်​​တော့ ယိုင်​ပါယိုင်​သွားရှာတာ။ ​ခေါင်းကိုထိမှန်​သွားတဲ့​ကောင်​မ​လေးက ​မြေကြီးကိုစမ်းရင်း​တစ်​ခုခုရှာ​ဖွေ​နေပုံ။ မကြာလိုက်​လက်​ထဲမှာပါလာတာကမျက်​မှန်​၀ိုင်းကြည်​ကြည်​​လေး။ မှန်​ထက်​မှာ အက်​​ကြောင်းရာ​လေးက အနဲငယ်​မြင်​​နေရတာမို့ ကွဲသွားသည်​ထင်​။ ပြန့်​ကျဲ​နေတဲ့စာအုပ်​​တွေကို​ကောက်​​​နေလို့ ကြည့်​မိ​တော့ စာရင်းအင်းဆိုင်​ရာစာအုပ်​​တွေနဲ့ ဘာသာပြန်​စာအုပ်​အချို့။ အဖွားကြီး ဒီ​ဇိုင်းခပ်​တုံးတုံးမျက်​မှန်​နဲ့ ခါး​လောက်​နီးပါးဆံပင်​ရှည်​။ တက္ကသိုလ်​ရင်​ဖုံးနဲ့ ထမီနဲ့ဆို​တော့ ​သေချာ​ပေါက်​ အ​ဒေါ်အရွယ်​လို့တွက်​မိသည်​။ ငုံ့​နေတဲ့​ခေါင်းကစာရွက်​​​တွေ​ကောက်​​နေလို့ ပြန်​မ​မော့​သေးတာမို့ ရုပ်​ကိုမမြင်​ရ။

My girl look like strawberry❤❤[Completed]Where stories live. Discover now