Strawberry(3)

750 62 14
                                    

"၀ါး ဒီ​နေ့​တော့စီနီယာမမ မလာလို့ အနားရပြီပဲ"

"​သေ​အောင်​စည်းကမ်းကကြီးတာဟာ ​မော်​ဒယ်​ပြိုင်​မှာလဲမဟုတ်​ပဲနဲ့"

"အဲ့အမက ​ချောလဲမ​ချောဘူး​နော်​"

ဒီ​နေ့​တော့ စ​တော်​ဘယ်​ရီ​လေး မအားဘူးဆိုတဲ့အ​ကြောင်းပြချက်​နဲ့ ​လေ့ကျင့်​ရာhallခန်းမဆီမ​ရောက်​လာတာမို့ မိန်းက​လေးဘက်​ခြမ်းက အသံ​ဗလံ​တွေက ဆူညံလို့​နေသည်​။ စ​တော်​ဘယ်​ရီ​လေးက မလှဘူးတဲ့ စိတ်​ထဲကသာ ဟားတိုက်​ရီလိုက်​သည်​။ ငါ့စ​တော်​ဘယ်​ရီ​လေးက လှတာထက်​ကိုလွန်​​နေတာဆိုပြီး။

"ဟိုးဒါး အမ​ ​လေးတို့ ရတု မလာ​တော့အတင်း​​တွေစွတ်​တုပ်​​နေကြတယ်​ဟလား သူလာမှ ငါပြန်​​ပြောအုံးမယ်​"

ခပ်​​ချော​ချော kingအကိုကြီးက ရုပ်​​ချောသလို သ​ဘော​ကောင်းမှန်း ဖြတ်​သန်းခဲ့တဲ့ရက်​​တွေအရသိပြီးသားဖြစ်​သည်​။ အကိုကြီးအနားကို တိုးလို့ လက်​ပံပင်​ဆက်​ရက်​ကျသလို ဆူညံ​နေသူ​တွေကို ခန့်​ညားတစ်​ချက်​သာ ကြည့်​ရင်း ​ရေဘူးကို ဖွင့်​​သောက်​လိုက်​သည်​။ စ​တော်​ဘယ်​ရီ​လေးကို မ​တွေ့ရတာမို့ ဒီ​နေ့ph gallery​လေးက ပုံအသစ်​​လေး​တွေ လစ်​ဟင်း​နေခဲ့တယ်​။ gallery​လေးနဲ့ထပ်​တူ နှလုံးသား​လေးဟာလဲ အနဲငယ်​လစ်​ဟာလို့။

"သား​ရေ အ​ပေါ်ထပ်​ကို မင်းညီမရဲ့ဂိုက်​ဆရာမ​လေးဖို့ ဒါ​လေးပို့​ပေးပါအုံး"

အ​အေးခွက်​ကိုကမ်း​ပေးရင်း TVကြည့်​​နေသူကို ​မေ​မေက ခိုင်းစကားပြုသည်​။ ​နာရီကိုလှမ်းကြည့်​မိ​တော့ ၆နာရီခွဲ။ ​နောက်​ကျ​နေပြီဟာကို ဂိုက်​ကခုမှလာရသလား။ အ​အေးခွက်​ကိုယူရင်း အ​ပေါ်ထပ်​တက်​မိ​တော့ စာကြည့်​စားပွဲမှာ ချစ်​ညီမက စာလုပ်​လို့ ​ဘေးဘက်​ကအရိပ်​​သေး​သေး​လေးက​တော့ နံရံနဲ့အနဲငယ်​ကွယ်​​နေတာမို့ မမြင်​ရ။ စာလုပ်​ဖို့ကို တီ​ကောင်​ဆားထိသလို တွန့်​တွန့်​လူး​နေ​သော အငယ်​မကို စာလုပ်​​အောင်​လုပ်​နိုင်​သူကို ​လေး​တော့စားမိသား။

"​မေ​မေ လာပို့ခိုင်းတာပါ ခင်​​ဗျ"

ဆရာမဆို​တော့ အသက်​ခပ်​ကြီးကြီးဖြစ်​မယ်​လို့​တွေးရင်း ယဉ်​ယဉ်​​ကျေး​ကျေး စကားဆိုမိ​တော့ ​အ​အေးခွက်​ကိုလှမ်းယူတဲ့ လက်​​ပေါ်ကလက်​သည်းကြည်​ကြည်​​လေး​တွေ။ အာရုံထဲမှာ စ​တော်​ဘယ်​ရီ​လေးကိုစွဲလန်းမှု့က အ​တော်​ကြီး​နေလို့ ထင်​ရဲ့။ လက်​သည်း​လေး​တွေက အစ သူမလို့ထင်​မိ​နေ​တော့တာပဲ။ ​မျက်​နှာကို ​သေချာကြည့်​မိ​တော့ မြင်​လိုက်​ရသူ​ကြောင့်​ နာမ်​စားတစ်​ခုက ရုတ်​ခနဲ နှုတ်​မှ ထွက်​ကျသွားရသည်​။

My girl look like strawberry❤❤[Completed]Where stories live. Discover now