Strawberry(4)

709 56 8
                                    

ခပ်​ဆူဆူ စကားသံအချို့နှင့်​ လူပြည့်​ကြပ်​​နေ​သော canteen​ကြောင့်​ စုတ်​သတ်​မိသည်​။ ​နေ့လယ်​ခင်း အမြဲလူကြပ်​သိပ်​​နေတာမို့ ​နေ့ခင်းအတန်းချိန်​လွတ်​​ပေါင်းကလဲများခဲ့ပြီ။

"မင်း ဘာစားမှာလဲ"

အုပ်​စုထဲမှ ​ဘော်​ဒါ​ကောင်​​လေးရဲ့အ​မေးကို နဂိုအတိုင်းပဲဟုပြန်​​ဖြေလိုက်​သည်​။ ​သေချာသည်​ ဒီ​နေ့လဲ ​နေ့လယ်​စာ​နောက်​ကျအုံးမည်​။ နှစ်​​ပေါင်းများစွာမှ ​ရောက်​လာမည့်​ orderကိုထိုင်​​စောင့်​​နေရမှာ ပျင်းတာမို့phကိုထုတ်​ရင်း ဂိမ်း​ဆော့ဖို့ပဲ ပြင်​လိုက်​သည်​။

"ဟာ အကိုတို့ ထမင်းလာစားတာလား"

ကန်​တင်းလာမှ​တော့ထမင်းလာမစားပဲ ​ဈေးလာ​ရောင်းတာဖြစ်​မလားလို့ မ​ငေါက်​ငမ်းဖြစ်​​တော့ ဂိမ်းထဲအာရုံဝင်​​နေတာမို့ ​ခေါင်းသာငုံ့ထားလိုက်​သည်​။

"ဒီမှာပဲထိုင်​လိုက်​ပါလား ခုံ​တွေကမရှိ​တော့ဘူး​လေ"

အ​ပြော​ကြောင့်​ တချက်​ကြည့်​မိ​တော့ အမှန်​ပင်​ ခုံမရှိ​တော့။

"ဒါဆိုလဲခွင့်​ပြုပါအုံး"

ပြောလဲ​ပြော ထိုင်​ခုံကိုဆွဲရင်းဝင်​ထိုင်​လိုက်​တာ ကြည့်​မိ​တော့ ​ဘေးဘက်​ကို​ရောက်​လာတာက ​ယောက်ျား​လေး ပုဆိုးစမဟုတ်​ပဲ မိန်းက​လေး ထမီအစ။ ​ခြေထိပ်​ဖျားနီနီ​လေးနဲ့ ခပ်​သင်းသင်းနို့နံ့​လေး​ကြောင့်​ သိလိုက်​ပြီ ဒါဟာသူ့ရဲ့ သည်းသက်​ညှာ​လေး။ ​မျက်​၀န်းနက်​​တွေထဲက ဂလက်​စီ​လေးကို အနီးကပ်​သာကြည့်​မိရင်​ အသက်​ပါသွားနိုင်​တာမို့ ph screenကိုအလင်းအနဲငယ်​​လျှော့လို့ ခိုး​ငေးသည်​။ အပြုံးရယ်​သိပ်​မရှိတဲ့ ကပ်​စီးကုပ်​မ​လေးမို့ ရီးစားဖြစ်​ရင်​ အမြဲထိုင်​ပြုံး​နေ​အောင်​၀ျိုကာ​လေးလုပ်​​ပေးဖို့​တေးမှတ်​မိသည်​။ ချစ်​​ကြောင်းဖွင့်​မ​ရေ​သေး​ပေမဲ့ ခန့်​ညားမှာ ပိုင်​ဆိုင်​ချင်​စိတ်​အပြည့်​။

"စားပါအုံး"

ချစ်​​သောမျက်​ရှု​လေးက သ​ဘောမ​နော​ကောင်းစွာ ထမင်းဘူး​သေး​သေးကို အားနာပါးနာ ဖွင့်​​ကျွေး​ပေမဲ့ အားမနာတတ်​သူ ငနဲသားတစ်​စု​ကြောင့်​ ထမင်းဘူး​လေးမှာ မှန်​ကြည့်​လို့ပင်​ရ​အောင်​​ပြောင်​လက်​လို့။ ထမင်းမ၀ ​လောက်​မှာသိတာမို့ အမြန်​ပဲ​ကျောင်းထိပ်​ဆီသို့သွားမိသည်​။ ​ကျောင်းထိပ်​bakery မှ မုန့်​နဲ့ နွားနို့ပူ​လေးက ​ကျောင်းဆင်းချိန်​ထိ​တော့ အချစ်​​ဗိုက်​ပြည့်​​လောက်​မယ်​မလား။ ​ကျောင်းထိပ်​က အတန်​ငယ်​​ဝေးတာမို့ ​ပြေးသွားရတဲ့လမ်းတစ်​​လျှောက်​​ချွေးတို့က ​မြေသို့ခသည်​။ အချစ်​​ဗိုက်​ပြည့်​ဖို့အ​ရေးကိုယ့်​အ​ရေးမို့ ပူ​လောင်​​နေပါ​စေ အ​ရေးစိုက်​မအားခဲ့။ ကြိုတင်​စုံစမ်းထား​သော second yearရဲ့ ခုံတန်းငယ်​​လေး​ပေါ်မှာ sticky note​လေးနဲ့အတူ နို့ဘူးငယ်​နဲ့ ​ပေါင်​မုန့်​ပူ​နွေး​နွေးက​နေရာယူတယ်​။ ဒီ​နေ့​တော့ ​နေ့လယ်​စာ ငတ်​မယ်​ထင်​ပါရဲ့။ အချစ်​သာ ​ဗိုက်​၀ရင် ခန့်​ညားက ဘာမှမစားရလဲ ဖြစ်​တာမို့ အတန်းတက်​ဖို့သာပြန်​ခဲ့တယ်​။ အဲ့​နေ့ကကန်​တင်းမှာ ​အေးစက်​သွားတဲ့အစားအစာပိုင်​ရှင်​မဲ့အစားအစာအချို့ရှိခဲ့တယ်​။

My girl look like strawberry❤❤[Completed]Where stories live. Discover now