Strawberry(5)

714 57 4
                                    

"အင့်​"

ကားမှတ်​တိုင်​​မှာ ကားစောင့်​စဉ်​ လက်​ထဲ​ရောက်​လာတဲ့ ခပ်​​သေး​သေးဘူး​လေး။ သိ​နေပြီးသားမို့ ရတု လက်​ကမ်းလို့ယူလိုက်​သည်​။ ရ​နေကျစ​တော်​ဘယ်​ရီ​လေး​တွေကို ခြမ်းလို့ထည့်​ထားတဲ့ ဘူးအ​သေး​လေးက ​ရေခဲဓာတ်​​ကြောင့်​​အေးစက်​စက်​။ လည်​ကုပ်​​လေးကို ပွတ်​လို့ ရှက်​​နေတဲ့ အသားညိုညို ​ကောင်​​လေး​ကြောင့်​ ရတု ခိုးပြုံးမိသည်​။ ဒီ​ကောင်​ငယ်​​လေးက လမ်းမထက်​မှာသူမကျုရန်​စွာခဲ့စဉ်​ကနဲ့မတူစွာ သိပ်​ချစ်​ဖို့​ကောင်းလွန်းတယ်​။ ကားမှတ်​တိုင်​​လေးက​တော့ ရှက်​ပြုံးပြုံး​နေတဲ့ အညို​ကောင်​​လေးနဲ့ နားရွက်​​လေး​တွေရဲ​နေတဲ့ ​ကောင်​မ​လေး​ကြောင့်​ အချစ်​​ရောင်​စဉ်​​လေး​တွေဖြာလို့။

"​ရေ​လောင်းလို့ရမလား"

ပထမနှစ်​ king​ကောင်​​လေးမို့ သ​ဘောကျသူလှပျိုဖြူအချို့က ဒုနဲ့​ဒေး။ သို့​သော်​ king​ကောင်​​လေးရဲ့ နှလုံးသား​လေးက ပိုင်​ရှင်​​လေးနဲ့​ဆိုတာ​တော့ မိန်းမပျိုငယ်​တို့မသိနိုင်​ရှာ။

"မရဘူး ​ဗျ"

ခေါင်းယမ်းလို့​ပြောရင်း ပြုံးပြလိုက်​သည့်​အခါ ​ပေါ်လာတဲ့ အစွယ်​​လေး​ကြောင့်​ ကျန်​ရစ်​သူတို့ငုတ်​တုတ်​​မေ့ကုန်​ကြသည်​။ လက်​ထဲက ​ရေဘူးငယ်​က ခပ်​ချိုချို စ​တော်​ဘယ်​ရီနဲ့ နို့နံ့​လေးသင်း​နေတဲ့ ​ရေ​မွှေး​နံ့​လေးပျံ့လွင့်​လို့။ စိတ်​ပျက်​စွာကျန်​ရစ်​ခဲ့တဲ့ မိန်းမပျို​တွေကို​တော့အားနာရဲ့။ သူငယ်​ချင်းအချို့ရဲ့ ပစ်​တင်​စကား​တွေကိုကြား​ပေမဲ့ ခန့်​ညားအတွက်​က ခပ်​လှလှလိပ်​ပြာ​တွေထက်​ နီရဲရဲကြွတ်​ဆပ်​ဆပ်​ စ​တော်​ဘယ်​ရီ​လေးကိုမှသ​ဘောကျမိ​တော့လည်းအခက်​သား။ သူမ သိသည်​ဖြစ်​​စေ မသိသည်​ဖြစ်​​စေ တခြားသူနဲ့မပက်​သတ်​လိုတဲ့ ဒီ​ကောင်​ကြီးရဲ့နှလုံးသားမှာ သူမတစ်​ဦးတည်းကသာ ပင်​တိုင်​စံဘုရင်​မ။ ဘာစကားကိုမဆို အမိန့်​လို ဦး​ဆွေးဆံ​မြေ့ထမ်းရွက်​လိုတာမို့ ဘုရင်​မ​လေးသာ အလိုရှိရင်​ နှလုံးသားကအစ ဒီလူက ထုတ်​​ပေးချင်​တာမျိုး။ ငါ့ကို ဦးစား​ပေးတဲ့သူကိုပဲသ​ဘောကျတာတဲ့။ ခပ်​တိုးတိုးစကားက တိုက်​ရိုက်​လာ​ပြောခြင်းမဟုတ်​​ပေမဲ့ ​လေ လွင့်​ရာက​နေကြားလာခဲ့ရ​ပေမဲ့ ဒီလူ့ရဲ့ဦးစား​ပေးဆိုတဲ့ listမှာ သူမကသာ ပြိုင်​ဘက်​မရှိတစ်​ဦးတည်းဖြစ်​ခဲ့တာ။ friend listမှာကအစ ဒီလူ့ရဲ့နှလုံးသားမှာအဆုံး တစ်​ဦးတည်း​သော မိန်းက​လေးဆိုတာ သူမ ရိပ်​မိမလားမသိ​ပေမဲ့ လာaddသမျှ မိန်းက​လေး​တွေကို လက်​မခံတာမို့ ဒီလူက အ​ချေ​ကောင်​ကြီးလို့ နာမည်​ထွက်​​​နေတာကို​တော့ သိနိုင်​မယ်​ထင်​ရဲ့။ ​ပေါ့​ပျက်​ပျက်​ က​လေးတစ်​​ယောက်​လို စိတ်​ကစားမှု့လို့ ထင်​မှတ်​မှာစိုးတာမို့ ဖွင့်​မ​ပြောရ​သေးတဲ့ ချစ်​စကား​တွေအ​ကြောင်း မျက်​၀န်း​တွေရဲ့ ​ပြောစကားအရ​တော့ ခင်​​ဗျား​လေးက သိ​ပေးမယ်​ဟုတ်​။

My girl look like strawberry❤❤[Completed]Where stories live. Discover now