Strawberry(2)

1K 58 20
                                    

ဒီ​နေ့လဲ ခန့်​ညားbusပဲစီးဖြစ်​ပြန်​တယ်​။ ပြန်​​တွေ့ရမလားဆိုတဲ့ရည်​ရွယ်​ချက်​​လေး မပါတာ​တော့ယုံ​ပေးကြမယ်​မလား။ ဒီတိုင်း ဖယ်​ရီမစီးချင်​လို့busစီးတဲ့သ​ဘောပါပဲ။ ပုံမှန်​ထက်​ မှတ်​တိုင်​ကို ​စော​ရောက်​တာမို့ စီးရမည့်​ကား​တွေက​ချောင်​​ချောင်​ချိချိ ။ တစ်​စီးပြီးတစ်​စီးဖြတ်​သွား​ပေမယ့်​ စီးချင်​တဲ့ကားမ​တွေ့တာမို့ မှတ်​တိုင်​မှာအကြာကြီး​စောင့်​​နေခဲ့​ပေမဲ့ စီးချင်​တဲ့ကား​လေးကို​တော့ဖြင့်​မ​တွေ့ခဲ့။ စ​တော်​ဘယ်​ရီမ​လေး ​ကျောင်းများမလာဘူးလား။

"မင်္ဂလာပါ အကိုတို့က ညီ​လေးတို့ညီမ​လေးတို့ရဲ့စီနီယာ​တွေပါ"

စကားနိဒါန်းပျိုးလို့ ၀င်​လာသူစီနီယာအကို အမ​တွေက ​မေဂျာနဲ့ပတ်​သက်​သမျှအလုံးစုံကိုရှင်းပြကြတယ်​။

"ဒီနှစ်​အတွက်​ selection​တစ်​ခါထဲပဲ​ရွေးသွားရ​အောင်​"

စီနီယာအကိုကြီးရဲ့စကားအဆုံး အတန်းထဲက ​ကောင်​မ​လေး​တွေက ​လှုပ်​လှုပ်​ရှားရှား။ welcomeမှာ queenဖြစ်​ဖို့အ​ရေး မီတို့အ​ရေးဆိုသလို မျက်​လုံး​တွေက အ​ရောင်​​လေး​တွေ​တောက်​လို့။ ​majorတစ်​ခုလုံးရဲ့အလှဆုံးဆိုတဲ့ဂုဏ်​ချီးမြှင့်​ခံရမှာပဲ မ​ဖြစ်​ချင်​တဲ့သူဘယ်​ရှိပါ့မလဲ။ ထူးဆန်းစွာပဲ ခန့်​ညားစိတ်​ထဲမှာ စတိတ်​​ပေါ်​ခေါ်တင်​ထားတဲ့ ​ချောလှပါရဲ့ဆိုတဲ့ အတန်းထဲကအမျိုးသမီး​တွေကို မမြင်​မိပဲ ပါဝါမျက်​မှန်​ထူထူနဲ့အသံစွာစွာ​လေးကိုပဲ မြင်​​ယောင်​​နေခဲ့တယ်​။ ထူးဆန်းပါတယ်​ သူမအ​ကြောင်းစဉ်းစားတိုင်း အခုန်​မြန်​လာတဲ့နှလုံးက ​ရောဂါရ​နေတာဖြစ်​​ကောင်းပါရဲ့။

"ဟို​ကောင်​​လေး"

ခန့်​ညားရှိရာကို လက်​ညှိုးထိုးလို့ စီနီယာအမက​ရွေးတာမို့ sellectionဆိုတဲ့ အ၀န်းဝိုင်းထဲ သူပါခဲ့ပြန်​တယ်​။ ကိစ္စမရှိပါဘူး။ ​နောက်​မှနှုတ်​ထွက်​လိုက်​မယ်​လို့ပဲစဉ်းစားမိတယ်​။ ခန့်​ညားက လူ​တွေဝိုင်းကြည့်​ခံရတာကိုမကြိုက်​ဘူး။

"ည​နေ main​ဆောင်​က hallခန်းမဆီလာ​ပေးကြပါ က​လေးတို့"

ပြောပြီးထွက်​သွားတဲ့စီနီယာ​တွေ အပြင်​​အ​ရောက်​ အတန်းထဲကလူ​တွေလဲအလျိုလျို ကန်​တင်း​ပြေးကြတယ်​။ တက္ကသိုလ်​ရဲ့ လွပ်​လတ်​မှု့ဆိုတာ ဒါမျိုးထင်​ပါရဲ့။ high schoolတုန်းကလို ဆရာမ​တွေရဲ့ဆူပူမှု့မ​ပြောနဲ့ ဆရာမ​တွေကိုမြင်​ဖူးဖို့ပဲခက်​ခက်​ခဲခဲ။

My girl look like strawberry❤❤[Completed]Where stories live. Discover now