Extra

1.2K 84 18
                                    

တဖွဲဖွဲကျ​နေတဲ့မိုးစက်​​လေး​တွေကို လက်​ဖ၀ါးနဲ့ ခံယူရင်း ​လေ​ငွေ့​နွေး​နွေးအချို့်ကို ခပ်​ဖွဖွ မှုတ်​ထုတ်​မိတယ်​။ မိုးရွာ​နေပြန်​ပြီပဲ။ ထီးယူပျင်းတာ မှီ့ အကျင့်​မို့ ဒီ​နေ့လဲထီးမပါခဲ့ပြန်​ဘူး။ အပါး​တော်​မြဲ​လေးရဲ့ အလိုက်​သိမှု့​တွေ​ကြောင့်​ မှီဟာ ငပျင်း​လေးလုံးလုံးကို ဖြစ်​ခဲ့ပြီ။ ပုံမှန်ဆိုအလုပ်​အပြန်​တိုင်းလာကြိုတတ်​​ပေမယ့်​ ဒီ​နေ့​တော့ ​နေမ​ကောင်းတဲ့​ကောင်​​လေးက အလုပ်​​တောင်​မသွားနိုင်​မို့ သူမကိုလာကြိုနိုင်​မယ်​မထင်​ဘူး။ ဖိုင်​အချို့ကို လုံ​အောင်​အိတ်​ထဲသိမ်းဆည်းရင်း မိုးရွာထဲကကားဂိတ်​ဆီဖြတ်​​ပြေးဖို့စဉ်းစားလိုက်​တယ်​။ ​ခြေနှစ်​လှမ်း​လောက်​ပဲ လှမ်းရုံရှိ​သေး ​မိုး​ရေစက်​​တွေကျလာရမယ့်​အစား လုံခြုံ​စေတဲ့အမိုးအကာ​လေးကျလာတာမို့ ​ဘေးဘက်​ကိုကြည့်​မိ​တော့ အင်္ကျီအကွက်​​လက်​ရှည်​​လေးနဲ့​ကောင်​​လေးက သူမကိုမျက်​​မှောင်​ကြီးကြုံ့လို့ကြည့်​​နေတယ်​။ အဆူခံရမယ့်​လက္ခဏာမို့ မျက်​နှာချို​သွေးရင်း သွား​လေးဖြီးပြ​လိုက်​​တော့ ပိုလို့ဆူပုပ်​သွားတဲ့မျက်​နှာနုနု​လေး။ အဖျား​သွေး​ကြောင့်​အနဲငယ်​ နီချင်​​နေတဲ့မျက်​နှာ​လေး​ကိုကြည့်​ရင်း စိုးရိမ်​တကြီး နဖူးဆီလှမ်းစမ်းမိ​တော့ ကမ်း​နေတဲ့လက်​နဲ့အနားနီးရာကိုတိုးလာတယ်​။ ဘယ်​​လောက်​ပဲစိတ်​ဆိုးပါ​စေ အလိုက်​သိလွန်းတဲ့​ကောင်​​လေး​ကြောင့်​ တဖက်​လှည့်​လို့ပြုံးမိတယ်​။ ဒီ​ကောင်​​လေးရဲ့ချစ်​ခြင်းခံရတာသူမအတွက်​​တော့ ကံ​ကောင်းခြင်း​လေး။

"ဘာလို့ ထီးမယူသွားတာလဲ"

ကား​ပေါ်​ရောက်​မှ စကား​မေးလာတဲ့​ကောင်​​လေးက လူကြားထဲမှာ ဘယ်​​လောက်​ပဲစိတ်​ဆိုးပါ​စေ သူမကိုလူအထင်​အမြင်​​​သေးခံရမှာစိုးလို့ အသံကျယ်​​တောင်​မထွက်​တတ်​တဲ့​ကောင်​​လေး။

"​မောင့်​​ကြောင့်​​ပေါ့"

သုံးနှုန်းလိုက်​တဲ့နာမ်​စား​ကြောင့်​ ​ပြေ​လျော့သွားတဲ့မျက်​နှာ​ကြော​ကြောင့်​ပြုံးလိုက်​မိတယ်​။ မှီ့​ကောင်​​လေးက က​လေးဆိုး​လေး။

My girl look like strawberry❤❤[Completed]Where stories live. Discover now