
15.5K 274 10
                                    

မီးသဂြိုလ်နေသည့် မိခင်အလောင်းကိုကြည့်ကာ ငိုကြွေးနေသည့် ၁၀နှစ်အရွယ်ကလေးငယ်ကိုကြည့်နေမိသည်။ မိဘတွေကအဲ့လိုပဲမွေးထားပြီးတူမတူအောင်မေတ္တာတွေပေး ချစ်ပါတယ်ဟုဆိုကာ တကယ်တမ်းမေတ္တာကိုခံစားတတ်လာတော့မှ တစ်ကိုယ်ကောင်းဆန်ဆန်ထားပစ်ခဲ့ကြသည်။ ဒါတွေကကိုယ်သတ်မှတ်ထားသည့် မိဘဆိုသည့်လူသားတွေပင်။ ထိုကလေးအတန်ကြာငိုကြွေးနေသည်ကို ရပ်ကြည့်နေပြီးမှအနားကိုသွားကာ မုဆိုးဒူးထောက်ထိုင်လိုက်ကာ
.မငိုနဲ့တော့.
.ဟင့်.
.လောကကြီးမှာ ဘယ်အရာမှအလကားမရဘူး ကိုယ့်မှာရှိတာတွေကိုလည်းအလကား မဖြုန်းပစ်န့ဲ မင်းမျက်ရည်တွေလိုပေါ့ .
.ဟင့်.
.ဒီလောက်ငိုရင် လုံလောက်ပြီ အခုတိတ်တော့.
အမိန့်ပေးလိုက်သည်နှင့်ငိုနေသည့်ထိုကလေးက ချက်ချင်းတိတ်သွားပေမယ့် ရှိုက်သံလေးတွေထွက်ကာမျက်ရည်လေးတွေကတော့ အသံတိတ်စီးကျနေသည်။ အသံထွက်မှာစိုးကာနှုတ်ခမ်းလေးတွေဖိကိုက်ထားပြီး တင်းခံထားသည့်ထိုကလေးက ကိုယ့်အိမ်တော်ကြီးရဲ့ အစေခံသားလေး။ တစ်အိမ်လုံးကဖိန့်ဖိန့်တုန်အောင်ကြုက်ရပြီး မော်မကြည့်ရဲတဲ့ကိုယ့်ရှေ့ကိုမဆိုင်တဲ့သူလည်း ဘယ်တော့မှ ပေါ်မလာရဲတာမို့ ထိုကလေးကိုလည်း အစေခံကြီးဆုံးမှပင်မြင်ဖူးလေသည်။
.မင်းနာမည်ဘယ်လိုခေါ်လဲ.
.ရင့် အရင့်ရောင်ပါ.
.သေချာပြောစမ်း မင်းမိန်းမလားယောကျာ်းလား.
.ယောကျာ်းလေးပါ.
.ဒါဆိုယောကျာ်းလိုပြော.
.ဟုတ်.
.နာမည်ပြန်ပြော.
.အရင့်ရောင်ပါ.
.ဟုတ်ပြီ ငါကနေတံခါး အခုကစပြီးမင်းသခင်ကငါဆိုတာမှတ်ထား.

🌸🌸🌸🌸
.ပြန်လာပါပြီလား သခင်.
လက်ထဲကအိတ်ကလေးကိုဆွဲယူကာ ကြိုလာသည့်ကောင်လေးကလွန်ခဲ့သည့် ၆နှစ်ကထိုင်ငိုနေသည့်ကောင်လေးပုံစံမဟုတ်တော့။ လူပျိုပေါက်အရွယ်မို့ အနည်းငယ်ပြောင်းလဲနေပေမယ့်နီရဲရဲပါးမို့လေးတွေကအရင်အတိုင်းမပြောင်းလဲ။ ကိုယ်ကတော့ အသက်၃၀ပင်ဖြစ်နေပြီမို့ အရင်ကထဲက လူကြီးပုံစံဖြစ်နေသည့်ကိုယ်က အခုပိုလို့ပင်လူကြီးဆန်နေသည်။ အခန်းထဲရောက်တော့မှ ကိုယ့်ကုတင်ပေါ်မှာ လဲလျောင်းနေသည့်ဝန်ကြီးရဲ့သား ဘုန်းမာန်ခကိုတွေ့လိုက်ရလေသည်။ နောက်မှာကပ်ပါလာသည့်သူ့ကိုလှည့်ကြည့်လိုက်တော့ ထိုကောင်လေးကခေါင်းကိုပိုငု့ံလိုက်ကာ
.သခင်လေးမာန်ခကသူရောက်နေတယ်ဆိုတာမပြောပါနဲ့လို့ပြောထားလို့ပါ.
.မင်းကငါ့ကျွန်လား သူ့ကျွန်လား.
.တောင််းပန်ပါတယ်.
.ဘာမှဟုတ်တာလည်းမဟုတ်ဘဲနဲ့ ကိုနေရယ်ဆူမနေပါနဲ့တော့ မာန်ကကိုနေအံသြသွားအောင် မပြောခိုင်းလိုက်တာပါ ကိုယ့်ရဲ့ရှေ့နေကြီးပြန်လာရင်အမောပြေသွားအောင်လို့ လာကြိုစောင့်နေတာပါ.
ကိုယ့်အနားကိုရောက်လာကာ ပခုံးပေါ်လက်တွေတင်ရင်းပြောလာသည့် မာန်ခကြောင့်ဘောင်းဘီအိတ်ကပ်တွေထဲလက်ကိုထိုးထည့်လိုက်ကာ
.ဒါပေမယ့်ကိုယ်အမောမပြေဘူး.
.ဟင်.
.နောက်တစ်ခါကိုယ့်အခန်းထဲခွင့်မတောင်းဘဲမဝင်ပါနဲ့.
.ကိုနေကလည်း သူစိမ်းဆန်လိုက်တာ sexအတူ
တူလုပ်ခဲ့ကြတဲ့ဆက်ဆံရေးကို ဘာလို့အဲ့လောက်သူစိမ်းဆန်နေရတာလဲ.
.အဲ့ထက်မပိုဘူး.
.ဟင်.
.တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးနေတဲ့ sexဆက်ဆံရေးထက်မပိုခဲ့ဘူး ဒါကြောင့် နောက်ဆိုစည်းကျော်တာတွေမလုပ်ပါနဲ့  စည်းကျော်တယ်ဆိုတဲ့ထဲမှာ ဒိီလိုအခန်းထဲဝင်တာတွေလည်းပါတယ် ကျေးဇးူပြုပြီးထွက်သွားပေးပါ.
.ကိုနေ ဘယ်လိုပြောလိုက်တယ်.
.ကိုယ်စကားကိုနှစ်ခါမပြောတတ်တာမင်းသိပါတယ်.
.တောက်.
မယုံကြည်နိုင်စွာကိုယ့်ကိုသေချာစွာငေးစိုက်ကြည့်နေသည့် သူ့မျက်ဝန်းတွေကိုပြန်ငေးစိုက်ကြည့်ပစ်ပြီး လက်တွေကိုဖြုတ်ချပစ်လိုက်လေတော့ သူကလက်သီးကိုတင်းတင်းဆုပ်ကာ ကိုယ့်ရှေ့ကနေထွက်ခွာသွားလေတော့သည်။
.သြော် မာန်.
ကိုယ့်ခေါ်သံကြောင့်အပေါက်ဝနားရောက်မှ မာန်ကလှည့်ကြည့်လာလေတော့ သူ့ကိုတစ်ချက်ဆွဲဆောင်မှုရှိစွာပြုံးပြလိုက်ရင်း
.ဒီပိတ်ရက် တွေ့နေကြ အိမ်မှာတွေ့မယ်နော် ဒီတစ်ပတ်ကိုယ်တို့နဲ့အတူတူပျော်ပါးဖို့ နောက်ထပ်တစ်ယောက်ဖိတ်ထားတယ် မင်းအကြိုက်တွေ့မှာပါ.
ကိုယ်ပြောတာကို ဘာမှခွန်းတုန့်မပြန်နိုင်ပဲ တံခါးကိုဖွင့်ကာကြမ်းတမ်းစွာထွက်သွားသည့် သူ့ရဲ့ခြေသံတွေကကြမ်းတမ်းလှစွာ နားထဲမှာခါးသိ်းလှသည်။ ဒီလိုဆူဆူညံညံအသံတွေကိုအရမ်းမုန်းတာပဲ။ ပတ်ဝန်းကျင်မှာတိတ်ဆိတ်သွားသည်အထိ စောင့်နေလိုက်ပြီးမှ သက်ပြင်းရှည်ကြီးကိုချလိုက်ကာ ကိုယ့်ဘေးမှာခေါင်းငုံရပ်နေသည့် ရင့်ဆိုသည့်ကောင်လေးကိုငဲ့ကြည့်ပြီး
.မင်းအပြစ်မင်းသိလား.
.ဟုတ်.
ရင့်က ဝတ်ထားသည့်ဘောင်းဘီအရှည်လေးကို ဒူးပေါ်ရောက်သည်အထိခေါက်တင်ကာ လက်ကလေးတွေက အကျႌအနားစလေးတွေကိုဆုပ်ကိုင်ထားသည်။ ငယ်ငယ်ကလို ကြောက်လို့တုန်ခါနေသည့်ကျောပြင်လေးတွေမရှိတော့ဘဲ ကျောပြင်သေးသေးလေးရယ် ကျရောက်လာမည့်အရာကိုခံနိုင်ရန် အားယူထားသည့်လက်သီးဆုပ်ကလေးတွေကအစားထိုးလာသည်။ ကိုယ့်ကိုကျောပေးကာရပ်နေသည့် ရင့်အနားတိုးကပ်သွားရင်း ခါးမှာရှိနေသည့်ခါးပတ်ကို ဆွဲချွတ်လိုက်ပြီး ရင့်ရဲ့ခြေသလုံးလေးတွေကိုလွဲှရိုက်လိုက်လေသည်။
.အင့်.
ငယ်ငယ်ကထဲကအမှားလုပ်မိပြီဆို ထိုသို့အပြစ်ပေးနေကျဖြစ်သည့်အပြင်အသံထွက်ရင်ပိုရိုက်လေ့ရှိတာမို့ ရင့်အသံမထွက်ဘဲ အကျႌစတွေကိုသာဆုပ်ကိုင်ထားရင်း ရိုက်သည့်အချက်တိုင်းကိုအံကြိတ်ခံနေလေသည်။ ကိုယ့်အခန်းထဲဘေးလူဝင်ရင်မကြိုက်မှန်းသိရဲ့နဲ့မတားခဲ့သည့် သူ့ကိုအပြစ်ပေးသင့်သည်။ ဒီအခန်းထဲကိုသူနဲ့ကိုယ်နှစ်ယောက်သာဝင်ထွက်ခွင့်ရှိတာကို သိရဲ့သားနဲ့ဘေးသူစိမ်းကိုပေးဝင်ခဲ့သည့်အတွက်အပြစ်ရှိသည်။
.ပြော မင်းကိုဘာလို့အပြစ်ပေးတာလဲ.
.ရွှမ်း.
.သခင့်အခန်းထဲ သူစိမ်းဝင်တာကိုမတားမိလို့ပါ.
.ပြီးတော့ရော.
.သူစိမ်းန့ံတွေရနေတဲ့ အခန်းကိုသခင်သဘောမကျတာသိရဲ့နဲ့ မတားခဲ့မိလို့ပါ.
.ပြီးတော့ရော.
....
.မေးနေတယ်လေ ပြီးတော့ရော.
မေးလည်းမေး အားဖြင့်လည်းလွဲရိုက်ခြင်းခံနေရတာမို့ အားတင်းရင်းဖြေနေရသည့် ရင့်ကထပ်မဖြေနိုင်ပဲအံလေးတင်းနေအောင်ကြိတ်ထားပြီးမှ မျက်ဝန်းလေးတွေကိုဖိမှိတ်ကာ
.သခင့်ကုတင်ပေါ် တက်နေစေမိလို့ပါ.
.ဘုတ်.
အချက်ပေါင်းများစွာလွဲှရိုက်ပြီးတော့မှ ခါးပတ်ကိုလွှတ်ချပစ်လိုက်ကာ နောက်ကဆိုဖာမှာခြေချိတ်ထိုင်လိုက်တော့ ရင့်က ခြေရင်းမှာဒူးလေးထောက်ကာလာထိုင်သည်။
.ဒီနေ့ညချက်ချင်းအခြားအခန်းကို သွားပြင်ဆင် ဒီအခန်းမှာရှိတာတွေလည်းအကုန်အသစ်လဲပစ်ပြီး ဧည့်သည်လာရင်နေဖို့အလွတ်ထားလိုက်တော့.
.ဟုတ်ကဲ့ပါ.
.ငါ့အခန်းအတွက်ပြင်ဆင်တာကိုမင်းကိုယ်တိုင်ပဲလုပ်.
.ဟုတ်ကဲ့ပါ.
.သွားတော့.
.ဟုတ်ကဲ့ပါ သခင်.
မနည်းအားယူထရင်း ဖြေးညှင်းစွာလမ်းလျှောက်သွားသည့် ရင့်ဆိုသည့်ကောင်လေးကိုမျက်တောင်မခတ်ကြည့်နေလိုက်မိသည်။ ငယ်ငယ်ကထဲက အနားမှာထားပြီး သည်လောက်သင်ထားတာတောင်အမှားကလုပ်နေတုန်း တောက်။

တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်Where stories live. Discover now