တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ် ၁၂

4.2K 162 49
                                    

ကိုယ့်ကို အကျႌဝတ်ပေးနေသည့် ရင့်ရဲ့မျက်နှာကခါတိုင်းထက်ပင်ပိုလို့ တည်တင်းနေကာအကြည့်တွေကိုပိုပြီးရှောင်နေတာကိုသိသည်။ စကားနည်းသည့်သူက အခုပိုလို့ပင်တိတ်ဆိတ်သွားတာမို့ မျက်မှောင်ကြုတ်လိုက်မိသည်။

.ပြီးပါပြီသခင် ကျနော်အောက်ထပ်မှာပဲစောင့်နေပါ့မယ်.

.ရင့်.

.သခင်.

ကျူးရင့်ရဲ့လက်ကိုဆွဲဆောင့်ယူထားလိုက်တော့ သူကကိုယ့်ရင်ခွင်ထဲရောက်မလာစေရန် ကိုယ်ကိုတောင့်ထားပြီးပြန်ထူးလေသည်။ သူ့လက်ကိုပိုဖိဆွဲလိုက်မိကာ

.မာန်ပြောလိုက်တဲ့စကားတွေကြောင့်အခုလိုဖြစ်နေတာလား.

.မဟုတ်ပါဘူးသခင်.

.ဘာကိုမဟုတ်ရမှာလဲ မင်းပုံစံကဒီလောက်ထိသိသာနေတာကို ငါကမင်းသခင်ဆိုတာကိုရောသတိရသေးရဲ့လား.

.သိသာနေတယ်ဆိုရင်တောင်းပန်ပါတယ်သခင် ဒါပေမယ့်သခင်မာန့်ကြောင့်တော့မဟုတ်တာတကယ်ပါ.

.ဘာပြောတယ်.

.သခင်အရင်တစ်ခါကလည်း ကျနော့်ကိုဒီလိုစကားတွေပြောခဲ့ဖူးတာပါပဲ အဲ့ကထဲကသခင်ကျနော့်အပေါ်ညစ်ညမ်းတဲ့စိတ်တွေရှိနေတယ်ဆိုတာကျနော်သိတယ်.

.အဲ့ဒီညစ်ညမ်းတဲ့စိတ်တွေက ဘာလို့ရှိနေတာလဲသိလား.

.သခင့်မှာညစ်ညမ်းတဲ့စိတ်အတွက်အကြောင်းပြချက်ဆိုတာရှိလို့လား.

.ဟက်.

ကိုယ့်ကိုတည့်တည့်စူးစိုက်ကြည့်ကာ ပြန်မေးလိုက်သည့်ကျူးရင့်ကြောင့် ခနဲ့သလိုရယ်ချလိုက်မိလေသည်။ ဒီကောင်လေးကိုအကြောတင်းပုံစံလေး သွင်းခဲ့မိတာမှားသွားပြီထင်သည်။

.ပြောပါဦး မင်းရဲ့အထင်လေး.

.သခင့်အနားကယောကျာ်းတိုင်းနဲ့သခင်အိပ်နေတာပဲလေ ကျနော့်ကိုသခင်ညစ်ညစ်ညမ်းညမ်းတွေးနေတယ်ဆိုတာ အ့ံသြစရာကောင်းတဲ့ကိစ္စမှမဟုတ်တာ ဒီလိုနေ့ရောက်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ.

.အဲ့တော့ငါကမင်းကိုလည်းအခြားသူတွေလိုပဲ ဘာအကြောင်းပြချက်မှမရှိပဲ မင်းနဲ့sexချင်တယ်လို့ပဲတွေးနေတယ်ပေါ့.

တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်Where stories live. Discover now