.သုရှင်ရှား.
.ဗျာ.
အိမ်ရောက်တာနဲ့ကားပေါ်ကပြေးဆင်းသွားသည့် သူ့ကိုခေါ်လိုက်လေတော့ သူကနောက်ကိုပြန်လှည့်ကြည့်လာပေမယ့် အနားကိုရောက်မလာတာမို့ သက်ပြင်းချကာကိုယ်ကပဲအနားကိုသွားလိုက်ရသည်။
.ရော့.
လက်ထဲက ပိုက်ဆံအထပ်လိုက်ကိုငု့ံကြည့်ပြီး သုရှင်ရှားကကိုယ့်ကိုပြန်မော့ကြည့်လာလေသည်။
.ဒါ ဘာအတွက်လဲဦးနေ.
.ဒီနေ့ကိုယ်နဲ့လိုက်ခဲ့တဲ့အတွက် လုပ်ခပေးတာ ဘယ်လိုပဲဖြစ်ဖြစ် မင်းကကိုယ့်အိမ်ကအလုပ်သမားပဲမလား အဲ့တော့ထိုက်သင့်တဲ့လစာတော့ပေးရမှာပေါ့.
.ဒီလိုသဘောနဲ့ပေးတယ်ဆိုလည်း သားအတွက်လိုတာတွေဝယ်ဖို့ယူလိုက်ပါ့မယ် ဒါပေမယ့်ဒီလောက်အများကြီးမလိုချင်ပါဘူး.
.ယူထားလိုက်အရမ်းပင်ပန်းနေပြီ နားတော့မယ်.
.ဟုတ် ဟုတ်ကဲ့.
သူ့ရင်ဘတ်မှာပိုက်ဆံထုပ်ကိုကပ်ပေးလိုက်တော့ လက်ဖြင့်ထိန်းကိုင်ထားရင်းယူထားကာ ကျန်နေခဲ့လေသည်။ကိုယ်ကတော့အောက်ထပ်ကကျူးရင့်ရဲ့အခန်းထဲကို ဝင်လာခဲ့လိုက်သည်။ အခန်းထဲဝင်လိုက်တော့မီးကမှောင်မနေပဲ လင်းနေကာကျူးရင့်ကလည်း ကုတင်ပေါ်မှာလက်ပိုက်ထိုင်နေလေသည်။ ကိုယ်ပြန်မလာမချင်းအိပ်မှာမဟုတ်တာကိုသိတာမို့ တစ်ချက်ပြုံးလိုက်မိသည်။ ကျူးရင့်က ထလာကာကိုယ့်ရဲ့ကုတ်အကျႌကိုချွတ်ပေးလိုက်ပြီး
.ဘာလို့မခေါ်တာလဲဆိုတာ အခုရောဖြေလို့ရပြီလားသခင်.
.အခုရောဘယ်နေရာကနေမေးတာလဲ.
.သခင်ဘယ်နေရာသွားသွား အမြဲခေါ်သွားတတ်တဲ့ အတွင်းရေးမှုးနေရာကမေးနေတာ.
.မလိုလို့ မခေါ်သွားတာပေါ့.
.ကလေးရဲ့အဖေကဦးနေတံခါးပါဆိုပြီး ရုတ်တရက်ကြီးခြံရှေ့မှာ ကလေးတစ်ယောက်ပိုက်ပြီးရောက်ချလာတဲ့အဲ့ဒိလူကတော့ ဒီလိုအရေးကြီးတဲ့ပွဲကိုအတူတူတက်ဖို့ လိုအပ်သွားတယ်ပေါ့သခင်.
.ကိုယ်လုပ်တာမှန်သမျှကို မင်းမေးခွန်းပြန်ထုတ်ပိုင်ခွင့်မရှိဘူးကျူးရင့်ရောင် ဘယ်အနေအထားကဖြစ်ဖြစ် ကိုယ့်ဘက်ကမဖြေချင်ရင်မင်းဘက်ကလည်းတိတ်တဆိတ်ပဲနေပေးရမယ်.
YOU ARE READING
တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်
Novela JuvenilOC Fic အကြမ်းလေးမို့ ကြို်တင်Warning ပေးထားပါတယ်နော်