ပါတီပွဲထဲမှာ အတူတူလာတွေ့နေသည့် သခင့်အဖေကိုမျက်နှာပြောင်ပြောင်ပဲ ပြုံးပြလိုက်လေတော့ကိုယ့်ကိုတမင်စိုက်ကြည့်လာပြီးမှ ဂရုမစိုက်သလိုတစ်ဖက်ကိုစောင်းငဲ့သွားသည်။ လေလံပါတီပွဲမို့ တကယ့်စီးပွားရေးသမားတွေလောက်သာတက်ရောက်ကြသည့်ပွဲဖြစ်နေတာမို့ လူအနည်းစုပဲ ရှိလေသည်။ ကိုယ်နဲ့ကိုလင်းထက်နဲ့အတူတူထိုင်နေကာ ကိုယ်နဲ့မျက်နှာချင်းဆိုင်စားပွဲမှာ သခင်တို့သားအဖနှစ်ယောက်ကထိုင်နေလေသည်။ ဒါကြောင့်သတင်းသမားတွေနဲ့ အခြားစပ်စပ်စုစုစီးပွားရေးသမားများက ကိုယ်နဲ့သခင့်အခြေအနေကိုအကဲခတ်နေကြလေသည်။ ထို့ကြောင့်ကိုယ့်အကြည့်တွေကို သိသိသာသာဖြင့်သခင့်ဆီကို ဦးတည်နေလိုက်သည်။
.ဒီတစ်ခါကတော့ ပစ္စည်းလေလံဆိုတာထက် ဈေးကွက်တစ်ခုလို့ပြောရင်ပိုအဆင်ပြေမယ်ထင်တယ်ဗျ မိုးရာသိီလည်းရောက်တော့မှာဆိုတော့ ပြင်သစ်ကကမ်ဘာကျော်ဒီဇိုင်နာကြီးတစ်ယောက်ရဲ့လက်ရာတွေကို ဝယ်ယူပြီးနိုင်တဲ့ကုမ္ပဏီက ကိုယ့်ရဲ့တံဆိပ်အဖြစ်ပြောင်းလဲတပ်ခွင့်ရမှာပါ.
စင်ပေါ်ကလူကပြောလာသည့်စကားသံတွေကို ပြန်ပြီးအာရုံစိုက်နားထောင်လိုက်လေသည်။ ထိုဈေးကွက်ကတစ်ချီထဲနဲ့အောင်မြင်သွားနိုင်သည့် ဈေးကွက်တစ်ခုဖြစ်တာမို့ အကုန်လုံးရဲ့အကြည့်တွေကလည်းထိုအရာထံသို့သာ စုပြုံနေကြလေသည်။
.ဒီဇိုင်နာကိုယ်တိုင်လည်း ဒီထဲမှာထိုင်နေပါတယ်ခင်မျ ဒါကြောင့်ဈေးလေးစပြီးခေါ်ပေးပါ့မယ်ခင်မျာ သိန်း၄၀၀၀ကနေစပါ့မယ်ခင်မျ.
.၅၀၀၀.
.၅၅၀၀.
.၆၀၀၀.
.၁၀၀၀၀.
တစ်ဖွဲ့ပြီးတစ်ဖွဲ့ဈေးတွေအပြိုင်အဆိုင်ခေါ်နေကြရင်း သခင့်အသံကြောင့်အကုန်လုံးရဲ့ ဆူညံသံတွေတိတ်ဆိတ်သွားကြလေတော့သည်။ကင်မရာမီးတွေကလည်း သခင့်ဘက်ကိုရောက်သွားကြလေသည်။
.ဟုတ်ကဲ့ ကိုနေတံခါးကတံဆိပ်အတွက် သိန်းပေါင်း၁၀၀၀၀နဲ့လေလံပစ်ထားပါတယ်ခင်မျ ဒီ့ထက်ပိုပေးနိုင်မယ့်ကုမ္ပဏီများရှိပါဥိီးမလား.
YOU ARE READING
တိမ်တွေနဲ့ ပန်းဝင်လာတဲ့ပင်လယ်
Teen FictionOC Fic အကြမ်းလေးမို့ ကြို်တင်Warning ပေးထားပါတယ်နော်